အနုပညာ ပြောင်းလဲမှု အပေါ် ပရိသတ်တွေ လက်ခံဖို့ ရင်ခုန်နေတဲ့ နီနီခင်ဇော်

0
200

“U”တေးစီးရီးမှာ မြင်နေကျပုံ စံမဟုတ်တဲ့ နောက်ထပ်နီနီ တစ် ယောက်ကို မြင်တွေ့ရမယ့်လို့ ပြော လာတဲ့ အဆိုတော် နီနီခင်ဇော်က ဒီသီချင်းအခွေမှာ သီချင်း ၁၂ပုဒ်ပါ ဝင်ပြီး သူမကိုယ်တိုင် ရေးစပ်ထားတဲ့ သီချင်း ငါးပုဒ်ပါဝင်ကြောင်းလည်း ဆိုပါတယ်။ “U”တေးစီးရီးမှာ မြင်နေကျပုံ စံမဟုတ်တဲ့ နောက်ထပ်နီနီ တစ် ယောက်ကို မြင်တွေ့ရမယ့်လို့ ပြော လာတဲ့ အဆိုတော် နီနီခင်ဇော်က ဒီသီချင်းအခွေမှာ သီးချင်း ၁၂ပုဒ်ပါ ဝင်ပြီး သူမကိုယ်တိုင် ရေးစပ်ထားတဲ့ သီချင်း ငါးပုဒ်ပါဝင်ကြောင်းလည်း ဆိုပါတယ်။

“U” တေးစီးရီးထဲမှာ နီနီ တစ်ခါမှ မဆိုဖူးသေးတဲ့ Music အမျိုး အစားတွေပါတယ်။ အခု ရေပန်းစား နေတဲ့ Electron Music ၊ နောက်ပြီး နီနီနဲ့ အတူတွဲပြီး အလုပ်မလုပ်ဖူး သေးတဲ့ တေးရေးဆရာတွေ လည်း ပါတယ်။ နီနီ ကိုယ်တိုင် ရေးထားတဲ့ သီချင်းငါးပုဒ် ပါဝင်ပါတယ်။ ကိုယ် တိုင်ရေးထားတဲ့ သီချင်းတွေကိုတော့ အရမ်းကြိုက် ပါတယ်။ နီနီရေးတာ ကတော့ အရမ်းမတော်ပါဘူး ဒါပမယ့်လည်း မရေးတတ်ရေးတတ် နဲ့ ရေးထားတဲ့အခါကျ တာ့ အနုပညာ က အသစ်လို ခံစားရပါတယ်။ ပြီး တော့ နီနီနဲ့ တစ်ခါမှလည်း သီချင်းတွဲ မဆိုဖူးသေးတဲ့ G-Fatt နဲ့လည်း သီချင်းတစ်ပုဒ် တွဲဆိုထားပါတယ်။ နီနီရဲ့ Red Generation ကနေ ပထမဆုံး ရွေးချယ်လိုက်တဲ့ Annie နဲ့ တွဲဆိုထားတဲ့ သီချင်းတစ်ပုဒ်လည်း ပါဝင်တယ်။ ဒီတေးစီးရီး ကတော့ အရမ်း လည်း ထူးခြားလိမ်မယ့်။ အဲဒါကြောင့် နီနီ ဒီတေးစီးရီးနဲ့ ပတ် သက်လို့ အရမ်း လည်း ပျော်နေတယ်။ အရမ်းလည်းစိတ် လူပ်ရှား နေပါတယ်။ နီနီရဲ့ အနု ပညာပြောင်းလဲမှု တစ်ခုလည်း ဖြစ်တဲ့အတွက်ဒီအနုပညာကို ပရိသတ်တွေ လက်ခံနိုင်ဖို့ အရမ်း ရင်ခုန်ပါ တယ်။ သီချင်းတွေက အ ချစ်၊အလွမ်း၊ အဆွေးသီချင်းတွေပေါ့။ ထူးထူး ခြားခြား လေးတွေနဲ့ နောက်ထပ် နီနီခင်ဇော် တစ်ယောက်ကိုမြင်တွေ့ရမှာပါ” လို့ နီနီခင်ဇ်ာက ပြောပါတယ်။

“U”တေးစီးရီး ထွက်ရှိ ပြီးတဲ့ နောက် သူမရဲ့ အနု ပညာလှုပ်ရှားမှုတွေ အ ကြောင်းကိုတော့ နီနီ ခင်ဇော်က…  “နီနီ နောက်ထပ်နယ် Show တွေသွား ဆိုဖို့ ရှိပါတယ်။ စင်ကာပူ Show တစ်ခုလက် ခံထား တာလည်းရှိတယ်။ စင်ကာပူ Show က နိုဝင် ဘာလ ၄ရက်နေ့ ကျရင်သွားရမှာပါ။ ဖျော် ဖြေမယ့် သီချင်းတွေက တာ့ အခု ထွက်ရှိ မယ့် ‘U’  တေးစီးရီးထဲ က သီချင်းတွေလည်းပါတယ်။ နောက် ပြီးအရင် သီချင်းဟောင်း တွေလည်း သီဆို ဖျော်ဖြေပါမယ်။ ပရိသတ် ကြိုက်နှစ်သက်မယ့် သီချင်းတွေ အားလုံး သီဆိုပေးသွား မှာပါ”လို့ ပြောပြခဲ့ပါတယ်။

 သတင်း- ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here