ဂီတသမားတို့ ပူးပေါင်း ဆောင်ရွက်ကြရမည့် ဂီတ ရွေးကောက်ပွဲ ဒီဇင်ဘာလတွင် ကျင်းပမည်

0
100

မြန်မာနိုင်ငံ ဂီတအစည်း အရုံး(ဗဟို) အလုပ် အမှုဆောင်အဖွဲ့ ရွေးချယ် တင်မြှောက်ပွဲကို ဒီဇင်ဘာ လတွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။ ယင်းရွေးချယ်တင်မြှောက်ပွဲကို ဒီဇင်ဘာလ ၁၁ရက်နေ့တွင် မဟာ ဂီတအလွှာ (ဆို၊တီး)၊ ဒီဇင်ဘာလ ၁၂ရက်နေ့တွင် ကာလပေါ် အလွှာ (ဆို၊ ရေး၊တီး)၊ ဒီဇင်ဘာလ ၁၃ရက်တွင် ခေတ်ပေါ်စတီရီယို အလွှာ (ဆို၊ရေး၊တီး)၊ ဒီဇင်ဘာ လ ၁၄ရက်တွင် ခေတ်သစ်အလွှာ (ဆို၊ရေး၊တီး)၊  ဒီဇင်ဘာလ ၁၅ရက် နေ့တွင် ထုတ်လုပ်၊ ဖြန့်ချိအလွှာနှင့် စက်မှုအလွှာ စသည်ဖြင့်နေ့အလိုက် ရွေးချယ် ဆန္ဒပြုမှုကို နံနက် ၉နာရီမှ ညနေ ၄နာရီအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါရွေးကောက် ပွဲနှင့်ပတ်သက်ပြီး လက်ရှိမြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို) ဒုတိယဥက္ကဋ္ဌဖြစ်သူဦးလွင်မြင့်ကမြန်မာနိုင်ငံ ဂီတအစည်း အရုံး(ဗဟို) အလုပ် အမှုဆောင်အဖွဲ့ ရွေးချယ် တင်မြှောက်ပွဲကို ဒီဇင်ဘာ လတွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။ ယင်းရွေးချယ်တင်မြှောက်ပွဲကို ဒီဇင်ဘာလ ၁၁ရက်နေ့တွင် မဟာ ဂီတအလွှာ (ဆို၊တီး)၊ ဒီဇင်ဘာလ ၁၂ရက်နေ့တွင် ကာလပေါ် အလွှာ (ဆို၊ ရေး၊တီး)၊ ဒီဇင်ဘာလ ၁၃ရက်တွင် ခေတ်ပေါ်စတီရီယို အလွှာ (ဆို၊ရေး၊တီး)၊ ဒီဇင်ဘာ လ ၁၄ရက်တွင် ခေတ်သစ်အလွှာ (ဆို၊ရေး၊တီး)၊  ဒီဇင်ဘာလ ၁၅ရက် နေ့တွင် ထုတ်လုပ်၊ ဖြန့်ချိအလွှာနှင့် စက်မှုအလွှာ စသည်ဖြင့်နေ့အလိုက် ရွေးချယ် ဆန္ဒပြုမှုကို နံနက် ၉နာရီမှ ညနေ ၄နာရီအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါရွေးကောက် ပွဲနှင့်ပတ်သက်ပြီး လက်ရှိမြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ဒုတိယဥက္ကဋ္ဌဖြစ်သူဦးလွင်မြင့်က “ဂီတအစည်းအရုံးက ဂီတသမားအားလုံးအလွှာပါတယ်လေ။ မိုနိုပဲ ပြောပြော၊ စတီရီယိုပဲပြောပြော၊ ကာလပေါ်ပဲပြောပြော၊ ခေတ်သစ်ပဲ ပြော ပြော၊ အားလုံးဟာ ဂီတတစ်ခုတည်းပါပဲ။ တစ်ခုတည်း ပေါင်းစည်းနိုင်ဖို့ အတွက် ဂီတ အစည်းအရုံးမှာ ပေါင်းစည်းရမှာကိုး။ ဂီတအစည်း အရုံးကတော့ အင်အားကြီးကြီး နဲ့ကို ရွေးကောက်ပွဲဖြစ်မှာပါ။ အဓိကက တော့ အမှုဆောင်က ၅၂ဦးပါ။ ဦးတို့ ဂီတအစည်းအရုံးတို့၊ ရုပ်ရှင်တို့၊ သဘင်တို့က Volunteers တွေများ တယ်။ လခကလည်း ရကြတာမဟုတ် ဘူးလေ။ နှစ်ရှည်လများ လုပ်ရတာ ဖြစ်တဲ့အတွက် အခက်အခဲ ရှိတယ်။ ဘာပဲပြောပြော ဂီတသမားဖြစ်ရ မယ်။ အလုပ် တကယ်လုပ်ပေးနိုင် မယ့်သူ၊ အဖွဲ့အစည်း နဲ့ ပတ်သက်လို့ နားလည်တတ် ကျွမ်းတဲ့ ပုဂ္ဂိုလ်တွေ၊ အချိန်ပေးနိုင်မယ့် ပုဂ္ဂိုလ်တွေ၊ စေတနာထားနိုင်မယ့် ပုဂ္ဂိုလ်တွေ အများဆုံး ပါဝင်သင့်ပါတယ်။ ဒီအတွက်လည်း ဦးတို့ အတွေ့အကြုံ အရ အများကြီးစည်းရုံးပြီး ဆောင် ရွက်လျက်ရှိပါတယ်” ဟုပြောသည်။ ၂ဝ၁၂ခုနှစ်တွင် စတင်ခဲ့သော ဥက္ကဋ္ဌ ဦးတင်ဦးလေး ဦးဆောင်သည့် လက်ရှိ အမှုဆောင်လက်ထက်တွင် ဇွန်လ ၂၇ရက်နေ့ကို မြန်မာ့ဂီတ နေ့အဖြစ် သတ်မှတ်နိုင်ခဲ့ခြင်း၊ ဂီတသမား များအတွက် ရေဒီယို FM များ၊ တီဗီချန်နယ် များမှ Copy Right  ပိုင်ဆိုင်ခွင့်အတွက် ဆောင် ရွက်ခြင်း၊ တာမွေမြို့နယ်ရှိ မြန်မာ နိုင်ငံဂီတအစည်းအရုံး၏ အောက် ထပ်နေရာအား ရယူနိုင်ခဲ့ပြီး စနစ်တကျဖြင့် ရုံးခန်းဖွင့်နိုင်ခဲ့သလို ဂီတအလင်္ကာခန်းမတွင် တေးစီးရီး မိတ်ဆက်ပွဲများ၊ သင်တန်းများ၊ ဆွေး နွေးပွဲများပြုလုပ်နိုင်ခြင်း၊ အလင်္ကာ ကျော်စွာရွှေပြည်အေးဖောင်ဒေးရှင်းနှင့်ကြေးရုပ်အား ဆောင်ရွက် နိုင်ခဲ့ ခြင်း စသည်ဖြင့်အချက်အလက် တော်တော်များများအားဆောင်ရွက်နိုင်ခဲ့သည်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here