အွန်လိုင်းမှာပဲ ပြသသွားမယ့် ‘လိပ်ပြာခေါင်မိုးနဲ့ မိုးတိမ်ကမ်းခြေ အဝေးကလှေ’ ဇာတ်ကား

0
189

Miss Grand Internaitonal 2017 မှစီစဉ် ပြီး ဒါရိုက်တာ သားညီရိုက်ကူးမယ့် “လိပ်ပြာခေါင်မိုးနဲ့ မိုးတိမ်ကမ်းခြေ အဝေးကလှေ” ဇာတ်လမ်းတွဲတွေကို နိုဝင်ဘာလ ၂ ရက်နဲ့ ၉ ရက် နေ့ တို့ကမှာ စတင်ရိုက်ကူးသွားမှာဖြစ် ပြီး အောက်တိုဘာလထဲမှာပဲ အွန် လိုင်းကနေ ပြသသွားမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲများ အတွက်တော့ လက်ရှိ Online မှာ နာမည်ကျော် ကြားနေတဲ့ တက်သစ်စ လူငယ်များ ဖြစ်ကြတဲ့ တိုင်ရွန်၊ အောင်လေး၊ လင်းအောင်ခေတ်၊ ဖြိုးဇော်လင်း၊ ရတနာဖြူဖြူအောင်၊ ယမင်းဝေဦး၊ Bella နဲ့ သီရိကျော်တို့ ပါဝင်ကြ မှာဖြစ်ပါတယ်။

အွန်လိုင်းကနေပဲ ပြသသွားမယ့် Mini Series ၂ခုအကြောင်းကို “တစ်ပတ်ကို တစ်ပိုင်း၊ တစ်ပိုင်းမှာ မိနစ်၂ဝနဲ့ တစ်လပြသမှာပါ။ ဗီဒီယို တစ်ကားစာပဲ။ နှစ်ကားစလုံးကတော့ အချစ်ဇာတ်လမ်းပုံစံပါ။ ပါဝင်တဲ့ သရုပ်ဆောင်တွေကလည်း Facebook cele တွေဖြစ်တဲ့အတွက် သူတို့ရဲ့ ပရိသတ် တွေများပြီးသားဖြစ် တယ်။ နောက်တစ်ခု ကျွန်တော်တို့ ရိုက်ကူးမယ့် ဇာတ်ကားက လူငယ် အချစ်ဇာတ်ကား ဖြစ်တဲ့အတွက် လတ်လတ်ဆက်ဆက်၊ တက်တက်ကြွ ကြွ လူငယ်တွေနဲ့ ရိုက်ကူးထားတာ ပါ။ ကျွန်တော်တို့ ကိုယ်တိုင်လည်း အသစ်ကနေ တက်လာတာဖြစ်တဲ့ အတွက် သင်ပေးရတာ ပျော်တယ်။ သူတို့ဆီက ဘယ်လိုအမူအရာသစ် တွေ ထွက်လာမလဲ ဆိုတာကိုလည်း ကျွန်တော်စိတ်ဝင်စားပါတယ်”လို့ ဒါရိုက်တာသားညီက ပြောပြပါတယ်။

မြတ်မိုးပွင့် 
ဓာတ်ပုံ- ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here