တန်ဆောင်တိုင်ပွဲတော် ရုံးပိတ်ရက် ကာလခရီးသွားကြမယ့် ပြည်သူတွေအတွက် အဆင်ပြေမှုရှိအောင် ဘယ်လိုလုပ်ဆောင်ပေးသင့်လဲ

0
197

ပွင့်လင်းရာသီရောက်ရှိလာပြီ ဖြစ်တဲ့ အခုတန်ဆောင်မုန်းလမှာ ရုံး ပိတ်ရက်တွေဟာ ပြီးခဲ့တဲ့သီတင်း ကျွတ်ရုံးပိတ်ရက်လိုပဲ စနေ၊တနင်္ဂနွေ ပိတ်ရက်နဲ့ တိုက်သွားတဲ့အတွက် လေးရက်ဆက်ရုံးပိတ်ရက်ဖြစ်သွား ပါတယ်။ဒါကြောင့် တန်ဆောင်တိုင် ရုံးပိတ်ရက်တွေမှာ ပြည်သူတွေအ နေနဲ့ ဘုရားဖူးမယ့်သူတွေ၊ အပန်း ဖြေခရီးထွက်မယ့်သူတွေရှိသလို မွေး ရပ်မြေပြန်ကြမယ့်သူတွေလည်း ရှိနေတာမို့ ခရီးသွားနဲ့ သက်ဆိုင်တဲ့ ဌာနအသီးသီးနဲ့  ခရီး သွားမယ့် ပြည် သူတို့ရဲ့အသံများကို ဒီတစ်ပတ်မှာ ပေါ်ပြူလာဂျာနယ်က တင်ဆက်ပေး လိုက်ပါ တယ်။

ဒေါက်တာမောင်အောင်
ရန်ကုန်တိုင်းဒေသကြီး
သယ်ယူပို့ ဆောင်ရေး
ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ ၊
အတွင်းရေးမှူး

ဒီလာမယ့် တန်ဆောင်တိုင် ပိတ်ရက် တွေနဲ့ ပတ်သက်ပြီးတော့ အဝေးပြေးယာဉ်လိုင်းအပိုင်းမှာ တော့နဂိုအတိုင်း ပါပဲ။ ထူးထူး ခြားခြားဆောင်ရွက် ထားတာမျိုး မလုပ်ပါဘူး။ ပြီးခဲ့တဲ့ သင်္ကြန်တုန်း ကတော့ ကျွန်တော်တို့ လုပ်ပေးတယ် အဝေးပြေးကားတွေနဲ့ ပတ်သက်ပြီး တော့။ အခုသီတင်း ကျွတ်တန်ဆောင် တိုင်ကတော့ပုံမှန်အတိုင်းပဲ ဆက် လက်ပြေးဆွဲပေးနေပါတယ်။

ဦးကျော်မင်းလှိုင်
(ပြည်တွင်းခရီးသွားလုပ်ငန်းရှင်များ
အသင်း အတွင်းရေးမှူး)

ခရီးစဉ်တွေကတော့ မနှစ် ကနဲ့ အတူတူပါပဲ။ ဝန်ဆောင်မှုကတော့ ပိုတောင်ကောင်းလာတယ် ပေါ့နော်။ ကားတွေလည်း ပိုကောင်းလာတယ်။ ကားအသစ်တွေ ဖြစ်လာတယ်။ ဈေး ကတော့ မပြောင်းလဲဘူး။ အရင်ဈေး အတိုင်းပါပဲ။ ဒါပေမဲ့ ဒီနှစ်ရောင်း အားကျတယ်။ ဒါကြောင့်တော်တော် များများကတော့ လူမပြည့်ဘူး ဖြစ် နေတယ်။ အဲဒါလေး တစ်ခုကတော့ ဒီနှစ် ထူးခြားချက်ပါပဲ။ အခုက အားလုံးကတော့ လုံးပန်းနေရတာပါပဲ။ ဒါကလည်း ဖြေရှင်းလို့တော့ မရ ဘူးပေါ့နော်။ မိုးကလည်းရွာ အဓိက ကတော ရာသီဥတုကြောင့်ဖြစ်သွားတာပေါ့နော်။ လူနည်းသွားတယ်။ ထင်သလောက် မဖြစ်လာဘူး။ ပြီးခဲ့ တဲ့ သီတင်းကျွတ်လပြည့်နေ့တုန်းက ပုဂံခရီးစဉ်မှာ တော့ အဆင်ပြေတယ်။ ဒီတစ်ခေါက် ကတော့ လူတွေက နည်းနည်းလေး တွန့်သွားတာ ပေါ့ နော်။ အခုကတော့ တောင်ကြီးမြို့ ကို အားထားတာပေါ့ နော်။ ဒါပေမဲ့ လူမပြည့်တော့ကားတွေသိပ်ပြီး မထွက်နိုင်ဘူး ဖြစ်နေတာ။ ထွက်ဖြစ် တဲ့ကားတွေလည်းထွက်တယ်။ ဒါပေမဲ့ လူမပြည့်ဘူး။

ဦးခင်အောင်ထွန်း
(မြန်မာနိုင်ငံဆိုင်ရာဟိုတယ်လုပ်ငန်း ရှင်များအသင်း-ပုဂံဇုန် ဒုဥက္ကဌ)

အခုလတွေက နိုင်ငံခြား ခရီး သွားတွေ အမြင့်ဆုံး ဝင်ရောက်တဲ့လ ဖြစ်နေပါတယ်။ ပြီးတော့ အစိုးရရုံး ပိတ်ရက်တွေဟာ စနေ၊ တနင်္ဂနွေနဲ့ ကပ်သွားတဲ့အတွက် ပိတ်ရက်ရှည် တွေ ဖြစ်နေတာကြောင့် ပြည်တွင်း ခရီးသွားတွေလည်း အရင်ကထက် ပိုပြီး တိုးလာတဲ့လတွေ ဖြစ်နေပါ တယ်။ ၂ခုသွားဆုံကြတဲ့ အတွက် ဟိုတယ်တွေ၊ တည်းခိုခန်းတွေ ပြည့် ကြပ်ညှပ်တဲ့အထိ ဖြစ်ကုန်တယ်။ တစ်ချို့ဆို မနိုင်မနင်းတွေတောင် ဖြစ်တဲ့အထိ ရှိတယ်လို့ ကြားရတယ်။ အခုလို လတွေမှာ ခရီးသွားတွေ အဆင်ပြေစေဖို့ ဟိုတယ်လုပ်ငန်းရှင် တွေပြင်ဆင်ထားရမယ့် အချက် အလက်တွေကို အသင်းဘက်က အထူးတလှယ် ညွှန်ကြားထားတာမျိုး မရှိပေမယ့် ကျွန်တော်တို့ လုပ်ငန်း ဟာ ဝန်ဆောင်မှုလုပ်ငန်းပါ။ ဒီတော့ ကိုယ့်ရဲ့ဝန်ဆောင်မှုကို အကောင်း ဆုံး လုပ်ဆောင်ကြရမှာပါ။ အသင်း ဘက်ညွှန်ကြားသည်ဖြစ်စေ မညွှန် ကြားသည်ဖြစ်စေ အကောင်းဆုံး လုပ်ရမယ်။ အခုခေတ် မှာရွှေးချယ် စရာတွေများသွားပြီ ။ ဃကျအသာနမ ဘက်က ရွေးချယ်စရာတွေ ရှိတယ်။ ဝန် ဆောင်မှုကောင်းတဲ့ နေရာသွား မှာပဲ။ ပြီးခဲ့တဲ့လလောက် အခုတန် ဆောင်တိုင်လက ခရီးသွားတွေ တ အားကြပ်မယ်လို့တော့ မထင်ဘူး ဘာကြောင့်လဲဆိုတော့ပွင့်လင်းရာသီ ဖြစ်ပြီဆိုတော့ ကမ်းခြေတွေလည်း ပွင့်ပြီ၊ တောင်ကြီးတန်ဆောင်နိုင် လည်းရှိတော့ ခရီးသွားတွေက ဖြန့် ပြီးသွားကြမှာပဲ။ ဒီတော့ တန်ဆောင် တိုင် ပိတ်ရက်ရှည်ဟာ ခရီးသွား ပြည်သူတွေအတွက် တည်းခိုစရာနဲ့ ပတ်သက်လို့တော့ ကြပ်ကြပ်တည်း တည်း ဖြစ်မှာမဟုတ်ဘူး။

ကျော်ကျော်ဆန်း
အင်ဂျင်နီယာ

ကျွန်တော်တော့ ဒီရုံးပိတ်ရက် တွေမှာချောင်းသာ သွားကြမလို့ စီစဉ်နေပါတယ်။ကျွန်တော့်ရုံးက သူငယ်ချင်း တွေနဲ့ သွားကြမှာပါ။ မနှစ်ကတော့ ဒီအချိန် ပုဂံသွားဖြစ်ခဲ့ တယ်။ ကျွန်တော်တို့ကတော့ လူစုပြီး ကိုယ့်ကားနဲ့ ကိုယ်ငှားပြီး သွားကြ မလို့ပဲ။ အဝေး ပြေးကားတွေ ဘာတွေ ကျ အချိန်က လည်း အကန့် အသတ်ရှိတယ်လေ။ သူ့လမ်းကြောင်း နဲ့ သူဆိုတော့။ ကိုယ့် ကားနဲ့ကိုယ်ဆို တော့ ပိုပြီးလည်း စိတ် ချရတယ်။ ပြီးတော့ဒီအချိန်တွေလို ခရီးသွား များနေတဲ့ အချိန်တွေဆို လက်မှတ်ခ ဈေးနှုန်းတက်ဘာတက် လည်း ပူစရာမလိုဘူး။ ခရီးသွားချိန် ဆို တော့ ဟိုတယ်တွေလည်း တည်းခို ခ ဈေးနှုန်းတက်မယ် ထင်ပါတယ်။ မတတ်နိုင်ဘူးလေ။ တည်းရမှာပေါ့။ ကျွန်တော်တို့ ကလည်း အခုလို ပိတ် ရက်ဆက်တုန်းလေးတွေ သွားရတာ ဆိုတော့။

အောင်သန့်စင်
(ခရီးသွားတစ်ဦး)

ဒီနှစ်တော့ တောင်ဝိုင်းသွား မယ်။ တောင်ဝိုင်းနဲ့ ဘားအံ အနီးအ နား တစ်ဝိုက်က ဘုရားတွေဖူးမလို့ပါ။ ဘုရားဖူးကားနဲ့ မသွားပဲ လိုင်းကား နဲ့ပဲ သွားမှာဆိုတော့ အဆင်မပြေမှု တွေ ရှိလာ နိုင်တယ်။ ဒီတော့ အဲဒီ အတွက်လည်း စိုးရိမ်တယ်။ ကား လက်မှတ် အခက်အခဲကို။ အရင်က တော့ ပုဂံကိုသွားတယ်။ ပုဂံကို သွား ခဲ့တဲ့ ခရီးစဉ်တွေမှာတော့ ဟိုတယ် ဘိုကင်လုပ်ပြီး သွားခဲ့တာဆိုတော့ အဆင် ပြေပါတယ် ။ ကျိုက်ထီးရိုး ကတော့အဆင်မပြေဘူး။ အခု လည်းအဆင်ပြေဖို့တော့ မျှော်လင့်ပါ တယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here