မြေထည် အနုပညာပန်းတို့ ပွင့်လန်းရာ ပခန်းမြေ

0
172

သက်ရွာကလေးသည် ပခုက္ကူခရိုင်မြို့ကြီးနှင့် ၁၈ မိုင် ပခန်း ကြီးမြို့ဟောင်းနှင့် ၁မိုင်ခန့်အကွာ အိမခြေ ၁၅ဝခန့် တည်ရှိသော ရွာကလေးဖြစ်ပါသည်။ ရွာနာမည် ကား သက်ရွာဆိုတော့ ပျူ၊ ကမ်းယံ၊ သက်ဆိုသည့် မြန်မာလူမျိုးနွယ်များ အမည်ထဲမှ သက်ဆိုသောအခါ ပုဂံ ခေတ်ကပင် တည်ရှိခဲ့သော ရွာကလေးဟု ဆိုရပေမည်။ သက် လူမျိုးများသည် မြေထည်အနုပညာကို ကျွမ်းကျင် ပိုင်နိုင်စွာ လုပ်ဆောင်ခဲ့သည်ကို ယနေ့မျက်မှောက် ခေတ် သက်ရွာကလေးမှ ထုတ်လုပ်သော မြေထည် အနုပညာများကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါ၏။ ရွာ၏နာမည်သည် သက်ရွာဟုဆိုသောအခါ သက်လူမျိုး များအခြေချနေထိုင်ခဲ့သည်ဟု ဆိုရပေမည်။ ပခန်း ကြီးမြို့ဟောင်းသည် ပုဂံခေတ်ပင် ရဲမက်တပ်သား ၄ဝဝ ပြုစုဆောင်းပေးရသော ပခုက္ကူရွာ မပေါ်မီကပင် မြို့ အဖြစ်တည်ရှိနေ သော ပခန်းကြီးဖြစ်လေသည်။

 အဓိက ကုန်ကြမ်းဖြစ်သော ရွှံ့မြေ စေးအား ၁ မိုင်ခန့်ကွာ ဝေးသော ရွာ သာသို့ သွားရောက်တူးဖော်ယူရ သည်။ လှည်းတစ်စီးစာ မြေစေးတူးခ ကျပ်၁ဝဝဝ ပေးရ၏။ သဲကိုမူ ချောင်းထဲ၌ယူပြီး သုံးဘီး တစ်စီးစာ အိမ်အရောက် ၁သောင်းရှိလေသည်။ မြေစေးများအား မောင်းထောင်း၍ ဆန်ကာနှင့်မှုန့်နေအောင် ချရသည်။ သဲကိုလည်း ဆန်ကာချရသည်။ ပြီးလျှင် မြေစေးမှုန့် ၄တောင်း  သဲ၁တောင်းရော စပ်ရသည်။ ရောစပ် ပြီး နွားသားရေပေါ် စေးပိုင်အောင် နင်းပေးရ သည်။ ၄င်းနောက် ပုံသွင်း ရသည်။ လိုချင်သော ပစ္စည်းများကို ပုံသွင်းခြင်းဖြစ်သည်။ ပုံကြမ်းအစိုရ လျှင် ၂နာရီခန့် အရိပ်ထဲအုပ်ထား ရသည်။ ပြီးမှအချောကိုင်ရသည်။ အချောကိုင်ပြီး နေ၁နေ လှန်းရ သည်။ နေပြပြီး မြေနီသုတ်ရပြန် သည်။ မြေနီ၁ပြည် ၂ဝဝကျပ်ရှိသည် ဟု ဒေသခံ ဦးတင်ပြူး နှင့် ဒေါ်ဟန်ကြည်တို့ ကလည်း ရှင်းပြသည်။ မြေနီကိုမူ မြေဖြူမုံညင်းအထိ သွားဝယ်ရသည်။

အိုးဖုတ်သည့်အခါ ရွက်အိုး ကြီး ၁ဝဝ၊ အိုးလတ် ၅ဝ၊ အသေး ၃ဝ၊ အင်တုံ ၅ဝ စုစုပေါင်း ၂၅ဝ ခန့် ထည့်သွင်းအိုးဖုတ်ရသည်။ အိုးဖုတ် သည့်အခါ နွားချေး ခြောက် လှည်း ၁စီး ၁၅ဝဝဝထန်းသီးစေ့ခြောက် လှည်း ၂စီး ၁၃ဝဝဝ၊ ကောက်ရိုး ၁ဝကျပ်နှုန်းရှိသည်ဟု ဒေသခံ တစ်ဦးဖြစ်သည့် ဦးထွန်းဝင်းကပြောသည်။    အိုးဖုတ်သည့်အခါ ၃ရက်တိုင် တိုင်ဖုတ်ရသည်။ ပထမ ထန်းသီးစေ့ ခံ နွား ချေးခံ အိုးစီ၊ ကောက်ရိုးအုပ် ပြာဖုံး၊ ရွှံ့မံပြီး ဖုတ်ရလေသည်။ ဈေး ကွက်သို့ သောက်ရေအိုး အကြီး ကျပ် ၁၅ဝဝ၊ ရွက်အိုး ကျပ် ၈ဝဝ၊ ပန်းအိုးကျပ် ၈ဝဝ၊ ငရုတ်ဆုံ ကျပ် ၇ဝဝ၊ ဟင်းချက်အိုး ကျပ် ၅ဝဝ နှုန်းရှိသော်လည်း အရွယ်အစား အသေးအကြီးအလိုက် ဈေးနှုန်းရှိ သည်။ ထန်းမြူအိုး၁အိုး ၂၅ဝ ရှိပြီး လုပ်အားခ တစ်နေ့ ၅ဝဝဝရှိသည်ဟု ဆိုကာမူ သက်ရွာသူ/ရွာသားများ သည် မိသားစုတစ်ပိုင်တစ်နိုင် ဆောင်းရာသီနှင့် နွေအကူး ဖြိုင်ဖြိုင် ထုတ်လုပ်ကြလေသည်။ အိမ်ခြေ ၁၃ဝရှိပြီး အိမ်ခြေ၁၂ဝက မြန်မာ့ ရိုးရာ ဘိုးဘွားအမွေအနှစ် မြေထည်လုပ်ငန်းကို တစ်ဖက်က ကုလားပဲ၊ စပါး၊ ပဲတီစိမ်းစိုက်ပျိုးရင်း မြတ်နိုး တန်ဖိုးထားစွာ လုပ်ကိုင်ကြ သောကြောင့် မြေထည်အနုပညာပန်းတို့ပွင့်လန်းရာ ပခန်းမြေဟု ဆို ရမည်သာပင်။

 နေဦးမောင် (ပခုက္ကူ)


LEAVE A REPLY

Please enter your comment!
Please enter your name here