ချစ်သူ ရှိသူနေပြီဆိုတဲ့အစ္စဏီ

0
241

အဆိုတော် တစ်ဦးဖြစ်တဲ့ အစ္စဏီကတော့ လက်ရှိမှာ တစ်ကိုယ်တော် တေးစီးရီး ထွက်ဖြစ်ဖို့ စီစဉ်နေသူလည်းဖြစ်ပါတယ်။ “ကျွန်တော်ရဲ့ တစ်ကိုယ်တော် တေးစီးရီးအတွက် အသံစသွင်း နေပါပြီ။ ကျွန်တော် အရင်ဆိုနေကျ သီချင်းပုံစံ တွေပါမယ်။ မြူးမြူးကြွကြွ သီချင်းတွေလည်းပါတယ်။ နောက်ပြီး ဆိုနေ ကျပုံစံထက် နည်းနည်း ဆန်း တာလေးတွေလည်း ပါတယ်။ သီချင်းတွေကတော့ Pop ပုံစံလေးတွေပါ။ တေးရေးဆရာတွေကတော့ ကျွန်တော် သူငယ်ချင်းတွေ ရေးပေးထားတဲ့ သီချင်းတွေပါမယ်။ နောက်ပြီး ကိုဝနလည်းပါတယ်။ တေးစီးရီး နာမည်တော့ မစဉ်းစားရသေးပါဘူး။ Audio အနေနဲ့အရင် ထွက်ဖြစ်ပါမယ်။ သီချင်းအသစ်လေးတွေ မကြာခင်ထွက်ရှိလာတော့မှာပါ။ New Year အမီလုပ် နေပါတယ်” လို့ ပြောခဲ့ပါတယ်။

သူကတော့ ချစ်သူရှိနေပြီဖြစ်ကြောင်းလည်း သိရပါတယ်။ သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာ ” ချစ်သူကတော့ရှိနေပါပြီ။ ချစ်သူသက်တမ်းက သိပ် မကြာသေးပါဘူး။ နားလည်မှုကတော့ အခု သူက ကျွန်တော့်အပေါ် သည်းခံပေး တယ်။ နားလည်ပေးတယ်။ သူ့အပေါ်လည်း ကျွန်တော် နားလည်ပေးတယ်။ သည်းခံ ပေးတယ်။ အခု လောလောဆယ်ကတော့ တစ်ယောက်နဲ့တစ်ယောက် အဲဒီ လိုပဲရှေ့ ဆက်နေကြပါ တယ်” လို့ ပြောခဲ့ပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here