မိဘကို ပျော်အောင်ထားချင်တယ်ဆိုတဲ့ စိတ်က ငယ်ငယ်ကတည်းက အိပ်မက်တစ်ခုပါ ရွှေမှုံရတီ

0
204

သရုပ်ဆောင် ရွှေမှုံရတီကတော့ ဇာတ်ရုပ်မျိုးစုံကို ပီပြင် အောင်သရုပ် ဆောင်နိုင်မှုတွေကြောင့် ပရိသတ် အားပေးမှု အပြည့်အဝရရှိထားပြီး လက်ရှိမှာ ရုပ်ရှင်ဇာတ်ကား တွေလည်း  ဆက်တိုက်ရိုက်ကူး နေတာ တွေ့ရပါတယ်။ သူမက တော့ လတ်တလောမှာ ဒါရိုက်တာ ညွှန့်မြန်မာ ညီညီအောင် ရိုက်ကူးမယ့် ‘ဝေးမနေချင်ဘူး’ ရုပ်ရှင်ဇာတ်ကား မှာ လူမင်း၊ နေမင်း စတဲ့ မင်းသားနှစ်လက်နဲ့ အတူပါဝင် သရုပ်ဆောင် မှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာတော့ သူမအနေနဲ KTV့ မှာ အလုပ်လုပ်တဲ့ မိန်ကလေးတစ်ယောက်အဖြစ် ပါဝင်သရုပ် ဆောင်သွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။ သူမကတော့ မိဘအပေါ် အထောက် အကူပေးနိုင်သူလည်းဖြစ်ပြီး မိဘအပေါ် ကျေးဇူးတုံ့ပြန်နိုင်တဲ့ သူမရဲ့ ခံစားချက်ကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

“ညီမက ငယ်ငယ်လေးက တည်းက အလုပ်ကိုကြိုးစား တယ်။ ကိုယ်တာဝန်ယူထားတဲ့ အလုပ်တစ်ခုကို တာဝန်ကျေ အောင် လုပ်ပေးချင် တယ်။ မိဘအပေါ်မှာလည်း တာဝန် ကျေတဲ့ သမီးတစ်ယောက်ဖြစ်ချင်တယ်။ မိဘကို ကျေးဇူးဆပ်ချင်တယ်။ အဲဒါကြောင့် လည်း ညီမအလုပ် စလုပ်ကတည်းက တတ် နိုင်သလောက် အလုပ်ကို ကြိုးစားခဲ့တယ်။ တတ်နိုင်သလောက်  ပိုက်ဆံရှာတယ်။ မိဘကို ပျော်အောင်ထားတယ်။ ကိုယ် ကလည်း မိဘတွေ စိတ်ဆင်းမရဲရ အောင်နေတယ်။ မိဘကိုပျော်အောင် ထားချင်တယ်ဆိုတဲ့ စိတ်က ညီမငယ်ငယ်ကတည်းကအိပ်မက် တစ်ခုပါ။ ခုအချိန်မှာ ညီမကြောင့် မိဘတွေက စိတ်ချမ်းချမ်း သာသာနဲ့ ပြည့်ပြည့်စုံစုံ နေရတာကို မြင်ရတဲ့အတွက်လည်း ညီမ အရမ်းဝမ်းသာပါတယ်။ ပီတိလည်း ဖြစ်ပါတယ်”လို့ ပြော ခဲ့ပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here