ံHearty Heart မှ Eyeliner ထုတ်ကုန်အသစ်မိတ်ဆက်

0
228

Hearty Heart ရဲ့ Ice Cream Party mini Launch အ ခမ်းအနားကို အောက်တိုဘာလ ၂၁ ရက်နေ့ နေ့လယ်၂နာရီက Melia Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပွဲအခမ်းအနားကိုတော့ အနုပညာ ရှင်များ၊ Beauty Blogger များနဲ့ မိတ်ကပ်ပညာရှင်များ တက်ရောက် ခဲ့ကြပါတယ်။ ဒီပွဲမှာတော့ Hearty Heart ရဲ့ Product အသစ်ဖြစ်တဲ့ ရေစိုခံ Eyeliner အသစ်တစ်မျိုးကို ထပ်မံမိတ်ဆက်ခဲ့ပါတယ်။

“အခုဒီပွဲမှာတော့ Hearty Heart ရဲ့Collection အသစ်တစ်ခု ဖြစ်တဲ့ Ice Cream ခံစားမှုကို အခြေခံပြီး Ice Cream Collection ကို မိတ်ဆက်ပေးမှာပါ။ အောက်တို ဘာလ ၃ဝ ရက်နေ့မှာတော့ ပရိ သတ်တွေကို ထပ်မံမိတ်ဆက် ပေးမှာ က Eyeliner လေးပါ။ ဒီ Product လေးကိုတော့ ထုပ်ပိုးတဲ့ ဘူးခွံပုံစံ လေးတွေခွဲပြီး အဓိပ္ပာယ် တစ်မျိုးစီနဲ့ ထုတ်လုပ်ပေးမှာပါ။ စိတ်ခံစားမှုနဲ့ တိုက်ဆိုင်တဲ့ ဘူးပုံစံလေးတွေနဲ့ ဝယ် ယူနိုင်ပါတယ်။ ဒီ Eyeliner လေးရဲ့ အားသာချက်က Water Proof ဖြစ်တဲ့အတွက် ရေစို ခံတယ်။ Brush လေးကလည်း ပါး လွှားတော့လိုသလို ပုံစံကိုဆွဲလို့ရပါတယ်။ နောက်ထပ် လည်း Lip Product, Eye Product များကို Hearty Heart ရဲ့ ဆယ် ကျော်သက် အမျိုးသမီးငယ်လေး တွေအတွက် ဖြန့်ချိပေးသွားဦးမှာ ပါ” လို့ Hearty Heart ရဲ့ တာဝန် ရှိသူတစ်ဦးက ပြောပြပါတယ်။

Hearty Heart ရဲ့ ထုတ်ကုန် သစ် Eyeliner များကိုတော့ အောက်တိုဘာလ ၃ဝ ရက်နေ့မှာ စတင်ရောင်းချပေးသွားမှာဖြစ်ပြီး တစ်ချောင်းကို ၂၉၉၅ကျပ်နဲ့ ဝယ်ယူ ရရှိနိုင်မှာဖြစ်ပါတယ်။ ၂ဝ၁၈ခုနှစ် မှာလည်း အသားအရည်ပိုင်းဆိုင်ရာ မျက်နှာပိုင်းဆိုင်ရာ ထုတ်ကုန်သစ် များကို မိတ်ဆက်သွားဦးမယ်လို့ သိရပါတယ်။

   မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here