ကျောင်းပျော်ကြီး ကျွန်တော်(၆)

0
128

ကျွန်တော် သတ္တမတန်းကျောင်း သားဘဝမှာ အမှတ် တရဖြစ်ရပ်၂ခု ရှိပါသည်။ တစ်ခုက သတ္တမတန်းမှာ အရင်နှစ်ကစာမေး ပွဲကျရှုံးပြီး အတန်းဟောင်းပြန်နေရသူ တစ်ယောက်မှ မရှိခြင်းဖြစ်သည်။ ထုံးစံအတိုင်းဆိုလျှင် သတ္တမတန်းမှာ အစိုးရစစ်စာမေးပွဲဖြစ်သဖြင့် ကျရှုံး သူရှိတန် သလောက်ရှိသည့်အတွက် နောက်နှစ်တွင် အတန်းဟောင်းမှာ ပြန်နေရသည့် repeater များ ရှိမြဲ ဖြစ်သည်။ ယခုထိုထုံးစံနှင့် သွေဖည် ပြီး လူဟောင်းမကျန်ခြင်းမှာ မနှစ် က သတ္တမတန်းကို တန်းလုံး ကျွတ် အောင်သွားကြသောကြောင့် ဖြစ် သည်။ ကျွန်တော်တို့ကျောင်းတစ် ကျောင်းတည်းမဟုတ်ပါ။ မြန်မာတစ် နိုင်ငံလုံးမှ သတ္တမတန်းကျောင်းသား အားလုံးတန်းလုံးကျွတ်အောင်မြင်သွား ခြင်းဖြစ်သည်။ အောင်မြင်ရသည့် အကြောင်းကတော့ အစိုးရက အားလုံး အအောင်ပေးလိုက်သော ကြောင့်ဖြစ် သည်။ ထူးခြားဖြစ်စဉ်တစ်ခုပါ။

၁၉၅၅-၅၆ ပညာသင်နှစ်မှာ သတ္တမတန်းအစိုးရစစ် စာမေးပွဲ ဖြေဆိုနေစဉ် (အထွေထွေသိပ္ပံဘာ သာဟု ထင်ပါသည်) မေးခွန်းပေါက် သည်။ ဗမာ့ခေတ်သတင်းစာက မေး ခွန်းနှင့်တကွ ထိုသတင်းကို သတင်း စာထဲ ထည့်လိုက်သည်။ မေးခွန်း ပေါက်သည်မှာ မှန်နေသည့် အတွက် အစိုးရက စာမေးပွဲကို ရွှေ့ဆိုင်းလိုက် သည်။ ဤတွင် ကျောင်းသားများ မကျေမနပ်ဖြစ်ပြီး ဗဟန်းဘောင်ဒရီ လမ်း (ဓမ္မစေတီလမ်း)နှင့် ကိုယ့်မင်း ကိုယ့်ချင်းလမ်း (ကမ္ဘာအေးဘုရား လမ်း)ထောင့်ရှိ ဗမာ့ခေတ်သတင်းစာ တိုက်ရှေ့မှာ ဆန္ဒပြကြသည်။ ရဲက တားဆီးရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ‘ဟယ်ရီတန်’ ခေါ် ကျောင်းသားငယ် တစ်ယောက် ရဲကပစ်သည့်သေနတ် မှန်ပြီး သေဆုံးသွားသည်။ ထို ပြဿနာကို နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုကိုယ်တိုင် ဖြေရှင်းသည်။ ရေဒီယို မှ မိန့်ခွန်းပြောပြီး သတ္တမတန်းဖြေ ဆိုသော ကျောင်းသားအားလုံးကို အအောင် ပေးလိုက်ကြောင်း ကြေညာ သည်။ သို့ဖြင့် ထိုနှစ်က သတ္တမတန်း တန်းလုံးကျွတ် အောင်သွားသည့် အတွက် နောက်နှစ် (၁၉၅၆-၅၇ ပညာသင်နှစ်)မှာ လူသစ်များချည်း ဖြစ်သွားသည်။

  နောက်ဖြစ်ရပ်တစ်ခုမှာ ကျွန် တော်တို့သတ္တမတန်းစာမေးပွဲဖြေဆို ခါနီးအချိန်ကာလတွင် ပေါ်ပေါက် လာသော ဖြစ်ရပ်ဖြစ်သည်။ မနှစ်က မေးခွန်းပေါက်သည်ကို အကြောင်းပြု ၍ ထိုနှစ်မှာ မေးခွန်းများကို အိန္ဒိယ နိုင်ငံမှာ သွားရိုက်သည်။ မေးခွန်းရိုက် ရန် ပညာမင်းကြီးဦးကောင်းကိုယ်တိုင် တာဝန်ယူရသည်။ ပညာမင်းကြီးမှာ မေးခွန်းရိုက်ရန် အိန္ဒိယနိုင်ငံသို့ သွား ရောက်နေစဉ် မတော်တဆကား တိုက်ခံရပြီး ကွယ်လွန်ရှာသည်။ ကြေကွဲစရာဖြစ် ရပ်တစ်ခုဖြစ်သည်။ ကျွန်တော်တို့ သတ္တမတန်းစာမေးပွဲ ဖြေဆိုတော့ ဆရာကြီး ဦးကောင်း၏ လက်ရေး ဟုယူဆရသည့် လက်ရေး ဖြင့် ပုံနှိပ်ထားသော မေးခွန်းများကို ဖြေဆိုရပါသည်။ ဗဟန်းအစိုးရ အထက်တန်းကျောင်း ကျွန်တော်သတ္တမတန်းအောင် တော့ ဗဟန်းအစိုးရအထက်တန်း ကျောင်းငယ် (ယခုအထက-၁၊ ဗဟန်း) သို့ပြောင်းရသည်။ အဋ္ဌမ တန်းကျောင်းသားဖြစ်လာပါပြီ။ ထို စဉ်က စနစ်အရ အဋ္ဌမတန်း (ရှစ် တန်း)ကို အကြို တက္ကသိုလ်ဝင်တန်း (Pre matric) ဟု ခေါ်သည်။ ထို တန်းအောင်လျှင် တက္ကသိုလ် ဝင် တန်း (Matric) သို့ရောက်သည်။ တက္ကသိုလ်ဝင်တန်းကို ထိုခေတ်က ဆယ်တန်းဟု အခေါ်များသည်။ ကိုး တန်း၊ နဝမတန်းဟုလည်း ခေါ်ကြ သည်။ ကိုးတန်းသီးသန့်မရှိပါ။ ရှစ် တန်းအောင်လျှင် ဆယ်တန်းရောက် သည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရသည်။ စာမေးပွဲအမည်မှာ ‘တန်းမြင့်ကျောင်းထွက်နှင့် တက္ကသိုလ် ဝင်စာမေးပွဲ’ ဟုခေါ် သည်။

အင်္ဂလိပ် လို High School Final and Matriculation Examination ဟု ခေါ်သည်။ စာမေးပွဲမှာ တက္ကသိုလ်ဝ င် (Matric) တန်းကို လွတ်လွတ်ကျွတ် ကျွတ် အောင်သည်လည်းရှိသည်။ လွတ်လွတ်ကျွတ်ကျွတ်မအောင်ဘဲ School Leaving Certificated (ကျောင်းအောင်လက်မှတ်ရ)အဆင့် ဖြင့် အောင်သည်လည်းရှိသည်။ SLC ဟု အတိုကောက်ခေါ်သည်။SLC အောင်ပြီးသူသည် Matric အောင် ရန် ၂ဘာသာပြန်ဖြေရသည်။ ထိုစဉ် က စနစ်ကို တင်ပြခြင်းဖြစ်ပါသည်။  ကျွန်တော်က သတ္တမတန်း စကောလားရှစ်အောင်ခဲ့သူဖြစ်သည့် အတွက် ကျောင်းသစ်မှာ မျက်နှာ ပွင့်သည်။ ဆရာ၊ ဆရာမများက သတိထားမိကြပြီး စာကြိုးစားဖို့ တိုက်တွန်းကြသည်။ အဋ္ဌမတန်းမှာ တန်းခွဲများရှိရာ ကျွန်တော်တက် ရောက်ရသော တန်းခွဲမှာ အဋ္ဌမ တန်း (ဃ) ဖြစ်သည်။ အင်္ဂလိပ်လို ‘VIII E’ ဟု ခေါ်သည်။ ကျောင်းအုပ် ကြီးမှာ ဆရာကြီး ဦးဘရှင်ဖြစ်သည်။ ဆရာကြီးက စည်းကမ်းကြီးသည်။ မျက်နှာထားတင်းသည်။ ကျောင်း သားများ ဆရာကြီးကို အလွန်ကြောက် ကြသည်။ ကျောင်းမတက်မီ ကျောင်း ခန်းမမှာ ကျောင်းသားအားလုံး စုဝေး ရပြီး ဆရာကြီးက ဆုံးမသြဝါဒပေး သည်။ “ခုနှစ်တန်းနဲ့ ဆယ်တန်းတွေ ကျောင်းမှန်မှန်တက်ရင် Fisqualified လုပ်ပစ်မယ်”ဟု မကြာခဏ ပြော လေ့ရှိသည်။ စာမေးပွဲဖြေခွင့်မပြုဟု ဆိုလိုခြင်းဖြစ်သည်။ ဆရာကြီးဦးဘ ရှင်ကို အလွန်ကြောက် သွားသည့်ဖြစ် ရပ်တစ်ခု ကြုံရသည်။

ကျွန်တော့် သူငယ်ချင်းဝင်းမောင် (တစ်ချိန်က ‘မိမော်မေမ’တို့၊ ‘ရန်ကုန် မြို့ကလူ တွေအကြောင်း’တို့၏ ‘ဝင်းကာတွန်း လက်ရာရှင်ကာတွန်းဝင်းမောင်အဖြစ် ထင်ရှားသူ)သည် သတ္တမတန်း အောင်ပြီး ဗဟန်းအစိုးရ အလယ် တန်း ကျောင်းမှ အထက်တန်း ကျောင်းသို့ပြောင်းရသည်။ ကျောင်း ပြောင်းလက်မှတ်တွင် သူ၏ မွေး သက္ကရာဇ်မှားနေသည့်အတွက် ဝင်း မောင်က ပြင်လိုက်မိသည်။ ဆရာကြီး ဦးဘရှင်က ထိုလက်မှတ်ကို စစ်ဆး ကြည့်ရှုရာ ပြင်ရာဖျက်ရာ တွေ့သည့် အတွက် ကျောင်းပြောင်း လက်မှတ် ပေါ်တွင် မင်နီဖြင့် Refused (ငြင်း ပယ်သည်)ဟု ရေးလိုက်သည်။ ဝင်း မောင်မှာ အခြားအစိုးရကျောင်းများ သို့ ကျောင်းပြောင်း၍မရတော့သဖြင့် အလွတ်ပညာသင်ကျောင်းသာ တက် ရတော့သည်။  ကျွန်တော်ဗဟန်းအစိုးရ အထက်တန်းကျောင်းရောက်ပြီး မကြာမီ ဆရာကြီးဦးဘရှင် အလုပ် ပြောင်းသွားပြီး ဆရာကြီးဘစိန် ရောက်လာသည်။ ဆရာကြီးက အေး ချမ်းသိမ်မွေ့သည်။ ကျောင်းသား များကို သြဝါဒပေးရာတွင် “ဆရာကြီး က ကျောင်းသားတွေကို သားသမီး တွေလို သဘောထားတယ်။ မင်းတို့ ကလဲ ဆရာကြီးကို မိဘလို သဘော ထားကြ”ဟု ပြောလေ့ရှိပါသည်။

ထို အချိန်က ကျူရှင်များက ခေတ်မစား သေးပါ။ အလွတ်ပညာသင်ကျောင်း များ ခေတ်စားနေသော ကာလဖြစ် သည်။ အစိုးရကျောင်းတက်ဖို့ အခြေ အနေ မပေးသူများအတွက် ပညာ သင် ကျောင်းတက်ကြသည်။ များ သောအားဖြင့် ညဘက်မှာဖွင့်သော ညကျောင်းများဖြစ်သည်။ အစိုးရ ကျောင်းတက်သူများ၊ ကျူရှင်ယူလေ့ မရှိပါ။ ကျောင်းကဆရာ၊ ဆရာမ များက တတ်အောင်၊ လုံလောက် အောင် သင်ပေးကြပါသည်။ “စာမ လိုက်နိုင်သော၊ ညံ့သောကျောင်းသား မှ ကျူရှင်ယူသည်”ဟု ပြောတတ်ကြ ပါသည်။ ကျွန်တော်အဋ္ဌမတန်းကို ချောချောမွေ့မွေ့ အောင်မြင်ပြီး တက္ကသိုလ်ဝင်တန်းသို့ ရောက်လာပါ သည်။  ထိုခေတ်က စနစ်အရ တက္က သိုလ်ဝင်တန်းမှာ မြန်မာစာ၊ အင်္ဂ လိပ်စာနှင့် သင်္ချာတို့မှာ မသင်မနေ ရ ဘာသာရပ်များဖြစ်သည်။ အပိုဘာ သာရပ်၂ခုယူရသည်။ ကျွန်တော်တို့ ကျောင်းတွေမှာ ဝိဇ္ဇာဘာသာတွဲသာ ရှိသည်။ အပိုဘာသာအဖြစ် သမိုင်း၊ ပထဝီဝင်၊ အထွေထွေသိပ္ပံဟူသော ဘာသာရပ်၃ခုထဲက ကြိုက်ရာ ၂ဘာသာ ယူနိုင်သည်။ ကျွန်တော်က သမိုင်း နှင့် အထွေထွေသိပ္ပံဘာသာတွဲ ယူသည်။

ပထဝီဝင်ကိုတော့ မြေပုံ ဆွဲမကျွမ်းကျင်၍ ရှစ်တန်းမှာ နောက်ဆုံးယူခဲ့ သည်။ ထိုစဉ်က ရန်ကုန်ရှိသာသနာပြုကျောင်း များ ဖြစ်သော အင်္ဂလိပ်မက်သဒစ်နှင့် စိန့်ပေါ၊ စိန့်မေရီ ဒိုင်ဟိုဆီဇင်စသည့် ‘စိန့်’ ကျောင်းတွေမှာ သိပ္ပံဘာသာတွဲ ယူသူများ ရှိသည်။ ရူပဗေဒ၊ ဓာတု ဗေဒ၊ ဇီဝ ဗေဝ ဘာသာတွဲဖြစ်သည်။ အပိုဘာသာ ၂ခုယူလျှင် လုံလောက် သော်လည်း ၃ခုယူပြီး ဖြေဆိုချင်လျှင် လည်းရသည်။ အောင်လက်မှတ်မှာ အောင်မြင်သော အပိုဘာသာသုံးခု လုံးကို ရေးပေးသည်။ ယနေ့ပန်းချီ ပညာရှင် အကျော်အမော်ဖြစ်နေ သော ကျွန်တော့်သူငယ်ချင်း ကိုသန့် စင် ခေါ် ပန်းချီဦးလှတင်ထွန်းမှာ တက္ကသိုလ်ဝင်တန်းတွင် ပန်းချီကို အပိုဘာသာအဖြစ်ယူ၍ အောင်မြင် ခဲ့သူဖြစ်ကြောင်း သိရသည်။  ကြုံကြိုက်၍ထိုစဉ်က တက္ကသိုလ် ဝင်တန်းမှာသင်ရသော စာအုပ်တွေ အကြောင်း ပြောချင်ပါသေးသည်။ မြန်မာစာမှာ ပါမောက္ခ ဦးဧမောင် ရွေးချယ်စီစဉ်သော ကဗျာ့ပန်းလုံး ခေါ် ရှေးကဗျာပေါင်းချုပ် စာအုပ် သင်ရသည်။ ကဗျာစာဆိုတို့၏ အတ္ထု ပ္ပတ္တိများနှင့်တကွ ခေတ်       အဆက်ဆက် ပေါ်ပေါက်ခဲ့သော ကောင်းနိုးရာရာကဗျာများ ရွေးချယ် ထားသည်။ ပျို့ကောက်နုတ်ချက်၊ တျာချင်း၊ လွမ်းချင်း၊ ဘောလယ်၊ တေးထပ်စသည့် ကဗျာများဖြစ်သည်။ ပြဇာတ်က ဦးကြင်ဥ၏ ဒေဝကုမ္ဘ ပြဇာတ်သင်ရသည်။

ဦးသြဘာသ၏ မဟာဇနက ဇာတ်တော်ကြီးဝတ္ထု လည်းပါသည်။ နောက်တစ်အုပ်က နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၏မိန့်ခွန်း များ စုစည်းထားသော ‘ပြည်ထောင် စုပန်းတိုင်’ ဖြစ်သည်။ ဆရာ၊ ဆရာမ များက ထိုစာအုပ်များကို အစမှအဆုံး ကုန်အောင်သင်ကြားပေးသည်။  အင်္ဂလိပ်စာ စာအုပ်များလည်း အဆင့်မြင့်ပါသည်။The Golden Gate (ရွှေတံခါးဝ)ခေါ် ကဗျာပေါင်း ချုပ်စာအုပ်၊ ဒေါက်တာ ထင်အောင် ရေးသားသော Thirty Burmese Tales ခေါ် မြန်မာပုံပြင်သုံးဆယ်၊ Selections from English Prose ခေါ် အင်္ဂလိပ်စကားပြေ ရွေးချယ် ချက်များစာအုပ်လည်းပါသည်။ ထို စာတွေသင်ရသည့်အတွက် အင်္ဂလိပ် ကဗျာ တော်တော်များများနှင့် ရင်းနှီး ထိတွေ့ရသည် Tennysm \The Brook ကဗျာမှMan may come and man may go, but go for ever’ ဆိုသော ထပ်ကျော့ပိုက်က လေးကို စိတ်ထဲမှာ စွဲနေအောင် ဆရာမက သင်ပေးသည်။ ဒေါက် တာထင်အောင်၏ လယ်ကူလှပ သော အရေးအသားကို အတုယူ အားကျရသည်။

အင်္ဂလိပ်စကားပြေ ရွေးချယ်ချက်ထဲက Rip Van Winkle (ရစ်ဗန်ဝင်းကဲ)တို့၊ The Great Stone Face (ကျောက်မျက် နှာကြီး)တို့ကို ယခုတိုင်မှတ်မိပြီး သဘောကျနေသည်။  အင်္ဂလိပ်စာက အင်္ဂလိပ်စာ ၁ နှင့် ၂ဆိုပြီး ၂ဘာသာဖြစ်သည်။ အင်္ဂလိပ်စာ ၁မှာ ပြဌာန်းစာအုပ် တွေသင်သည်။ ၂မှာတော့ အင်္ဂလိပ် သဒ္ဒါနှင့် စာစီစာကုံးသင်ရသည်။ စာမေးပွဲမှာ အင်္ဂလိပ်စာမေးခွန်းလွှာ ၂ခုဖြေရသည်။ သင်္ချာလည်း သင်္ချာ ၁နှင့် ၂ရှိသည်။ သင်္ချာ ၁က ဂဏန်း သင်္ချာ၊ သင်္ချာ ၂ က အက္ခရာသင်္ချာ နှင့် ဂျော်မက်ထရီဖြစ်သည်။ မေးခွန်း လွှာ ၂ခု ဖြေရသည်။ သမိုင်းက မြန်မာ့သမိုင်းနှင့် အရှေ့ဖျားသမိုင်း (Far Eastern History)သင်ရ သည်။ အထွေထွေသိပ္ပံကျတော့ ဆရာကြီး ဦးဘိုးထုံပြုစုသော အထွေ ထွေသိပ္ပံ စာအုပ်များအဆင့်ဆင့် ပြဌာန်းထားသည်ကို သင်ရသည်။ ကျောင်းမှာရှိသော သိပ္ပံခန်းမှာ အထွေထွေသိပ္ပံဆရာက ဓာတ်ငွေ့ များကို လက်တွေ့ထုတ်ပြသည်။ ကလိုရင်းဓာတ်ငွေ့အကြောင်း သင်ပြီး လက်တွေ့ထုတ်ပြသောအခါ ဓာတ်ငွေ့ပါဝါတွေကို မျက်မြင်ကိုယ် တွေ့မြင်ရသည့်အတွက် သဘောကျ ခဲ့ရသည်ကိုလည်း မှတ်မိနေပါသည်။

 မောင်ခင်မင်(ဓနုဖြူ)


LEAVE A REPLY

Please enter your comment!
Please enter your name here