ညှိနှိုင်း ဆောင်ရွက်မှုဖြင့် ပြေလည်သွားခဲ့ပြီ ဖြစ်သော ‘ကိုးရိုးကားယား’ရုပ်ရှင် ဇာတ်ကား

0
138

ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးပြီး မြင့်မြတ်အဓိက ပါဝင် သရုပ်ဆောင်ထားသော ‘ကိုးရိုးကား ယား’ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရေး နှင့် ပတ်သက်ပြီး ယင်းဇာတ်ကားကို ရပ်ဆိုင်းခြင်းမပြုဘဲ ညှိနှိုင်း၍ ဆက် လက်ရိုက်ကူးသွားရန် အောက်တို ဘာလ၂၃ရက်နေ့က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင်ပြုလုပ်သော  စာနယ်ဇင်းရှင်းလင်းပွဲတွင် သိရှိရ သည်။ အဆိုပါပွဲတွင် ‘ကိုးရိုးကား ယား’ ရုပ်ရှင်ဇာတ်ကားထုတ်လုပ်သူ ဒေါ်စန္ဒာ၊ ဒါရိုက်တာပြည်ဟိန်းသီဟ၊ သရုပ်ဆောင်မြင့်မြတ်နှင့် မြန်မာနိုင် ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်တို့မှ မြန်မာနိုင်ငံရုပ် ရှင်အစည်းအရုံးတာဝန်ရှိသူများ ရှေ့ မှောက်တွင်ညှိနှိုင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးပြီး မြင့်မြတ်အဓိက ပါဝင် သရုပ်ဆောင်ထားသော ‘ကိုးရိုးကား ယား’ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရေး နှင့် ပတ်သက်ပြီး ယင်းဇာတ်ကားကို ရပ်ဆိုင်းခြင်းမပြုဘဲ ညှိနှိုင်း၍ ဆက် လက်ရိုက်ကူးသွားရန် အောက်တို ဘာလ၂၃ရက်နေ့က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင်ပြုလုပ်သော  စာနယ်ဇင်းရှင်းလင်းပွဲတွင် သိရှိရ သည်။

အဆိုပါပွဲတွင် ‘ကိုးရိုးကား ယား’ ရုပ်ရှင်ဇာတ်ကားထုတ်လုပ်သူ ဒေါ်စန္ဒာ၊ ဒါရိုက်တာပြည်ဟိန်းသီဟ၊ သရုပ်ဆောင်မြင့်မြတ်နှင့် မြန်မာနိုင် ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်တို့မှ မြန်မာနိုင်ငံရုပ် ရှင်အစည်းအရုံးတာဝန်ရှိသူများ ရှေ့ မှောက်တွင်ညှိနှိုင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ “နှစ်ဦးနှစ်ဖက် ညှိညှိနှိုင်းနှိုင်း ပြေပြေလည်လည်ပဲ ကျွန်တော်တို့ ဆွေးနွေးနိုင်ခဲ့တယ်။ ကျွန်တော် တို့ဘက်ရဲ့အခြေအနေလေးကို တင်ပြ တယ်။ ကျွန်တော်တို့ ဘာ ကြောင့် ဒီလိုကိစ္စကို ဒီလိုဆွေးနွေးရ သလဲ ဆိုတဲ့ ရည်ရွယ်ချက်ကိုပြော တယ်။ သူတို့ရဲ့ အခြေအနေနဲ့ အနေ အထား ကိုတင်ပြတယ်။ နောက်ဆုံး ဆုံးဖြတ် ချက်ကတော့ Win-Win ပေါ့နော်။ မထိခိုက်စေချင်ဘူး။ ကောင်း တဲ့အခြေအနေနဲ့ ရှေ့ကို ဦးတည် စေချင်တယ်။ ရလဒ်ဆုံး ဖြတ် ချက်က တော့ ဒီရုပ်ရှင်ဇာတ်ကားကို လက်ရှိ အခြေအနေအတိုင်းမှာ ဇာတ်လမ်း နာမည်နဲ့ ကျွန်တော်တို့ မသန်စွမ်း တွေရဲ့ အခြေအနေတွေကို ဆိုးဆိုး ရွားရွားထိခိုက်စေမယ့် အနေ အထား လေးကို ပြုပြင်ပြောင်းလဲ ပြီးတော့မှ ဆက်ပြီးတော့ ရိုက်ကူးဖို့ သဘောတူ တယ်။ တစ်ဖက်ကလည်း ဆက်ရိုက် မယ့်ဇာတ်ညွှန်းနဲ့ဇာတ် လမ်းအနေ အထားမှာ ကျွန်တော်တို့ ဘက်က မသန်စွမ်းတဲ့သူတွေရဲ့ အခွင့်အရေးနဲ့ ဂုဏ်သိက္ခာကို အ ထောက်အကူဖြစ် အောင် မြန်မာနိုင် ငံမသန်စွမ်းသူများ အသင်းချုပ်က တာဝန်ရှိသူတချို့က နေ့တစ်ပိုင်း(သို့မဟုတ်) အချိန် အနည်းငယ် တွေ့ ဆုံပြီးတော့မှ ကျွန်တော်တို့ဘက်က အကြံပေးမယ်။ ပိုကောင်းတဲ့ တင်ပြ ဆွေးနွေးမှု ဘက်ကို ပူးပေါင်းဆောင် ရွက်သွား မယ်ပေါ့” ဟု မြန်မာနိုင်ငံ မသန်စွမ်း သူများရှေ့ဆောင်အဖွဲ့ အကြံပေး အရာရှိဖြစ်သူ ဦးနေလင်း စိုးမှ ပြောပြသည်။

မျိုးမောင်၊

ဓာတ်ပုံ-သားဒွေး


LEAVE A REPLY

Please enter your comment!
Please enter your name here