ရောက်မလာတဲ့ စံပြမယ်

0
163

ပန်းချီ ဆရာသည် သူ၏ရှေ့မှာ ရှိနေသည့် ကင်းပတ်စပေါ်သို့ မျဉ်းကြောင်း အနည်းငယ်ကို ရေးဆွဲလိုက်သည်။ မျဉ်းကြောင်းတစ်ကြောင်းသည် ဧရိယာနှစ်ခုကို ပြင်လာစေသည်ဟု သူပြောလေ့ရှိသည်။ သို့ရာတွင် ယခုသူရေးဆွဲလိုက်သော ကင်းပတ်စ ပေါ်မှ မျဉ်းကြောင်းများသည် တစ်ခု တည်းသော ဧရိယာငယ်မျှသာ ပန်းချီ ဆရာသည် အပြာရောင်ကို ကြိုက် နှစ်သက်ဟန်ရှိသည်။ မျဉ်းကြောင်း များအားလုံးမှာ အပြာရောင်ဖြစ် သည်။ ဆရာသည် သူ၏ရှေ့မှာ ရှိနေသည့် ကင်းပတ်စပေါ်သို့ မျဉ်းကြောင်း အနည်းငယ်ကို ရေးဆွဲလိုက်သည်။ မျဉ်းကြောင်းတစ်ကြောင်းသည် ဧရိယာနှစ်ခုကို ပြင်လာစေသည်ဟု သူပြောလေ့ရှိသည်။ သို့ရာတွင် ယခုသူရေးဆွဲလိုက်သော ကင်းပတ်စ ပေါ်မှ မျဉ်းကြောင်းများသည် တစ်ခု တည်းသော ဧရိယာငယ်မျှသာ ပန်းချီ ဆရာသည် အပြာရောင်ကို ကြိုက် နှစ်သက်ဟန်ရှိသည်။ မျဉ်းကြောင်း များအားလုံးမှာ အပြာရောင်ဖြစ် သည်။

ပီကာဆိုရဲ့ အပြာရောင်ခေတ် အကြောင်း သူတစ်ခါတစ်ရံ ပြော တတ်သည်။ ပန်းချီဆရာသည် မျဉ်း ကြောင်းများထ၍ တစ်ခုနှင့်တစ်ခု အစပ်ကြား ဆေးရောင်များ ခြယ် သည်။ ပန်းချီဆရာပုံစံက စိတ် ပျက် လက်ပျက် ဖြစ်နေဟန်မျိုး။ ဒီကနေ့ သူ၏ စံပြမယ်က ရောက်မလာ။ သူသည် ရောက်မလာသော စံပြမယ် ကိုပေးဖို့ ငွေကြေးအလုံအလောက် မရှိတော့ပေ။ သူ၏ပန်းချီကားများမှာ စိတ်ပျက်ဖွယ်ကောင်းသော ပိန်လှီလှီ မိန်းမတစ်ယောက်၏ ရုပ်ပုံများသာ ဖြစ်သည်။ ယင်းမှာ ပန်းချီဆရာ၏ ဈေးပေါသော စံပြမယ်ဖြစ်သည်။ သို့ရာတွင် ထိုစံပြ မယ်ကိုပေးဖို့ပင် သူ့ထံ၌ ငွေကြေးမလုံလောက်တော့ ပေ။ ထို့ထက်ပို၍ ဆိုးသည်က ပန်းချီ ဆရာသည် ညစာစားဖို့ပင် ငွေစ ကြေးစ မရှိတော့ခြင်းပင်။ ပန်းချီဆရာ သည် စိတ်ပျက်လက်ပျက်နှင့် မျဉ်း ကြောင်းတစ်ခုနှင့် တစ်ခုအကြားသို့ ဆေးအရောင်များ ရေးခြယ်နေသည်။ သီအိုရီအရ မှန်နေသော်လည်း ခံစား မှုအရ မှားယွင်းနေသည် အချိန်ဆိုလျှင် ပန်းချီ ရေးဆွဲခြင်းကို ရပ်ထားရန်လို သည်။ သူသည် ဤသို့ မိမိဘာသာ တစ်ကိုယ်တည်းရေရွတ်ရင်း ပန်းချီ ရေးဆွဲနေမှု ကို ရပ်တန့်ပစ်လိုက်သည်။  မျဉ်းကြောင်းများသည် သိပ် အဓိပ္ပာယ်မရှိဟု ထင်မြင်လာသည်။ သို့ရာတွင် ပန်းချီဆရာသည် မျဉ်း အဖြောင့်တစ်ကြောင်း၏ ခွန်အားကို ပြောပြခဲ့ဖူးသူဖြစ်သည်။ ယခုသူ စိတ် ပျက်လက်ပျက် ဖြစ်နေပုံမှာ သူ၏ပန်းချီကားထဲမှာ မျဉ်းကြောင်း တစ် ကြောင်းနှင့်တူနေသည်။ တွန့်ကွေး နေတဲ့ မျဉ်းတစ်ကြောင်းလေ။ သူသည် ရောက်မလာသော စံပြမယ်ကို စိတ်ဆိုးနေဟန်ရှိသည်။ “အလကား ဟာမ။ အနုပညာနဲ့ ငွေကြေးကို ခုထိ နားမလည်သေးတဲ့သူ”။

ပန်းချီ ဆရာ သည် ထိုသို့ရေရွတ် ရင်း အခန်း ထောင့်မှပုလင်းကို ဖွင့်လိုက်သည်။ ပုလင်းထဲ၌ တစ်စက်မျှပင်မရှိတော့။ ထိုအခါမှ ပန်းချီဆရာသည် သူနံနက် စာ မစားရသေးကြောင်း သတိရလာ သည်။ ပီကာဆိုသည် ယင်းကဲ့သို့ သော ခံစားမှုမျိုးကို သူ၏အပြာရောင် ခေတ်လက်ရာများထဲတွင် ဖော်ပြနိုင်ခဲ့ သည်။ ပန်းချီဆရာသည် ကင်းပတ်စ ရှေ့မှာ ငြိမ်သက်နေသည်။ ရောက် မလာသော စံပြမယ် ကိုစောင့်ဆိုင်း ရင်း ပန်းချီဆရာသည် ထိုနေ့တာ တစ်ခုလုံးကို ကုန်ဆုံးစေခဲ့တော့သည်။   ဇာတ်ပေါင်းသော် ထိုနေ့ညက ပန်းချီဆရာ၏ အခန်းသို့စံပြမယ် ရောက်လာပြီး သူတို့ပန်းချီဆွဲကြ သည်။ ညဥ့်နက်နက်ရောက်သည် အထိပင်။ နောက်ထပ်နှစ်အတန် ကြာသောအခါ ပန်းချီဆရာ၊ ပိန် သောစံပြမယ်၊ ပန်းချီကားများသည် ဈေးကောင်းရကာ ထင်ရှားအောင် မြင်သော လက်ရာများအဖြစ်သို့ ရောက်ရှိသွားလေတော့သည်။

 နေမျိုး


LEAVE A REPLY

Please enter your comment!
Please enter your name here