ကိုယ့်ကိုချစ်တဲ့ ပရိသတ်တွေအတွက်ပဲ ရပ်တည်သွားမယ် ဖွေးဖွေး

0
157

စိန်ခေါ်မှုတွေကို သဘောကျတဲ့ ဖွေးဖွေးက “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ရမယ့် အခန်းနည်းပေမယ့် မလုပ်ဖူးတဲ့ ကာရိုက်တာဖြစ်တာကြောင့် လက်ခံရိုက်ကူးခြင်း ဖြစ်ကြောင်း ပြောပါတယ်။ ဒီဇာတ်ကားထဲမှာ နေတိုးရဲ့ မိခင်အဖြစ်လည်း သရုပ်ဆောင်ရမှာ ဖြစ်ကြောင်းကို ဖွေးဖွေးက…  “အတွေ့အကြုံအသစ်လည်း ရချင်တာကြောင့်လည်းပါတယ်။ ကိုနေတိုးနဲ့ မဆုံတာလည်း ၃နှစ်ခွဲလောက် ရှိပြီ။ အဲဒါကြောင့် လက်ခံဖြစ်တာပါ။ ဖွေးမလုပ်ဖူးတဲ့ ကာရိုက်တာဆိုတော့ ဖွေးက အဓိက စိန်ခေါ်မှုပါမှ ကြိုက်တယ်လေ။ ကို နေတိုးတို့ ညီအစ်ကိုကတော့ ပိုပြီး အခန်းတွေများတယ်။ ဖွေးက ၁၆ ဆင်းန်းဆိုပေမယ့် ၁၆ဆင်းန်းမှာ အရေးမကြီးအိုက်တင် မပါဘူး။ အရေးကြီး တဲ့အိုက်တင်တွေပဲလုပ်ရတယ်။ အရွယ် ၂မျိုးပေါ့။ ငယ်ငယ်တုန်းက အရွယ်ကတစ်မျိုး၊ ကိုနေတိုးရဲ့အမေ ဖြစ်သွားပြီး အသက်ကြီးသွားတဲ့ အ ချိန်က တစ်မျိုးပေါ့။ ဖွေးရဲ့ ကာရိုက်တာ မသည်းအုံက ဆံပင်ရှည်ရမယ်။ ရှေးခေတ်ပုံစံဆိုတော့ အရောင်မရှိရဘူး။ အကျီတွေက အစ ရှေးခေတ် တုန်းက ပုံစံတွေကို သေချာလေ့လာပြီး စဉ်းစားထားပါတယ်” လို့ ပြော ပါတယ်။

ဖွေးဖွေးက ဒါရိုက်တာ ဝိုင်းနဲ့ “သမ္မတကြီးထံပေးစာ” ရုပ်ရှင်ဇာတ် ကားရိုက်ကူးခဲ့ပြီး ဒီဇာတ်ကားမှာ နိုင်ငံရေး သတင်းထောက် အဖြစ် သ ရုပ်ဆောင်ရမှာ ဖြစ်တာကြောင့် ဝိတ်ချခဲ့ရကြောင်း ပြောပါတယ်။ ဖွေး အဲဒီဇာတ်ကား မရိုက်ခင်တုန်းက တ ခြားဇာတ်ကားတွေက သိပ်ပိန်စရာ မလိုဘူး။ ဝဝလေးနဲ့ပဲ ရိုက်နေတာပေါ့။ ကိုဝိုင်းကတော့ ဒီ ခက်ခက်ခိုင် ကာရိုက်တာက သတင်းထောက်ဆို တော့ ပြေးလိုက်လွှားလိုက်နဲ့ ဆိုတော့ ဝနေလို့မရဘူးပေါ့။ ဖွေးဝိတ်လျှော့ခဲ့တယ်။ တစ်နေ့ကို ၄၅ မိနစ် ၁နာရီ လောက် နေ့တိုင်းပြေးတယ်။ ရှူတင် ပြီးတာနဲ့ သွားပြေးတယ်။ အဲဒီ ဇာတ်ကား ရုက်ပြီးသွားတော့ တော်တော်တော့ အိုသွားတယ်။ အခုမှ အိပ်ရေးပြန်ဝ တယ်။ ဖွေးပင်ပန်း တာထက် ကိုဝိုင်း လည်း ဆေးတွေဘာတွေ ထိုးလိုက် ရတယ်။ အဲဒီဇာတ်ကားရိုက်တာ အကြာဆုံးပဲ။ တစ်လ နီးပါး လောက်ကြာတယ်။ အမှား အယွင်း မခံတဲ့ ကာရိုက်တာ ပေါ့။ နိုင်ငံရေး သတင်း ထောက်လို ပုံစံမျိုး။ ဒါကို ဝါသနာအရလုပ်တာ။ တကယ်တမ်းက ရှေ့နေ။ အပြင်က ဖွေးဖွေးက ပုဒ်မနံပါတ်တွေ မမှတ်နိုင်ဘူး။ အဲဒီ အတွက် ဒိုင်ယာ လော့ခ်တွေ ကျက် ရတယ်”လို့ အခက် အခဲ တွေကို ပြော ပြခဲ့ပါတယ်။    ခန္ဓာကိုယ် ပိုင်းနဲ့ ပတ် သက် ပြီး ဝေဖန်ကြ တဲ့အပေါ် ဖွေး ဖွေးက…

ဖွေးက တော့ ဖွေးအလုပ်ကိုပဲ ဆက် လျှောက်ရ မယ့်လမ်းကိုပဲ တည့် တည့်ဆက်လျှောက် မှာ ပါ။ ဖွေးဝစရာ လိုရင်ဝမယ်။ ပိန်စရာလိုရင် ပိန်မယ်။ ဖွေးကို ချစ်တဲ့ ပရိသတ်တွေ အတွက် ပဲ ရပ်တည်သွားမှာပါ” လို့ ပြောပါတယ်။ ဖွေးဖွေး ထုတ် လုပ်မယ့် “အကိတ်” အကျီ တွေကိုတော့ ကြော်ငြာ ရိုက် ကူးထားပြီဖြစ်ပြီး ဒီဇင်ဘာ လမှာ ဖြန့်ချိသွားမှာ ဖြစ် ကြောင်းပြောပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- မင်းမင်းထွန်း

 


LEAVE A REPLY

Please enter your comment!
Please enter your name here