‘တာတေကြီး ‘ဇာတ်ကားနဲ့ နေတိုး သုံးထပ်ကွမ်း အကယ်ဒမီ ဆုရှင် ဖြစ်လာတော့မလား

0
337

သရုပ်ဆောင် နေတိုးကတော့ မကြာမီ ရုံတင်ပြသတော့ မယ့် ‘တာတေကြီး’ ရုပ် ရှင်ဇာတ်ကားမှာ အဓိက ဇာတ် ကောင်တစ်ခုဖြစ်တဲ့ တာတေနေရာ က ပါဝင်သရုပ်ဆောင် ရိုက်ကူးခဲ့ပါ တယ်။ ဒီဇာတ်ကားမှာ စိတ်လှုပ်ရှား စရာ သရဲကား တစ်ကားဖြစ်ပြီး လူ တန်းစား ခွဲခြား ဆက်ဆံခံနေရ တဲ့ မိန်းမလျာတို့ ရဲ့ ဘဝကို ဖော် ပြထားတဲ့ ရုပ် ရှင်ဇာတ်ကား တစ်ကား လည်း ဖြစ်ပါတယ်။ ဒီ ရုပ်ရှင်ဇာတ် ကားမှာ သရုပ် ဆောင် နေတိုး က ကာ ရိုက်တာ ငါးခု လောက်နဲ့ ပါဝင် သ ရုပ် ဆောင် ထားပြီး သူ့အနေ နဲ့ ဒီ ဇာတ်ကား မှာ ခက်ခက်ခဲခဲ သရုပ် ဆောင်ခဲ့ ရကြောင်း ကို လည်း အခုလို ပြောပြလာပါ တယ်။

” ‘တာတေ’ ဆိုတဲ့ Gay တစ် ယောက်ရဲ့  ကာ ရိုက်တာကို သရုပ် ဆောင် ရတာကတော့ ကျွန်တော်အ နေနဲ့သာမန် လုပ်ရိုးလုပ်စဉ် မဟုတ် ဘဲ အသစ်တစ်ခု ဖြစ်အောင် ကြိုး စားပြီး သရုပ်ဆောင်ခဲ့ရပါတယ်။ တာတေ ကာရိုက်တာအတွက် အဓိက ပြင်ဆင်ခဲ့ရတာကတော့ မိတ်ကပ် Fashion ပေါ့။ အဲ့ ဒီဟာ နှစ်ခုကတေွာ့ပေ ကာရိုက်တာအတွက် အဓိကကျ တဲ့ အချက်လည်း ဖြစ်တယ်။ ပြီး တော့ စိတ်ခံစားမှု အပိုင်းပေါ့။ ဇာတ်ညွှန်းမှာပါတဲ့အတိုင်း တာတေ ရဲ့ စိတ်ခံစားမူ၊ သဘောထားတွေ လေ့လာရတယ်။ Gay တွေရဲ့ Life တစ်ခုဖြစ်တဲ့ သူတို့ နူးညံ့မူက ဘယ် လောက်ထိ နူးညံ့လဲ၊ သူတို့ရဲ့ ခက် ထန်မူက ဘယ်လောက်ထိ ခက်ထန် တယ်။ သူတို့အပေါ်မှာ ထိတွေ့လာ တဲ့ လူတွေကို ဆက်ဆံတဲ့ ပုံစံတွေ သူ တို့ရင်ထဲမှာ တကယ်ရှိတဲ့ ပရဟိတ စိတ်ခံတွေကိုလည်း ဒီဇာတ် ကားထဲမှာ အနီးစပ်ဆုံး ဖော်ပြထားပါတယ်။ နောက် ပြီး သရဲဝင်ပူးတဲ့အခန်း တွေပါတယ်။ အဲ့ဒီ သရဲဝင် ပူးတဲ့ အခန်းတွေကလည်း ကျွန်တော်အတွက် စိန် ခေါ်မှု တစ်ခုဖြစ်တယ်။ နောက်ပြီး အက်ရှင်ဆန်ဆန် တိုက်ရခိုက်ရတဲ့ ဇာတ်ဝင်ခန်း တွေကလည်း ကျွန်တော်အတွက် တော်တော်လေး ခက်ခဲပါတယ်။ နောက်ထပ်တင်ပြမှုပုံစံနဲ့ နည်းပညာ ပေါင်းစပ်ထားတာကိုလည်း ပီပီ ပြင် ပြင်လေး တွေ့ရတယ်။ ကြောက် စရာ ကောင်းတယ် ဝိညာဉ်ဝင်ပူး တယ် ခြောက်လန့်မှုတွေနဲ့ ဖွဲ့စည်း ထားတဲ့ ဇာတ်ကားဆိုပေမယ့်လည်း ပရိသတ်ကို ဖျော်ဖြမှုပေးထားတဲ့ အပိုင်းတွေလည်းပါတယ်။ တစ်ကား လုံးလည်း ကြောက်လန့်ပြီးတော့ ထိပ်လန့်နေရတာမျိုးလည်း မဟုတ် ဘူး။ တကယ် အနုပညာဆန်တဲ့ ဇာတ်ဝင်ခန်း တွေ၊ စိတ်ထွက်ပေါက် ဖြစ်စေတဲ့ ဇာတ်ဝင်ခန်း တွေလည်း ပါတယ်။ အကောင်းဆုံး ဖြစ်လာဖို့ အားလုံး ပင်ပင်ပန်းပန်း ကြိုးကြိုး စားစား ရိုက်ကူးထားတဲ့ ဇာတ်ကား တစ်ကားပါ”  လို့ ပြောပြခဲ့ပါ တယ်။

ဆက်လက် ပြီး ကာရိုက်တာ ငါး ခုလောက်နဲ့ ခက်ခက်ခဲခဲ သရုပ် ဆောင် ခဲ့တဲ့ ‘တာတေ ကြီး’ ရုပ် ရှင် ဇာတ် ကားက သရုပ်ဆောင် နေတိုး အတွက် သုံး ထပ် ဆင့် အကယ်ဒမီ ဖြစ် လာနိုင်မလားလို့ မေးမြန်းခဲ့ရာ

”အကယ်ဒမီ နဲ့ ပတ်သက်ပြီး ထွေ ထွေထူးထူး မျှော် မှန်း ထား တာတော့ မရှိပါ ဘူး။ဒီဇာတ်ကား က  ပရိသတ် အတွက် ကြိုးစား ခွင့်ရတယ်။ ဒီ ဇာတ်ကား ရိုက်ကူး ကတည်းက ပရိသတ်ကို မတူညီတဲ့ အနုပညာ ရသ ပေးချင်တာကြောင့် ကြိုးစားပြီး ရိုက်ကူးခဲ့တာပါ။ အဲ့ဒါကြောင့်လည်း ကျွန်တော် အနေနဲ့ အကယ်ဒမီ နဲ့ ပတ်သက်ပြီး အမျာကြီး မျှော်လင့် ထားတာ မရှိပါဘူး” လို့ ပြောပြခဲ့ပါ တယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here