မင်းသားတစ်ယောက်က Host လုပ်တဲ့အခါ ပိုမိုလွယ်ကူတာမျိုးရှိသလို ပိုမိုခက်ခဲတာမျိုးလည်း ရှိတယ် စည်သူမောင်

0
153

သရုပ်ဆောင် စည်သူမောင်က အခုလက်ရှိမှာတော့ ပေါ်ပြူလာ ဂျာနယ်နဲ့ MRTV Entertainment တို့ ပူးပေါင်းစီစဉ်တင် ဆက်မယ့် Cele Chit Chat  ဆိုတဲ့ တီဗီပရိုဂရမ် တစ်ခုမှာ Host တစ်ယောက်အဖြစ် ပါဝင် လုပ်ဆောင်နေပါတယ်။ သူ့ အနေနဲ့ကတော့ ဗီဒီယိုဇာတ်ကား တွေ မရိုက်ကူးသေးတဲ့ ကာလက တည်းက Host တစ်ယောက်အနေနဲ့ လုပ်ဆောင်ခဲ့တာတွေ အများကြီး ရှိခဲ့ပါတယ်။ သူက Host လုပ်ဖြစ် ရခြင်းကတော့ သူ့ဇာတ်ကားတွေ မထွက်ဖြစ်သေးတဲ့ ကြားထဲမှာ ပရိသတ်တွေနဲ့ ထိတွေ့ဖို့အတွက် ကော အနုပညာနဲ့ ပတ်သက်ရင် ဘာ ပဲဖြစ်ဖြစ် လုပ်နိုင်တာတွေကို အကုန် လုံးအကောင်းဆုံးဖြစ်အောင် ကြိုး စားချင်တဲ့စိတ်ကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

မင်းသားတစ်ယောက် အနေနဲ့ Host တစ်ယောက်အဖြစ် လုပ်ဆောင်ရတဲ့အခါမှာ ပိုမိုလွယ် ကူတာမျိုးတွေ ရှိသလို ပိုမိုခက်ခဲတာ မျိုးတွေလည်း ရှိတယ်ဆိုတဲ့ စည်သူ မောင်က…”လွယ်ကူသွားတာက ဘာလဲဆိုတော့ ကျွန်တော်တို့ အနု ပညာသမားဆိုတော့ ကင်မရာကို မစိမ်းဘူးဗျ။ ကင်မရာကို မကြောက် တော့ဘူး။ အဲဒီ့အခါကြတော့ ကင်မရာ ရှေ့မှာ လုပ်တဲ့အရာတိုင်းက သက် တောင့်သက်သာရှိနေမယ်။ ကြည့်ရ တဲ့ ပရိသတ်တွေအတွက်ကော ကျွန် တော်တို့အတွက်ကောပေါ့။ အဲဒီလိုဆို တော့ ဒါကလွယ်ကူ သွားတဲ့အပိုင်းပေါ့။”သရုပ်ဆောင် စည်သူမောင်က အခုလက်ရှိမှာတော့ ပေါ်ပြူလာ ဂျာနယ်နဲ့ MRTV Entertainment တို့ ပူးပေါင်းစီစဉ်တင် ဆက်မယ့် Cele Chit Chat  ဆိုတဲ့ တီဗီပရိုဂရမ် တစ်ခုမှာ Host တစ်ယောက်အဖြစ် ပါဝင် လုပ်ဆောင်နေပါတယ်။ သူ့ အနေနဲ့ကတော့ ဗီဒီယိုဇာတ်ကား တွေ မရိုက်ကူးသေးတဲ့ ကာလက တည်းက Host တစ်ယောက်အနေနဲ့ လုပ်ဆောင်ခဲ့တာတွေ အများကြီး ရှိခဲ့ပါတယ်။ သူက Host လုပ်ဖြစ် ရခြင်းကတော့ သူ့ဇာတ်ကားတွေ မထွက်ဖြစ်သေးတဲ့ ကြားထဲမှာ ပရိသတ်တွေနဲ့ ထိတွေ့ဖို့အတွက် ကော အနုပညာနဲ့ ပတ်သက်ရင် ဘာ ပဲဖြစ်ဖြစ် လုပ်နိုင်တာတွေကို အကုန် လုံးအကောင်းဆုံးဖြစ်အောင် ကြိုး စားချင်တဲ့စိတ်ကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။ မင်းသားတစ်ယောက် အနေနဲ့ Host တစ်ယောက်အဖြစ် လုပ်ဆောင်ရတဲ့အခါမှာ ပိုမိုလွယ် ကူတာမျိုးတွေ ရှိသလို ပိုမိုခက်ခဲတာ မျိုးတွေလည်း ရှိတယ်ဆိုတဲ့ စည်သူ မောင်က…”လွယ်ကူသွားတာက ဘာလဲဆိုတော့ ကျွန်တော်တို့ အနု ပညာသမားဆိုတော့ ကင်မရာကို မစိမ်းဘူးဗျ။ ကင်မရာကို မကြောက် တော့ဘူး။ အဲဒီ့အခါကြတော့ ကင်မရာ ရှေ့မှာ လုပ်တဲ့အရာတိုင်းက သက် တောင့်သက်သာရှိနေမယ်။ ကြည့်ရ တဲ့ ပရိသတ်တွေအတွက်ကော ကျွန် တော်တို့အတွက်ကောပေါ့။ အဲဒီလိုဆို တော့ ဒါကလွယ်ကူ သွားတဲ့အပိုင်းပေါ့။”

“ခက်ခဲတဲ့ အပိုင်းက ဘာလဲဆိုတော့ မင်းသား မင်းသမီးဆိုတာက ဒါရိုက်တာကကော ကင်မရာမန်း ကရော ဇာတ်ပို့ ဇာတ်ရံတွေကရော အကုန်လုံးက မင်းသား မင်းသမီးကို အဓိက ထားပြီးတော့ ပံ့ပိုးပေးကြတာ လေ။ ဒါပေမဲ့ Host လုပ်တဲ့ အချိန်မှာတော့ ကျွန်တော်တို့ မင်းသားဆိုတဲ့စိတ်ကို ဖျောက်ထားရပါတယ်။ အတ္တ ကြီးလို့ မရပါဘူး။ ကျွန်တော်တို့သည် ကိုယ်ရိုက်ကူးတဲ့ ပရိုဂရမ်တစ်ခုကို ပံ့ပိုးပေးရတဲ့ လူတစ်ယောက်လည်း ဖြစ်သွားတယ်။ အခြေအနေ တစ်ခု ကပြောင်းပြန် ဖြစ်သွားတယ်။ အခု Cele chit chat ဆိုတဲ့ ပရိုဂရမ်တစ်ခု ကိုရိုက်တယ်။ အဲဒီမှာ ကျွန်တော်ရယ် ညီမလေး ပန်းသော်တာရယ် က Host ဖြစ်တယ်။ ကျွန်တော်တို့က ဒီ ပရိုဂရမ်ရယ်၊ ဒီမှာလာပြီးတော့ ဖြေကြား ပေးမယ့် Cele တွေကို ကျွန်တော်တို့ က ဘယ်လိုပံ့ပိုး ပေးရမလဲပေါ့။ ကြည့်တဲ့ ပရိသတ်တွေက Cele တွေ ဖြေတဲ့ အဖြေတွေနဲ့ ကျွန်တော်တို့ရဲ့ အမေးအဖြေတွေကို ပရိသတ်တွေ အနေနဲ့ သဘောကျ သွားအောင် စိတ်ဝင်စားသွား အောင် ကျေနပ်သွား အောင် ကျွန်တော်တို့ ဘယ်လိုပံ့ပိုး ပေးရမလဲပေါ့။ စိတ်ကိုယ်က အစ ကျွန်တော်တို့ လုံးဝပြောင်းလိုက် ရပါတယ်။ နေရာတိုင်းမှာ ငါက မင်းသားပဲ ဆိုပြီးတော့ လုပ်လို့မရပါဘူး။ ဒီပရိုဂရမ်မှာ လာဖြေတဲ့ Cele တွေ က မင်း သား မင်းသမီးတွေပါ။ ကျွန် တော်တို့က ဇာတ်ပို့ဖြစ်သွားပြီ။ ကိုယ် က Host အနေနဲ့ ဘယ်လိုကောင်း အောင် Support လုပ်ပေးရမလဲဆို တာပေါ့။ အဲဒါလေးကတော့ ပြောင်းသွားတယ်” လို့ စည်သူမောင် က ပြောပြ ပါတယ်။

အခုလက်ရှိမှာတော့ မီဒီယာ လော ကကပိုမိုကျယ်ပြန့်လာပြီး TV ပရိုဂရမ် အစီအစဉ်တွေကလည်း ပြည်သူတွေ စိတ်ဝင်စား နိုင်စေ ဖို့ တစ်ခုနဲ့တစ်ခု အပြိုင်အဆိုင် စီစဉ်တင်ဆက်နေကြ ပါတယ်။ အဲ ဒီအခါမှာတော့ ပရိုဂရမ်တွေ တင်ဆက်တဲ့အခါ Host တွေရဲ့ ကဏ္ဍက လည်း အရေးကြီးလို့ နေပါတယ်။

ဒါကြောင့်လည်း Hostတစ်ယောက်ဖြစ်ချင်ကြတဲ့ လူငယ်တွေအတွက် စည်သူ မောင်ရဲ့ အကြံပြုစကားကတော့ ….   “ကိုယ်လုပ်ရမယ့် Subject  နဲ့ ပတ်သက်ပြီး တော့ လေ့လာ ထားဖို့ လိုပါတယ်။ ဥပမာ- ဒီ Cele chit chat ဆို ရင်လည်း ဒီမှာ မေးရ မယ့် မေးခွန်း တွေနဲ့ ပတ်သက်ပြီး လို့ပဲဖြစ် ဖြစ် ကိုယ်မေးရမယ့် Cele အကြောင်း ကိုပဲ ဖြစ်ဖြစ် ရင်း နီး ထားမယ်၊ သိ ထားမယ် ဆိုရင်ပို ကောင်းပါ တယ်။ တစ် ယောက်နဲ့ တစ် ယောက် ရင်းနီး တဲ့အခါ စကား ပြောလို့ ဆိုလို့ ပို ကောင်းတာ ပေါ့။ ကိုယ်လုပ် မယ့် ပရိုဂရမ် အတွက် ဘာ တွေလိုအပ်လဲ ဆိုတာ လေ့ လာထားရမယ်။ နောက် တစ်ခုက သီချင်း ပရိုဂရမ်နဲ့ ပတ်သက်တာ ဆိုရင်လည်း သီချင်း ပရိုဂရမ်နဲ့ ပတ် သက်တာ မျိုးတွေကို လေ့လာ ထား ရမယ်”လို့ ပြောပါတယ်။ ပေါ်ပြူလာ ဂျာနယ်နဲ့ MRTV Entertainment နဲ့ ပူးပေါင်း စီစဉ်ပြီး စည်သူ မောင်နဲ့ ပန်းသော်တာတို့ Host  အဖြစ် တင်ဆက်တဲ့ Cele Chit chat ကိုတော့ နိုဝင်ဘာလ ၁၁ ရက်နေ့မှ စတင်ကာ အပတ်စဉ် စနေ၊ တနင်္ဂနွေရက်များမှာ ပြသသွားမှာ ဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here