အနုပညာ လုပ်ကိုင်ခွင့်ပိတ်သိမ်းခဲ့တဲ့ လူကြီးတွေကို ဦးကျော်သူ နာကြည်းမုန်းတီး မိပါသလား

0
238

အနုပညာလုပ်ကိုင်ခွင့်ကို ကာလအတန်ကြာ အပိတ်ခံခဲ့ရတဲ့ ရုပ်ရှင်မင်းသားကျော်သူ (သို့မဟုတ်) နာရေးကူညီမှုအသင်းဥက္ကဌ ဦးကျော်သူက အခုဆို အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်ခွင့်ရလာတဲ့အခါမှာ ရုပ်ရှင်ဇာတ်ကားတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေရိုက်ကူးရင်း ဝါသနာပါရာ ပရဟိတလုပ်ငန်း တွေမှာလည်း လစ်ဟင်းမှုမရှိ ဆောင်ရွက်လို့နေပါတယ်။ အနုပညာလုပ်ကိုင်ခွင့် အပိတ်ခံခဲ့ရတဲ့အတွက် မိမိရဲ့ငယ်ရွယ်နုပျိုမှုတွေ၊ အောင်မြင်ကျော်ကြားမှုတွေကို စွန့်လွှတ်လိုက်ရတဲ့အတွက် အဲဒီလိုလုပ်ခဲ့တဲ့သူတွေကို နာကျည်းမုန်းတီးစိတ်တွေ ဖြစ်မိလားဆိုတဲ့ အမေးကိုဦးကျော်သူနဲ့ဆုံခိုက် မေးမြန်းဖြစ်တဲ့အခါမှာ… အနုပညာလုပ်ကိုင်ခွင့်ကို ကာလအတန်ကြာ အပိတ်ခံခဲ့ရတဲ့ ရုပ်ရှင်မင်းသားကျော်သူ (သို့မဟုတ်) နာရေးကူညီမှုအသင်းဥက္ကဌ ဦးကျော်သူက အခုဆို အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်ခွင့်ရလာတဲ့အခါမှာ ရုပ်ရှင်ဇာတ်ကားတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေရိုက်ကူးရင်း ဝါသနာပါရာ ပရဟိတလုပ်ငန်း တွေမှာလည်း လစ်ဟင်းမှုမရှိ ဆောင်ရွက်လို့နေပါတယ်။ အနုပညာလုပ်ကိုင်ခွင့် အပိတ်ခံခဲ့ရတဲ့အတွက် မိမိရဲ့ငယ်ရွယ်နုပျိုမှုတွေ၊ အောင်မြင်ကျော်ကြားမှုတွေကို စွန့်လွှတ်လိုက်ရတဲ့အတွက် အဲဒီလိုလုပ်ခဲ့တဲ့သူတွေကို နာကျည်းမုန်းတီးစိတ်တွေ ဖြစ်မိလားဆိုတဲ့ အမေးကိုဦးကျော်သူနဲ့ဆုံခိုက် မေးမြန်းဖြစ်တဲ့အခါမှာ…

”ဒီအနုပညာ အလုပ်တွေကိုပိတ်ခဲ့တဲ့ အရင်လူကြီးဟောင်းတွေပေါ့လေ။ သူတို့ပိတ်ခဲ့လို့လည်း ကျွန်တော် ပရဟိတလုပ်ငန်းမှာ တကယ့်ထဲထဲဝင်ဝင်နဲ့ နေ့ရော၊ ညရော ကျွန်တော်အချိန်ပေးပြီး လုပ်နိုင်ခဲ့တယ်။ အဲဒီအတွက် ကျွန်တော်ကုသိုလ်တွေရတယ်။ ကျွန်တော်ရခဲ့တဲ့ အဲဒီကုသိုလ်တွေကိုလည်း သူတို့ကိုအမျှဝေတယ်။ သူတို့ ကျေးဇူးကြောင့် အများကိုကူညီတဲ့ကိစ္စတွေ ပိုလုပ်နိုင်တာ။ ကျွန်တော့်ကို ပါရမီဖြည့်တယ်လို့ပဲ သဘောထားတယ်။ စိတ်လည်း မဆိုး ဘူး။ ကျေးဇူးလည်းတင်တယ်။ သာဓုလည်းခေါ်ပါတယ်” လို့ ပြောပါတယ်။

ဦးကျော်သူရဲ့ ပထမဆုံး ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ ‘ပဉ္စလက်ရွာ’ ဇာတ်လမ်းတွဲဟာ ဘယ်လောက် အထိ ပေါက်သလဲဆိုရင် ကလေးတွေက ဦးကျော်သူကို အပြင်မှာတွေ့ရင် ‘ပဉ္စလက်ရွာ’ထဲက ဦးမာဃကြီးဆိုပြီး ကြောက်နေကြတဲ့အထိပါပဲလို့ သူကရယ်ရယ်မောမော ပြောပြပါတယ်။ အခုဆိုရင် တစ်ချိန်ကအောင်မြင်ခဲ့တဲ့ ‘ဒဏ္ဍာရီထဲကသတို့သမီး’ ဆိုတဲ့ ဇာတ်ကားကို ဦးကျော်သူက ‘ပုဂံမြို့သူ’ ဆိုတဲ့ နာမည်နဲ့ ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးတော့မှာပါ။ ရုပ်ရှင်ဇာတ်ကားတုန်းကလည်း ဒါရိုက်တာအဖြစ်ဆောင်ရွက်ခဲ့ပြီး ရုပ်သံဇာတ်လမ်းတွဲမှာလည်း ဒါရိုက်တာအဖြစ် ဆောင်ရွက် မယ့် စာရေးဆရာ မောင်သိန်းဆိုင်ရဲ့ ‘ပုဂံမြို့သူ’ ဝတ္တုနဲ့ ပတ်သက်ပြီး ဦးကျော်သူက…

”Location ကတော့ ပုဂံမြို့သူ ဆိုတော့ ပုဂံညောင်ဦးပေါ့။ အဲဒီ ဘက်မှာရိုက်ရမယ်။ ရိုက်ဖို့ကတော့ ကျွန်တော်တို့ ဒီဇင်ဘာလထဲမှာ စရိုက်မယ်။ ရိုက်ရက်ကတော့ ၃လ လောက် ကြာမယ်။ ဒီကားမှာ မင်းသားက ဏျပခ့သ ဆန်ဆန်လုပ်ရမှာဖြစ်တဲ့အတွက် မျက်လုံးအရေး ကြီးတယ်။ ထုတ်လုပ်သူဘက်က မင်းသားကို ဒေါင်းကောင်းတယ်လို့ ပြောတယ်။ ကျွန်တော် ဒေါင်းကိုတွေ့ကြည့်တဲ့အခါမှာ သဘောကျတယ်။ သူဖြစ်နိုင်တယ်ပေါ့။ မင်းသမီး မေမြင့်မိုရ်ကလည်း ကျွန်တော့်ဇာတ်ကောင်နဲ့ လိုက်ဖက်မယ်လို့ယုံကြည်တယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here