၂ဝ၁၆ ခုနှစ် အမျိုးသားစာပေ(ဝတ္ထုရှည်) ဆုရရှိသူ ဆရာညီပုလေးအား အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းက ဂုဏ်ပြု

0
299

‘ထက်မြက်တဲ့ ဓားသွားပေါ်က ချိုမြမြပျားရည်စက်’ စာအုပ်ဖြင့် ၂ဝ၁၆ ခုနှစ် အမျိုးသားစာပေ (ဝတ္တုရှည်)ဆု ရရှိသူ ဆရာညီပုလေးအား အထက်ဗမာ နိုင်ငံစာရေး ဆရာအသင်းက ဂုဏ်ပြုသည့်အခမ်းအနားကို နိုဝင်ဘာ ၁ ရက်နေ့ နံနက် ၉ နာရီက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ Community Center ၌ ကျင်းပပြုလုပ်ခဲ့သည်။

ယင်း အခမ်းအနားတွင် ဆရာသိုက်ထွန်းသက်၊ ဆရာဆူးငှက်၊ ဆရာသိန်း သန်းဦး၊ ဆရာဦးအောင်ဆန်းဦး (အောင်သမာဓိ)တို့က ဂုဏ်ပြုစကားများပြော ကြားခဲ့ကြပါသည်။

”ဒီဆုရလို့ ဝမ်းသာပါတယ်၊ မိဘနှစ်ပါးနဲ့ထပ်တူ ဆရာကြီးဒေါက်တာ ဦးသိန်းလှိုင်ကို ကျေးဇူးတင်ပါတယ်။ ဆရာကြီး နာဂသိန်းလှိုင် လို အနစ်နာခံ စွန့်စားပြီး နာဂတိုင်းရင်းသားတွေပေါ်မှာ ချစ်မြတ်နိုးတဲ့ဆရာဝန်တွေ မြန်မာ ပြည်မှာရှိခဲ့တယ်ဆိုတာ သိစေချင်တဲ့ရည်ရွယ်ချက်နဲ့ ရေးသားခဲ့တာပါ”ဟု အမျိုးသားစာပေဆုရ ဆရာညီပုလေးက ပြောပြသည်။

‘ထက်မြက်တဲ့ ဓားသွားပေါ်က ချိုမြမြပျားရည်စက်’ စာအုပ်ဟာ  မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က နာဂတောင်တန်းဒေသဆို သွားရောက်နေထိုင်ပြီး လူထုအကျိုးပြု ပရဟိတလုပ်ငန်းတွေလုပ်ကိုင်ခဲ့သည့် ဆရာဝန်တစ်ယောက်၏ အတ္တုပ္ပတ္တိအကြောင်းကို အခြေခံရေးသားထားကြောင်း ဒီဝတ္တုကို ဒေါက်တာဇော်ထွန်းက အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုကာ ထုတ်ဝေထားကြောင်း သိရှိရပါသည်။ ထို့အပြင်  မိုးကုတ်မြို့ စာပေချစ်သူများက ချီးမြှင့်တဲ့ သဟာယ စာပေဆုနဲ့ ရန်ကုန်မြို့ Book Center မှ ချီးမြှင့်တဲ့ စာပေဆုများလည်း ရရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here