မီဒီယာများ၏ တင်ဆက်မှု ပုံစံသစ်များနှင့် အနုပညာရှင်တို့အတွက် ကောင်းကျိုး၊ ဆိုးကျိုး

0
173

လက်ရှိ မျက်မှောက်ခေတ်ကာလ၌ ရုပ်သံမီဒီယာများ၊ အွန်လိုင်းမီဒီယာများ၊ ပရင့်မီဒီယာများ စုံစုံလင်လင်ဖြင့် တင်ဆက်မှု ပုံစံမျိုးစုံစွာတည်ရှိနေပြီဖြစ်သည့် အနေအထားတစ်ခုတွင် အနုပညာရှင်တို့အတွက် ဘာတွေ ကောင်းကျိုးဖြစ်ထွန်းစေမလဲ၊ ဘယ်အရာတွေက အဆိုးတွေဖြစ်စေ မလဲ စသည်တို့နှင့် ပတ်သက်ပြီး အနုပညာရှင်အချို့ကို မေးမြန်းထား သည်များအား စုစည်းတင်ဆက်လိုက်ပါသည်။

Sophia Everest

မီဒီယာတွေ များလာတာက ညီမတို့အတွက် ပရိသတ်တွေနဲ့ ရင်းနှီးမှု ပိုရှိသွားတာပေါ့နော်။ မဂ္ဂဇင်း၊ ဂျာနယ်၊ ဖေ့စ်ဘုတ်က Page တွေ၊ ရုပ်သံမီဒီယာတွေ အကုန်လုံးက ညီမတို့အနုပညာရှင်တွေ အတွက်ကောင်း တာပေါ့နော်။ ဒီအတိုင်းဆိုရင် ပရိ သတ်တွေကလည်း ကိုယ့်အကြောင်း ကို သိမှာမဟုတ်ဘူး။ မီဒီယာတွေက နေတစ်ဆင့် သိတာဆိုတော့ ကောင်းတာတွေက များပါတယ်။ မကောင်းတာ တစ်ခုကကျတော့ ကိုယ်ရည်ရွယ်ပြီးပြော လိုက်တဲ့ဟာ တစ်ခုကို သူတို့နားလည်သွားတာနဲ့ နားလည်မှုလွဲသွားတဲ့ အခါကျရင်တော့ မကောင်းဘူးပေါ့နော်။ အဲဒါလေးတစ်ခုပါပဲ။

ဆုပန်ထွာ

မပန်တို့ မင်းသမီး စဖြစ်တုန်းက ဆိုရင် ဂျာနယ်တွေ၊ မဂ္ဂဇင်း တွေပဲရှိခဲ့တယ်။ အွန်လိုင်း မီဒီယာဆိုတာ မပေါ်ကြသေးဘူး။ အခုနောက်ပိုင်းမှာတော့ အွန်လိုင်းကနေတစ်ဆင့် မပန်တို့လို အနုပညာရှင်တွေရဲ့သတင်းတွေလည်း ဖတ်လို့ရပြီ။ မပန်တို့လို သရုပ်ဆောင်တွေရဲ့ လှုပ်ရှားမှုတွေ၊ မိသားစု အကြောင်းအရာ တွေ၊ Life အကြောင်းတွေ ပရိသတ်တွေပိုသိလာရတာပေါ့။ ပရိ သတ်တွေနဲ့လည်း အရင်ကထက်ပိုပြီး ရင်းနှီးမှုတွေရကြတယ်။ ဒါပေမဲ့ တချို့တွေကို အွန်လိုင်းမှာ မပန်တို့တွေ့ရတာက ဘာလာလာ မကောင်းတဲ့ ကွန်မန့်တွေပေးတာမျိုး လည်းတွေ့ရ တယ်။ ဒါမျိုးတွေကတော့ အလွန် အကျူးဆို မကောင်းဘူးပေါ့။ ခြုံပြီးကြည့်ရင်တော့ မီဒီယာလောကကြီး လည်း အွန်လိုင်းပေါ်မှာ ပါ ကျယ်ပြန့်လာတာပါ။

ဂုဏ်ရည်အေးကျော်

ခုလို Media တွေ အများကြီးပေါ်လာတာ ကတော့ ဂုဏ်ရည်တို့လို့ အနုပညာရှင်တွေ အတွက် ကောင်းတာရှိသလို၊ မကောင်းတာ လည်းရှိပါတယ်။ မီဒီယာတွေ များလာတာက ဂုဏ်ရည်တို့လို အနုပညာရှင်တွေ အနေနဲ့ ပရိ သတ်နဲ့ ထိတွေမှု ရှိတယ်။ကိုယ့် ဂျာနယ်ရောင်းအား ကောင်းအောင် ကိုယ် Page Follower တိုးဖို့တစ်ခုတည်းနဲ့ သူများကို နစ်နာအောင်လုပ်တဲ့ မီဒီယာမျိုးမဟုတ်ပဲ နှစ်ဦးနှစ်ဘက်အဆင်ပြေတယ်။ နှစ်ဦးနှစ်ဘက် အကျိုးရှိ အောင်လုပ်တဲ့ မီဒီယာမျိုးဆိုရင်တော့ ဂုဏ်ရည်တို့လက်ခံပါတယ်။ အားပေးပါ တယ်။ ပြီးခဲ့တဲ့တစ်လောက ဆိုရင် မီဒီယာတစ်ခုက ဂုဏ်ရည်မဖြေထားတဲ့ဟာ ကို တင်ထားတယ်း။ မေးခွန်းတွေ အများကြီး မေးပြီးတော့ အချင်းချင်းစနောက် ပြီးပြောလိုက်တာ တစ်ခုတည်းကို ရွေးပြီး တင်လိုက်တယ်။ အဲ့ဒါကို မထည့်နဲ့ လို့တောင်ပြောလိုက်သေးတယ်။ အဲဒီလိုမျိုး ဂုဏ်ရည်သီးခံလိုက်ရပါတယ်။ ဘာပဲဖြစ်ဖြစ် မီဒီယာ ကျင့်ဝတ်နဲ့ညီတဲ့ သူ့ဘက် ကိုယ့်ဘက်ကြည့်တတ်တဲ့ မီဒီယာမျိုးဆိုရင်တော့ ဂုဏ်ရည်တို့ အားပေးပါတယ်။

လမင်းကဗျာ

အခုချိန်မှာ အရင်ကထက် Media တွေလည်းအများကြီး ပေါ်လာကြပြီ။ ဒီလိုလေးပေါ်လာတာလည်း ကောင်းပါတယ်။ ညီမတို့လို အနုပညာ သမားတွေအတွက်လည်း ကောင်းတယ်။ ပရိသတ်တွေနဲ့က အဆက်အသွယ် မပျက်တော့ဘူးပေါ့။ တစ်နည်းအားဖြင့် ပရိသတ်တွေနဲ့လည်း တစ်မျိုးတစ်ဖုံ အဆက်အသွယ် ရတာပါပဲ။ ဒါကြောင့် ကောင်းတယ်လို့ပဲ ညီမမြင်မိတယ်။ အွန်လိုင်းပေါ်မှာလည်း ကိုယ့်သတင်းလေး တွေ ပြန်ဖတ်လို့ ရနိုင်တယ်။ ကိုယ့်အကြောင်းကိုသိချင်တဲ့ ပရိတ်သတ် တွေလည်း အွန်လိုင်းပေါ်မှာ စုံစုံလင်လင်နဲ့ မြင်တွေ့လို့ရနိုင်တယ်။ အားပေလို့ရတာပေါ့။ ဒါပေမဲ့ မီဒီယာတွေများလာတော့ သွားတာ၊ လာတာ၊ အပြောအဆို၊ အနေအထိုင်လေးတွေတော့ နည်းနည်းဆင်ခြင်ရတယ်။ ပရိသတ်တွေလည်း မြင်နိုင်တော့လေ။


LEAVE A REPLY

Please enter your comment!
Please enter your name here