သြစတြေးလျတွင် တစ်ကိုယ်တော် ဖျော်ဖြေပွဲ ပြုလုပ်မယ့် ဆောင်းဦးလှိုင်

0
162

ဆောင်းဦးလှိုင်က နိုဝင်ဘာလ ၁၁ ရက်နေ့ကျရင် Australia နိုင်ငံ၊ Sydney မြို့မှာOne Man Show ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲက သက်ကြီးရွယ်အိုများ အတွက် ရန်ပုံငွေရှာတဲ့ ပွဲဖြစ်တဲ့အတွက် ပရိသတ်တွေအားလုံး အနေနဲ့လည်း လာရောက် ကုသိုလ်ယူနိုင်ကြစေဖို့ ဆောင်းဦးလှိုင်က ဖိတ်ခေါ်ထားပါတယ်။ ဒီပွဲနဲ့ပတ်သက်ပြီး ဆောင်းဦးလှိုင်က…

“ဖြတ်သန်းနေရတဲ့ ကျွန်တော့်ဘဝခရီးစဉ်မှာ ဝမ်းနည်းပင်ပန်းစရာ ကိစ္စများစွာ ရှိခဲ့ပေမယ့် ကျနော်အကောင်းဆုံး ကြိုးစား သီဆိုနိုင်ပါလိမ့်မယ်။ Sydney ပရိသတ်ဆိုတာ မကြာသေးမီနှစ်များ အတွင်း ကျွန်တော့်ရဲ့ ဖျော်ဖြေမှုကို အများဆုံး ကြည့်ရှုခွင့် ရခဲ့သူများ ဖြစ်သလို ကျွန်တော့်ကို စိတ်ဓါတ် ခွန်အားအပေးနိုင်ဆုံး ပရိသတ်များ ရှိရာမြို့ဖြစ်ပါတယ်။ သက်ကြီးရွယ်အိုများ အတွက် ရံပုံငွေရှာတဲ့ပွဲမို့ ကုသိုလ် အတူယူကြပါဦးစို့” လို့ ပြောပါတယ်။
ဆက်လက်ပြီးလည်းလုပ်ဆောင်သွားမယ့် ဂီတလှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ ဆောင်းဦးလှိုင်က…

“ကျွန်တော့်ဘဝတစ်လျှောက် ရေးခဲ့သမျှသီချင်းတွေထဲက ပရိသတ်အကြိုက် ကျွန် တော့်အကြိုက် အကောင်းဆုံး ရွေးထုတ် ပြန်လည်တီးခတ်သီဆိုပြီး အခွေ ထုတ်လုပ်ပါ့မယ်။ ထုတ်လုပ်လိုသူ Producer ကအသင့်ပါ။ ကျွန်တော့်ဘက်က အားစိုက်ဖို့ အဆုံးသတ်ဖို့ လိုနေတာပါ။ လူမှုရေး၊ နိုင်ငံရေး activist အ နေနဲ့ကတော့ အများပြည်သူ အမှန် တကယ် အကျိုးရှိမယ့်ကိစ္စ တွေကို သာ ရွေးချယ် ဆောင်ရွက်ပါတော့မယ်။ Online မှာအများပြည်သူ စိတ်ဓာတ်ခွန်အား တက်စေမယ့် သီချင်းလေးတွေ မကြာမကြာ တင်ပေးပါ့မယ်”လို့ ပြောပြခဲ့ပါ တယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here