သားနှစ်ယောက်လုံး ရဲ့ နာမည်နောက်မှာ ဝေလျှံဆိုတာ ထည့်ချင်တယ်ဆိုတဲ့ အမြွှာလေးတို့အဖေ ဝေလျှံ

0
397

 

အဆိုတော် ဝေလျှံရဲ့ဇနီးက သားဦးအမွှာလေးနှစ်ယောက်ကို အောက်တိုဘာလ ၂၁ ရက်နေ့က မွေးဖွားခဲ့ပြီ ဖြစ်ပါတယ်။ သား အမြွှာလး နှစ်ဦးလုံးက ပေါင်ချိန်တူ ၄ ပေါင် ၁၃အောင်စနဲ့ မွေးဖွားခဲ့ပြီး ကလေးတွေရဲ့ နာမည်နောက်မှာ တော့ ဝေလျှံဆိုတာကို ထည့်သွားမယ် လို့ ဆိုပါတယ်။ အမြွှာလေးတို့ရဲ့ ဖခင်ဖြစ်သွားပြီ ဖြစ်တဲ့ ဝေလျှံရဲ့ ရင်ထဲက စကားသံတွေက…

“ကလေးနှစ်ယောက်စလုံးက ပေါင်ချိန် အတူတူပါပဲ။ ၄ ပေါင်နဲ့ ၁၃ အောင်စပါ။ အခုကလေးတွေ ရော မိခင်ပါ ကျန်းမာကြပါတယ်။ ကလေးတွေကို တွေ့ရတော့ တအား လည်းပျော်တယ်။ ကလေးတွေ အတွက် လည်း ဖခင်တစ်ယောက် အနေနဲ့ သူတို့အတွက် ဆိုတာမျိုးတွေး ပြီး အလုပ်တွေ အများကြီး လုပ်ချင်ပါ တယ်။ ဖခင်တစ်ယောက်ရဲ့ တာဝန် ကိုလည်း ပိုပြီးသိသာလာပါတယ်။ သူငယ်ချင်းတော်တော်များများ ကတော့ ကျွန်တော့်ကို နောက်တယ်။ ကလေးက ကလေးပြန်မွေးတယ် ဆိုပြီး ပေါ့လေ။ အမှန်တကယ်က ကျွန်တော် အသက်လည်း သိပ်တော့ မငယ်တော့ပါဘူးလေ။ နောက်ပြီး Dယံနဲ့လည်း ရှေ့ဆင့်နောက်ဆင့် ပါပဲ။ Dယံရဲ့ မိန်းမ ကလေးမွေးတာကို သွားကြည့်ပြီး နောက်နေ့ ကျွန်တော့် မိန်းမက စောမွေးတာပေါ့။ အမြွှာ လေးနှစ်ယောက်အတွက် နာမည် တွေတော့ မစဉ်းစားရသေးဘူး။ သူတို့ရဲ့ နာမည် အနောက်မှာတော့ ဝေလျှံဆိုတာလေးတော့ ထည့်ဖြစ်မှာ ပါ” လို့ ပြောပြပါတယ်။

 မြတ်မိုးပွင့်

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here