ဦးဇင်ဝိုင်း၊ သျှီတို့နဲ့အတူ တရုတ်နိုင်ငံ သွားရောက် လေ့လာမယ့် ဒါရိုက်တာ ကြည်ဖြူသျှင်

0
196

 

ဒါရိုက်တာကြည်ဖြူသျှင်က တရုတ်နိုင်ငံမှာ ပြုလုပ်မယ့် Microfilm Art Festival နဲ့ Trade Fair ကိုဦးဇင်ဝိုင်း၊ သျှီတို့နဲ့အတူ တက်ရောက်ဖို့ နိုဝင်ဘာ၅ရက်နေ့က တရုတ်နိုင်ငံဆီ ထွက်ခွာသွားမှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်ကလေ့လာရေးခရီးစဉ်တစ်ခုပဲဖြစ်ပြီး ဖိတ်ကြား မှုကတော့ စီးပွားကူးသန်းဝန်ကြီးဌာနဆီ ဖိတ်ကြားလာ တာဖြစ်ပြီး စီးပွားရေးနဲ့ ရုပ်ရှင်ပွဲတော်ကို တွဲဖက် ကျင်းပ မယ့်ပွဲတော်တစ်ခုဖြစ်တယ်လို့ သိရပါတယ်။

“ပြောမယ်ဆိုရင် သူတို့ဖိတ်ကြားတာတောင်မှ အစ်မတို့ ရုပ်ရှင်အစည်းအရုံးဘက်ကို လာတာ မဟုတ်ဘူး။ စီးပွားကူးသန်းဘက်ကို ကုန် သွယ်ရေးနဲ့ပတ်သက်ပြီး ဖိတ်ကြားရင်းနဲ့မှ ပြည်ထောင်စုဝန်ကြီးက ရုပ်ရှင်လောက သားတွေကိုလည်း ဖိတ်သင့် တယ်ဆိုပြီး ပြောလိုက်တဲ့အခါ ပွဲတော်ဘက်ကနေ ဖိတ်ကြားပေးတာပါ။ ပြောရမယ်ဆိုရင် အစ်မ တို့ရုပ်ရှင်လောကသားတွေအနေနဲ့ သွားရောက်ရတဲ့ ပွဲတော်တော်များများက ရုပ်ရှင်နဲ့ ပတ်သက်တဲ့ ကျင်းပတဲ့ပွဲတွေကြီးပဲ။ ဒီလိုမျိုး စီးပွားရေးနဲ့ ပတ်သက်တဲ့ ကုန်စည် ပြပွဲနဲ့ ရုပ်ရှင်တို့ကိုတွဲပြီး ကျင်းပတယ်ဆိုတာ ပထမဆုံးအစ်မတို့ သွားဖူးချင်းပါပဲ။ ဒီပွဲကတော့ ပထမဆုံးအတွေ့ အကြုံဖြစ်တယ်။ ဒီကနေမှတစ်ဆင့် နောက်ထပ်ကိုယ့် ရုပ်ရှင်လောကအနေနဲ့ ရှေ့ဆက်ပြီးတော့ နောက်နှစ်တွေမှာ ဘာတွေထပ်လုပ်လို့ရလည်းဆိုတာ ပြင်ဆင်မှုတွေအတွက်ကိုရမယ်။ အရင်ကတည်းကလည်း အနုပညာနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံနဲ့က ချိတ်ဆက်မှုတွေရှိပါတယ်။ ပြီးခဲ့တဲ့အစိုးရ လက်ထက်တုန်းကဆိုရင်လည်း ဇာတ်လမ်းတွဲ ရိုက်ခဲ့တာမျိုး တွေရှိတယ်။ နောက်ထပ်လည်းရှိလာနိုင်တယ်။ ဒီပွဲကနေ ပြီးတော့တစ်ခုခုသော အလားအလာတွေ ရလာနိုင်မယ် လို့အစ်မတို့ထင်တယ်” လို့ ခရီးစဉ်နဲ့ပတ်သက်လို့ ဒါရိုက်တာကြည်ဖြူသျှင်က ပြောပါတယ်။ ဒီခရီးစဉ်က နိုဝင်ဘာ ၆ ရက်နေ့မှ ၁၂ ရက်နေ့အထိ ပြုလုပ် သွားမှာဖြစ်ပြီး မြန်မာအနုပညာရှင်အဖွဲ့ကတော့  ၉ ရက်နေ့မှာ မြန်မာနိုင်ငံကိုပြန်လာမယ်လို့ သိရပါတယ်။ ဒီပွဲကနေ Microfilm နဲ့ ပတ် သက်လို့ ချိတ်ဆက်မှုတွေ ရရှိလာနိုင်မယ် လို့ထင်မှတ်ရပြီး ရုပ်ရှင်အစည်း အရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းလည်း လိုက်ပါမှာ ဖြစ်တာကြောင့် ရုပ်ရှင်လောကအတွက် အကျိုးရှိသော ချိတ် ဆက်မှုတွေရလာနိုင်မယ်လို့ ထင်မှတ် မိပါကြောင်း သူက ထပ်လောင်းပြောပြခဲ့ ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here