ပြည်သူချစ်သောနိုင်ငံကျော် ဂန္တဝင်အဆိုတော်ကြီး မာမာအေး၏ စိန်ရတုမွေးနေ့အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲ ကျင်းပမည်

0
211

နိုင်ငံကျော် ဂန္တဝင်အဆိုတော်ကြီး ဒေါ်မာမာအေး၏ စိန်ရတုမွေးနေ့ အထိမ်းအမှတ် စိန်ရတုမန္တလာ မာမာအေးနှင့် ဂီတမျိုးဆက်များ ဂီတဖျော်ဖြေပွဲ အကြိုသတင်း စာရှင်းလင်းပွဲကို အော နိုင်ငံကျော် ဂန္တဝင်အဆိုတော်ကြီး ဒေါ်မာမာအေး၏ စိန်ရတုမွေးနေ့ အထိမ်းအမှတ် စိန်ရတုမန္တလာ မာမာအေးနှင့် ဂီတမျိုးဆက်များ ဂီတဖျော်ဖြေပွဲ အကြိုသတင်း စာရှင်းလင်းပွဲကို အောက်တိုဘာ ၃၁ ရက်နေ့ နံနက် ၁ဝ နာရီက မန္တလေးမြို့၊ ချမ်းအေးသာစံ မြို့နယ်၊ ၆၅ လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြားရှိ ယွန်းခင်ခင် စားသောက် ဆိုင်မှာ ကျင်းပခဲ့ပါတယ်။

”မန္တလေးကိုချစ်လို့ မန္တလေးက အနုပညာရှင်တွေမြတ်နိုးလို့ မန္တလေးမှာ မွေးနေ့ပွဲလာလုပ်ဖြစ်ပါတယ်။ ကျွန်မ ကိုယ်ကျွန်မ အဝေးရောက်မြို့မအသင်း ဝင်တစ်ယောက်လို့ ရင်ထဲမှာထားပါ  ”မန္တလေးကိုချစ်လို့ မန္တလေးက အနုပညာရှင်တွေမြတ်နိုးလို့ မန္တလေးမှာ မွေးနေ့ပွဲလာလုပ်ဖြစ်ပါတယ်။ ကျွန်မ ကိုယ်ကျွန်မ အဝေးရောက်မြို့မအသင်း ဝင်တစ်ယောက်လို့ ရင်ထဲမှာထားပါ တယ်။ ဒါပေမဲ့ မြို့မအသင်းဝင် မဟုတ်ပါဘူး။ ကျွန်မပွဲလုပ်ရင်  မြို့မအသင်းကြီးကို အခြေတည်ပြီး အနုပညာရှင်တွေနဲ့ ပူးပေါင်းလုပ်ပါ မယ်။ မြို့မအသင်း အဖွဲ့ကြီးကိုလည်း အမြဲတမ်း တည်တံ့နေစေချင်တယ်။ ဒီဆန္ဒနဲ့ ဒီပွဲကိုလုပ်ဖြစ်တာပါ။ ကျွန်မ တခြားနိုင်ငံမှာ သွားနေပေမယ့်လည်း ကျွန်မတတ်တဲ့ အနုပညာတွေကို ဖြန့်ဝေပေးနေပါတယ်။ နိုင်ငံတကာ မှာ ရောက်ရှိနေတဲ့ ကျွန်မရဲ့တပည့်တွေ လည်းရှိပါတယ်။ သူတို့ကိုလည်း ဒီပွဲမှာ မြန်မာပြည်က မိတ်ဆွေတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီပွဲမှာ မန္တလေးအကြောင်းနဲ့ပတ်သက်တဲ့ သီချင်းအပုဒ်ရေ ၂၅ ပုဒ်လောက်ဆို မယ်လို့မှန်းထားပါတယ်။ တေးသရုပ် ဖော်အစီအစဉ်၊ သဘင်နှင့် ရုပ်ရှင်တို့က အနုပညာရှင်များပူးပေါင်း ဖျော်ဖြေကြမယ့် အစီအစဉ်များ ပါဝင်ပါမယ်”လို့ အဆိုတော်ကြီး ဒေါ်မာမာအေးက စိန်ရတုမန္တလာ တေးဂီတပွဲ အကြောင်းအရာများကို ရှင်းလင်း ပြောပြခဲ့ပါတယ်။

နိုင်ငံကျော် ဂန္တဝင်အဆိုတော် ကြီး ဒေါ်မာမာအေး၏ စိန်ရတုမွေးနေ့ အထိမ်းအမှတ် စိန်ရတုမန္တလာ တေးဂီတ ဖျော်ဖြေပွဲကြီးကို ဒီဇင်ဘာ ၁၆ ရက်နေ့ကျရင် မန္တလေး၊ အမျိုး သားဇာတ်ရုံ၌  နိုင်ငံကျော် ဂန္တဝင်အဆိုတော် ကြီး ဒေါ်မာမာအေး၏ စိန်ရတုမွေးနေ့ အထိမ်းအမှတ် စိန်ရတုမန္တလာ တေးဂီတ ဖျော်ဖြေပွဲကြီးကို ဒီဇင်ဘာ ၁၆ ရက်နေ့ကျရင် မန္တလေး၊ အမျိုး သားဇာတ်ရုံ၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး မြို့မတူရိယာအသင်း၊ ရွားစား စိန်တင့်လွင်ဆိုင်းအဖွဲ့ ၊ ရုပ်ရှင်သရုပ် ဆောင်အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်၊ သဘင် ပညာရှင် နန်းဝင်း၊ မန္တလေးသိန်းဇော် စတဲ့ ဂီတ၊ ရုပ်ရှင်၊ သဘင်မှ နိုင်ငံကျော် အနုပညာရှင်များ ပါဝင်ဖျော် ဖြေကြမည်ဖြစ်ကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲမှ သိရှိရပါ တယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here