အောက်ပိုင်းပြက်လုံးဆိုတာ မပြက်တတ်ရင် နားထဲကန့်လန့်ပြီး ရိုင်းတာပဲ လူရွှင်တော်ကြီး ဦးစံမတူ

0
166

လူရွှင်တော်တွေအနေနဲ့ ပြည် သူတွေကို ဟာဒယနှလုံး ရွှင်ပြုံး အောင်လုပ်ကြတဲ့အခါ ပညာဆိုတာ လည်းရှိရမှာဖြစ်ပြီး လူရွှင်တော်တွေ ပြက်လုံး ပြောချင်ရင် အောက်ပိုင်းနဲ့ အထက်ပိုင်းဆိုပြီး နှစ်ပိုင်းရှိတယ်လို့ ဝါရင့်လူရွှင်တော်ကြီး ဦးစံမတူက ပြောပြပါတယ်။ ”အောက်ပိုင်းက မပြက်တက်ရင် တော့ နားထဲကန့်လန့်ပြီး ရိုင်းတာပဲ။ အောက်ပိုင်းကိုလည်း ပြက်တတ်ရင် ယဉ်ယဉ်ကျေးကျေးလေး ဖြစ်သွား ရင် ပရိသတ်က ရယ်လည်းရယ်မယ် လက်လည်းခံမယ်။ အထက် ပြက်လုံး ကတော့ ပြောဖို့မလိုဘူး။ အထူးသ ဖြင့် သတိထားရမှာက အောက်လုံး ပါပဲ။ အောက်လုံးကို မဆင်မခြင်တစ် တစ်ခွခွနဲ့ ပြောလိုက်မယ်ဆိုလိုက်မယ် ဆိုရင် ရိုင်းရာကျသွားမယ်။ ချိုချို သာသာနဲ့ နားဝင်ခံေ ကာင်းလောက် အောင် ပြောမယ်ဆိုရင်တော့ လူထု လည်းလက်ခံနိုင်မယ်။ ကြားရတဲ့ သူ လည်း စိတ်ချမ်းသာမယ်။ အရေး ကြီးတာက ပြက်လုံးဆိုတာက ရှာယူရ တာ။ ပြက်လုံးတွေကို အထူးသဖြင့် ရနိုင်တာက ဘယ်မှာရနိုင်လဲ ဆို တော့ ဈေးထဲမှာရတယ်။ ဈေးထဲသွား လို့ရှိရင် ပြက်လုံးများများထုတ်လို့ ကောင်းတာက ငါးစိမ်းသည်ပဲ။ ငါး စိမ်းသည်ရဲ့ အပြောအဆို အမှုအ ယာကိုကြည့်ပြီးတော့ရင် ကိုယ်က အဲဒါကို အတုခိုးရတာပဲ။ ဘတ်စ်ကား ပေါ်မှာ အတုခိုးရတယ်။ပြက်လုံးများ များရတာက ဘတ်စ်ကားပေါ်မှာရ မယ်။ ဈေးထဲကနေရမယ်။ ဈေးထဲမှာ ဈေးဝယ်တဲ့သူနဲ့ ရောင်းတဲ့သူ တစ်ခါ တစ်ခါ နှစ်ဦးရန်ဖြစ်ကြရင် အလွန် တရာကြည့်ကောင်းတယ်။ အဲဒါလေး တွေကိုကိုယ်က ကြည့်ကြည့်ပြီး အတု ယူထားပြီးတော့ လိုတဲ့နေရာမှာ ကိုယ်က ပြန်သုံးလိုက်တာပဲ။ သူတို့ ပြောတဲ့စကားတွေကြားတဲ့အခါ ဒီစကားက ဟာသဖြစ်မယ်မဖြစ်ဘူး ဆိုတာ ကိုယ်ကဆုံးဖြတ်ရတာပဲ။ ဟာသဖြစ်မယ့်အလုံးဆိုရင်တော့ ကိုယ်ပြန်သုံးလိုက်ပေါ့။ ဟာသမဖြစ် မယ့်အလုံးဆိုရင်တော့ပယ်လိုက် ပေါ့။ လူရွှင်တော်မှန်ရင် ကြည့် တတ်ရတယ်။ ဟာသဆိုတာ ဘယ်နေ ရာမဆို ရနိုင်ပါတယ်။ ဒီအရာသည် ဟာသဖြစ်မဖြစ် ဒီဟာသည် ပြက်လို့ ကောင်းမကောင်းဆိုတာကတော့ ကိုယ်ပိုင်ညဏ်နဲ့ဆုံးဖြတ်ရမှာပါပဲ” လို့ လူရွှင်တော်တွေအတွက် ဝါရင့် လူရွှင်တော်ကြီး ဦးစံမတူက ဟာ သပညာရပ်နဲ့ ပတ်သက်လို့ အကြံပြု စကားဆိုခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here