မြေပဲယို အဖွဲ့မှာ ကျော်သူစိုး မပါဝင်ရခြင်းအကြောင်း မင်းမော်ကွန်း ရှင်းပြ

0
413

မင်းမော်ကွန်း ပါဝင်တဲ့ မြေပဲယိုအဖွဲ့က နိုဝင်ဘာလ ၁၈ ရက်မျာ ပြုလုပ်မယ့် Back to Millenium ဖျော်ဖြေပွဲမှာ ထပ်မံပါဝင် သွားဦးမယ်လို့ သိရပါတယ်။ နောက်ပိုင်း မြေပဲယို အဖွဲ့အနေနဲ့ ပြန်လည် ဖျော်ဖြေမှုတွေ ပြုလုပ်ချိန် မှာ ကျော်သူစိုး ပါဝင်ခြင်းမရှိတော့တာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် မြေပဲယို အဖွဲ့မှာ ဘာကြောင့်ကျော်သူစိုးမပါဝင်တော့တာလဲ၊ မြေပဲယိုရဲ့ သီချင်းဟောင်းတွေကို Rap မပါဘဲ ဘယ်လို ဖန်တီးလဲဆိုတာတွေ မေးမြန်းတော့….

”ကျော်သူစိုးက ဂီတနယ်ပယ်ထဲမှာ အခုမရှိတော့ပါဘူး။ ဂီတနဲ့လည်း သူအဆက်အသွယ် ပျက်နေတာကြာပါပြီ။ ဂီတအနုပညာအလုပ်ကိုလည်း သူလက်ရှိမှာမလုပ်ဘဲ တစ်ခြားစီးပွားရေးတစ်ခု ပြောင်းလုပ်နေပါတယ်။ ဟိုဘက်မှာ သူအလုပ် မအားလပ်တာတွေနဲ့ ဂီတဘက်ကို ပြန်လာပြီး အချိန်ပေးဖို့ အခက်အခဲတွေရှိနေလိုပါ။ ဒီတစ်ခေါက် Black to Millenium ပွဲမှာလည်း ကျွန်တော်တို့ Rap တွေကိုလည်း ကျွန်တော်ပဲသီဆိုတာမျိုး ဖြစ်သွားမှာပါ။ သီချင်းတွေကလည်း မြေပဲယို ပရိသတ်နဲ့ အပေးအယူမျှခဲ့တဲ့ သီချင်းတွေပဲ အများဆုံး ဖျော်ဖြေသွားပါ့မယ်”လို့ မင်းမော်ကွန်းက ပြောပြပါတယ်။

အခုချိန်မှာ မြေပဲယိုအဖွဲ့အနေနဲ့ သီချင်းဖန်တီးမှု အသစ်တွေကိုလည်း ပြုလုပ်နေပြီး သီချင်းအခွေ အသစ် တစ်ခွေကိုလည်း ပရိသတ်တွေ လက်ထဲထည့်နိုင်အောင် ကြိုးစားနေပါတယ်လို့ ဆိုပါတယ်။ ဒီအခွေအသစ်ရဲ့ ထူးခြားတဲ့ ခေါင်းစဉ် အကြောင်းကို မင်းမော်ကွန်းက…

”ကျွန်တော်တို့ ဒီအခွေအတွက် အတီးတွေအားလုံး ပြီးသွားပါပြီ။ ကျွန်တော်ဆိုဖို့ အပိုင်းပဲကျန်ပါတော့တယ်။ အခွေ လေးရဲ့ ခေါင်းစဉ်ကိုလည်း ငါ…ငါ…ငါ… လို့ပေးထားတယ်”လို့ ပြောပြခဲ့ပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here