ဂီတအတွက် ဘာဘူ အရေးတကြီး လုပ်နေတဲ့အရာက ဘာဖြစ်လေမလဲ

0
176

အနုပညာရှင်အားလုံးအတွက် အကျိုးရှိမယ်လို့ ယုံကြည်မျှော်လင့်ချက်တွေနဲ့ ဆောင်ရွက်နေတဲ့ Tay Music Streaming Application က မကြာမီအချိန်အတွင်းမှာ ထွက်ရှိလာတော့မှာဖြစ်ကြောင်း အဆိုတော် ဘာဘူကပြောပါတယ်။ ဂီတနဲ့ပတ်သက်ပြီး အရေးကြီးဆုံးလုပ်ဖြစ်နေတာက Tay Application ပါလို့ဆိုတဲ့ ဘာဘူက…

“Tay Application ရဲ့ အခြေအနေက ပြီးခဲ့တဲ့နှစ် အောက်တိုဘာလလယ်လောက်မှာစပြီး ကြေညာတယ်။ အခုဆို တစ်နှစ်ကျော်သွားပြီ။ အခုဆိုရင် ကျွန်တော့်ဖုန်းထဲမှာတောင် Demo တွေ ထည့်ပေးလိုက်ပြီ။ သုံးကြည့်လို့ရပြီ။ နောက်ပြီး ကျွန်တော်တို့ဆီ Data လာပို့ချင်တဲ့သူတွေလာပို့လို့ရပြီ။ သဘော တူပြီးတော့ လာပို့ထားတဲ့ Data တွေကိုတော့ အခုကျွန်တော်တို့စတင်နေပြီ။ ရှင်းရှင်းပြောရရင် တင်ပြီးသား သီချင်းတွေကိုတောင် အခုကျွန်တော့်ဖုန်း Demo ထဲမှာနားထောင်လို့ရနေပြီ။ ဘယ်သီချင်းပဲဖြစ်ဖြစ် ကြိုက်တဲ့ သီချင်းကို ကြိုက်သလိုနားထောင်လို့ရနေပြီ။ Telecom တွေနဲ့လည်း စာချုပ်ချုပ်တော့မယ်။ စာချုပ် ချုပ်ပြီးတာနဲ့ အနုပညာရှင်တွေနဲ့ စာချုပ်ချုပ်ချုပ်မယ်။ ပွင့်ပွင့်လင်းလင်းပြောရဲတာက ဒီတစ်လ၊ နှစ်လအ တွင်းမှာ Tay Application က အမြန်ဆုံးထွက်သွားနိုင်တဲ့ အခြေအနေအထိတော့ရောက်နေပါပြီ”လို့ သူကဆိုပါတယ်။

နိုဝင်ဘာ ၁၈ ရက်နေ့မှာ ကျင်းပမယ့် Back To Millenium (The Last Chapter) ပွဲမှာ ဘာဘူ တို့ Theory အဖွဲ့လည်းပါဝင်ဖျော်ဖြေမှာ ဖြစ်ပါတယ်။ ဂီတဖန်တီးမှုတွေအနေနဲ့ကော  အသစ်တွေ ဘယ်လို ဖန်တီးဖြစ်နေလဲလို့ ဘာဘူကိုမေးတော့….

”လက်ရှိအချိန်မှာတော့ သူများတွေနဲ့ ဖန်တီးတာဆိုရင် J.me အခွေသစ်ထဲမှာ ကျွန်တော် တစ်ပုဒ်တီးပေးထားတယ်။ Trab ပုံစံမျိုးပေါ့။ ဒါပေမဲ့ နည်းနည်းမြန်တာပေါ့။ တခြားသီချင်းတွေက တော့ ကျွန်တော့်သီချင်းတွေကိုပဲလုပ်ဖြစ်နေတယ်။ အဲဒါတွေကတော့ပေါင်းစုံပဲ။ Trab တွေလည်း ပါတယ်။ EDM တွေလည်းပါတယ်။ အချစ်အကြောင်းတွေလည်း ပါတော့ပါမယ်။ ဒါပေမဲ့ အချစ် မဟုတ်ဘူး။ ကျွန်တော်တို့ပေးချင်တာ အနှစ်ပေါ့(ရယ်လျက်)”လို့ ဘာဘူကပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here