ဒေါင်း အတွက် စိန်ခေါ်မှုတစ်ခုက ဘာဖြစ်မလဲ

0
222

ဒေါင်းက ကျော်သူ ဒါရိုက်တာ အဖြစ် ပြန်လည် ရိုက်ကူးမယ့် ပုဂံမြို့ သူ ဇာတ်လမ်းတွဲမှာ မေမြင့်မိုရ်နဲ့ အတူ ပါဝင် သရုပ်ဆောင်သွားမှာ ဖြစ်ပါ တယ်။ ဒီဇာတ်လမ်းတွဲ ရိုက်ကူးဖို့ ရုပ်ရှင်ဇာတ်ကား ကမ်းလှမ်းမှုကို ပယ် ဖျက်ထားတယ်လို့ ဒေါင်းက ဆိုပါတယ်။ စိန်ခေါ်မှုများစွာနဲ့ ရိုက်ကူး သွားမယ့် ဒေါင်းရဲ့ ပထမဆုံး ဇာတ်လမ်းတွဲက…ဒေါင်းက ကျော်သူ ဒါရိုက်တာ အဖြစ် ပြန်လည် ရိုက်ကူးမယ့် ပုဂံမြို့ သူ ဇာတ်လမ်းတွဲမှာ မေမြင့်မိုရ်နဲ့ အတူ ပါဝင် သရုပ်ဆောင်သွားမှာ ဖြစ်ပါ တယ်။ ဒီဇာတ်လမ်းတွဲ ရိုက်ကူးဖို့ ရုပ်ရှင်ဇာတ်ကား ကမ်းလှမ်းမှုကို ပယ် ဖျက်ထားတယ်လို့ ဒေါင်းက ဆိုပါတယ်။

စိန်ခေါ်မှုများစွာနဲ့ ရိုက်ကူး သွားမယ့် ဒေါင်းရဲ့ ပထမဆုံး ဇာတ်လမ်းတွဲက…”ကျွန်တော် ရင်ထဲမှာ အခုဖြစ်နေတာက ဦးမောင် (ကျော်သူ) ရင်ထဲမှာ ရှိတဲ့၊ သူ့စိတ်ထဲမှာထားတဲ့ ကာရိုက်တာကို သိအောင် ဦးမောင်ဆီက နှိုက်ထုတ်ရ မှာပါ။ ဒါက စိန်ခေါ်မှု တစ်ခု။ နောက်တစ်ခု က ဦးမောင်ဆီက သိလာတဲ့ ကာရိုက်တာက ကျွန်တော့်စီ စီးဝင်သွားဖို့ အတွက် လုပ်ရမယ့် စိန်ခေါ်မှု တစ်ခုရှိမယ်။ ကျွန်တော်ကိုယ်တိုင် ဒီကာရိုက်တာပေါ်မှာ ထားတဲ့ ကျွန်တော့်ရဲ့ ဖန်တီးချက်တွေ အားလုံးက စိန်ခေါ်မှုပါပဲ။ ဒီအရာတွေ အားလုံး ပေါင်းလိုက်ရင် ဒီကာရိုက်တာအပေါ်မှာ ထားတဲ့စိတ်ပါပဲ။ ဒီစိတ်ကို ကိုယ့်ရင်ထဲ ထည့်နိုင်ရင် သူ့အလိုလို ဖြစ်လာ မှာပါ။ ဒါကြောင့်လည်း ကျွန်တော်အခု ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားရိုက် ကူးပြီးတဲ့ အချိန် ကြားကာလမှာ ဒီဇာတ်ကားအတွက်ပဲ လေ့လာချင် တယ်။ အားထုတ်ချင်တယ်။ ဇာတ်ကောင်အတွက် ဖြစ်အောင် ကြိုးစား ရမယ့် အပိုင်းတွေ ရှိတဲ့အတွက် ဒီ ကြားထဲမှာ နောက်တစ်ကား မရိုက်တော့ ဘူးလို့ ဆုံးဖြတ်လိုက်တာပါ” လို့ ပြောပြ ပါတယ်။ “ပုဂံမြို့သူ” ဇာတ်လမ်းတွဲ ရိုက် ကူးဖို့ အရေးကြီးတဲ့ မျက်လုံးအမူ အရာ ပြင်ဆင်မှုတွေ အကြောင်းကို လည်း…

“လူတိုင်းမှာ မျက်လုံးဆို တာ စိတ်ထွက်ပေါက်ပဲ။ ကျွန် တော့်ရဲ့ မျက်လုံးအမူအရာ အတွက် တော့ ညှိနှုင်းစရာ မရှိပါဘူး။ ကျွန်တော် ကိုယ် တိုင်က ကာရိုက်တာ မှာခံစား ရရင် မျက်လုံးမှာ ပေါ်နေမှာ ပါပဲ။ တမင်သက်သက်ကြီး လုပ်ယူစရာတော့ မလိုပါ ဘူး။ ကျွန်တော့် ဒီဇာတ် လမ်းကို ရိုက်ဖြစ်ဖို့ ဆုံး ဖြတ်တဲ့ အရာတွေထဲမှာ ဦးမောင်က ထိပ်ဆုံးက ပါပါတယ်။ ကျွန်တော် အကျေနပ်ဆုံးပဲ၊ ဦးမောင်နဲ့ လက်တွဲလုပ် ချင်တယ်”လို့ ဒေါင်းက ပြောပြပါတယ်။

 ဒေါင်းက လက်ရှိ မှာတော့ ထိုင်း ဒါရိုက် တာနဲ့အတူ ရုပ်ရှင်ဇာတ် ကားတစ်ကား ရိုက် ကူးလျက် ရှိပါတယ်။ နိုင်ငံခြားသားတွေနဲ့ အတူအနုပညာ ဖန် တီးရတဲ့အပေါ် ဒေါင်း ရဲ့အမြင်က “ကျွန်တော် တို့နဲ့ မတူတဲ့ အရာတွေ ကို သိ အာင်ကြိုးစား တာ ကျွန်တော်တို့အ တွကှ်ုညခသာနတွေ  အများကြီးရစေတယ်။ အတွေ့အကြုံတွေလည်းရ တယ်။ ရှေ့ ဆက်လျှောက်မယ့် အနုပညာခရီးမှာလည်း ဒီအတွေ့ အကြုံအသစ် တွေရတယ်။ ဒီဇာတ် ကားမှာ ကျွန်တော်က ဓာတ်ပုံဆရာ၊ ဓာတ်ပုံတွေကို တအားရူးသွပ်တယ်။ ပရိသတ်တွေအတွက်တော့ အဲဒီ လောက်ပဲ ပြောပြဦးမယ်” လို့ပြောပါ တယ်။

မြတ်မိုးပွင့်၊ 

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here