ခင်ပွန်းသည်ရဲ့ နာမည်ပါအောင် သားဖြစ်သူကို နာမည်ပေးမယ့် သဉ္ဇာနွယ်ဝင်း

0
236

 သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းက သားဦးလေးကို နိုဝင်ဘာလ ၇ ရက် နေ့ နေ့လည်ပိုင်းက ဝိတိုရိယ ဆေးရုံမှာ သဘာဝအတိုင်း မွေးဖွားခဲ့ပါတယ်။ သားဦးလေးရဲ့ ကိုယ်အလေးချိန် ကတော့ ၆ပေါင်နဲ့ ၈ အောင်ဆရှိပြီး အင်္ဂါသားလေး ဖြစ်တယ်လို့ သိရပါတယ်။ သားဦးလေးကို ဆရာမ ဒေါ်မြတ်မြတ်ဝါနဲ့ ကလေး အထူးကု ပါမောက္ခ ဆရာမ ဒေါ်မြမြ အုန်းတို့က မွေးဖွားပေးခဲ့ကြောင်း သိ ရပါတယ်။

သားလေးကို မွေးဖွားရက် မတိုင်ခင်မှာ သဘာဝအတိုင်း စော ပြီး မွေးဖွားခဲ့တာ ဖြစ်ကြောင်းကို မိခင် သဉ္ဇာနွယ်ဝင်းက… “မွေးရက် ဂျူးဒိတ်က ၁၉ ရက် နေ့။ ဒါပေမဲ့ သဉ္ဇာက စောမွေးခဲ့တာပေါ့ နော်။ မမွေးခင်ကလည်း သားလေးကို အခက်ခဲမရှိ အဆင်ပြေစွာ မွေးနိုင်ဖို့ အတွက် အဓိဌာန်တွေ ဝင်ခဲ့တယ်။ အခု လို စောမွေးလာခဲ့တော့လည်း အခက်အခဲ တော့ မရှိဘူး။ နာတာပဲရှိတယ်။ ကလေး ရော သဉ္ဇာပါ ကျန်းမာပါတယ်။ မနေ့က ဆို သဉ္ဇာတို့ ဒီဆေးရုံကို ည၃ နာရီ လောက်ကရောက်လာတာ။ ကလေး နှလုံးခုန်တာတွေ ကြည့်တဲ့ အချိန်မှာ ကလေးက နှလုံးခုန်တာက တအား မမြန် ဘူးလား မသိဘူးပေါ့နော်။ သူအိပ်များ ပျော်နေတာလားပဲ မသိဘူးဆိုပြီး နှစ် ယောက်စလုံး တအားစိတ် ပူသွားတယ်။ မွေးလာတဲ့ အခါကျ တော့ ကျန်းကျန်းမာမာနဲ့ အဆင်ပြေ ပြေနဲ့  မွေးလာတာဆိုတော့ သူ တ အားဝမ်းသာနေတယ်။ ပျော်နေတယ်။  သားလေးမျက်နှာ မြင်ရတော့ တအားပျော် တယ်။ အရင်ကဆို မွေးခါစ ကလေးလေးကို မချီဖူးဘူးလေ။  အဲဒီလိုမျိုးဆိုတော့ အခု ကိုယ့်သားလေးကို ချီရတော့ တအားပျော် တယ်။ သူခြေချောင်း လက်ချောင်းလေး တွေကိုလည်း သဘောကျတယ်။အခုချိန်မှာ တော့ သားလေးက သဉ္ဇာကြည့်ရင် သဉ္ဇာနဲ့ တူသလို သူ့အဖေကြည့်ရင် သူ့အဖေ နဲ့တူသလိုပေါ့နော် (ရယ်လျက်)”လို့ သားဦး လေးအတွက် ဖခင် Steven Hla ရဲ့ပျော်ရွှင် ကြည်နူးနေမှု တွေကို ပါပြောပြတာ ဖြစ် ပါတယ်။

သားဦးလေးအတွက် နာမည် ပေးတဲ့ အခါမှာတော့ ခင်ပွန်းရဲ့ နာ မည် ပါအောင် ပေးချင်ကြောင်းကို လည်း သဉ္ဇာနွယ်ဝင်းက အခုလို ပြောပြခဲ့ပါတယ်။      “သဉ္ဇာတို့က ကြိုမွေးမှာဆိုတော့ ဘယ် နေ့ကို မွေးမှန်းမသိသေးတဲ့ အခါကျတော့ နေ့နံနဲ့ကိုက်ပြီး နာမည်လေးကို မှည့်ချင် တာလေ။ အဲဒါကြောင့် ကြိုရွေးမထားသေး တာပါ။ သဉ္ဇာက သူ့အဖေနာမည်ပါအောင် ပေးချင်တယ်။ ဒါပေမဲ့ သူ့အဖေနာ မည်က စတီဗင်ပါတဲ့ အခါကျတော့ အဲဒီနာမည်လေး လည်း ထည့်ချင်တယ်။ ထည့်မယ်ဆိုရင်လည်း အရှေ့နဲ့ အနောက်နဲ့က လိုက်ဦးမှလေ။ ဒါပေမမဲ့ စဉ်းတော့ မစဉ်းစားရ သေးပါဘူး။ အဓိကကတော့ သူ့အဖေနာမည် ပါချင်တာ ပေါ့လေ။ ကလေးက နေ့နံနဲ့ တိုက်ပြီး ပေးရမှာ ဆိုတော့ ပါချင်မှလည်း ပါမယ်ပေါ့ နော်”လို့ ပြောပြခဲ့ပြီး သားလေးကို လိမ္မာ ယဉ်ကျေးတဲ့ သားတစ်ယောက်၊ ယောကျာ်း ကောင်း တစ်ယောက် ဖြစ်စေချင်ကြောင်းကို မိခင် သဉ္ဇာနွယ်ဝင်းက …    “ကိုယ်ဝန် စရှိပြီး ယောကျာ်း လေး ဆိုတာ သိသွားတဲ့ အချိန်ကစပြီး သားလေး ကို ယောကျာ်းကောင်းတစ် ယောက်ဖြစ် စေချင်တယ်။ လိမ္မာ ယဉ်ကျေးတဲ့ သား ကောင်းတစ်ယောက် ဖြစ်စေချင်တယ်။ အဲဒီ လောက်ဆိုရင် ကျေနပ်တယ်။ ကိုယ် အား ကိုးဖို့အတွက်တော့ သားလေးကို ဖိအားတွေ ပေးတာမျိုးတွေ မလုပ်ချင်ဘူး။ သူ့အပေါ်ကို မျော်လင့်ချက်တွေ မထားချင်ဘူး။လိမ်မာ တဲ့သူ ယောကျာ်း ကောင်းတစ် ယောက်ဖြစ် ရင်ပဲ သဉ္ဇာကျေနပ်ပါ တယ်။ သဉ္ဇာတို့ရဲ့ မိသားစုပုံတွေ က လေးနဲ့ပုံတွေ တင်တော့ ပရိသတ်တွေ ဝိုင်းပြီး ဆုတောင်းပေး တာတွေကို ဖတ်ရတဲ့ အခါကျတော့ သဉ္ဇာ တကယ်ကို ကျေးဇူးတင်ပါတယ်။ တ ကယ်ကိုလည်း ပီတိဖြစ်ရပါတယ်။ ကိုယ်နဲ့ ကလေးကို ချစ်ခင်ပေးကြတဲ့ အတွက် ဆုတောင်းပေးကြတဲ့ ပရိသတ် အားလုံးကို သဉ္ဇာရော သဉ္ဇာ့ အမျိုးသားကပါ အားလုံး ကို ကျေးဇူးတင်ပါတယ်” လို့ ပြောပြခဲ့ ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ -My Dream


LEAVE A REPLY

Please enter your comment!
Please enter your name here