ပါ​တော်​မူ​နေ့ အခမ်းအနားများကို အစိုးရမှ ဦးစီးကျင်းပ ​ပေး​စေလိုတယ်​လို့ သီ​ပေါမင်းရဲ့​ ဆွေ​တော်​မျိုးနွယ်များဆို

0
207

ကုန်းဘောင်ခေတ် နောက်ဆုံး မင်းဆက်ဖြစ်တဲ့ သီ​ပေါမင်းပါ​တော်​မူနှစ် ၁၃၂ နှစ်​​မြောက်​ အထိမ်း အမှတ်​အ​နေနဲ့ သီ​ပေါမင်းတရားရဲ့ ​ဆွေတော်​မျိုး​တော် ​များမှ နိုဝင်​ဘာ ၁၁ နေ့က ရန်​ကုန်​မြို့၊​ ရွှေတိဂုံ​စေတီ​တော်​ တောင်​ဘက်​မုဒ်​ရှိ တန့်​တော်မူ ကျောင်းတိုက်​မှာ အလှူဒါနများ ပြု လုပ်​ခဲ့ကြရာ သီပေါမင်းရဲ့ မြစ်တော် စပ်သူ ဒေါ်ဒေဝီသန့်စင်က.. ကုန်ဘောင်ခေတ် နောက်ဆုံး မင်းဆက်ဖြစ်တဲ့ သီ​ပေါမင်းပါ​တော်​မူနှစ် ၁၃၂ နှစ်​​မြောက်​ အထိမ်း အမှတ်​အ​နေနဲ့ သီ​ပေါမင်းတရားရဲ့ ​ဆွေတော်​မျိုး​တော် ​များမှ နိုဝင်​ဘာ ၁၁ နေ့က ရန်​ကုန်​မြို့၊​ ရွှေတိဂုံ​စေတီ​တော်​ တောင်​ဘက်​မုဒ်​ရှိ တန့်​တော်မူ ကျောင်းတိုက်​မှာ အလှူဒါနများ ပြု လုပ်​ခဲ့ကြရာ သီပေါမင်းရဲ့ မြစ်တော် စပ်သူ ဒေါ်ဒေဝီသန့်စင်က..  “လွတ်​လပ်​​ရေး​နေ့၊ အမျိုးသား​နေ့တို့ကို အစိုးရက ဦးစီးပြုလုပ်​သလို  ပါ​တော်​မူ​နေ့ကိုလည်း ဦးစီး ကျင်းပ​စေချင်​တယ်” လို့ ပြောခဲ့ ပါတယ်​။

ဦးနု အစိုးရလက်​ထက်​က ပါ​တော်​မူ​နေ့ အခမ်းအနား​တွေကို အ စိုးရအိမ်​​တော်​မှာ သီဟာသန ပလ္လင်​​တော်​ပြသကာ ပြည်​သူများကြည့်​ ရှုနိုင်​ဖို့ ပြသခဲ့သလို ​ရေဒီယိုက​နေ ပါ​တော်​မူ​နေ့ အ​ကြောင်းကို ​ပြောခွင့်ရခဲ့ တယ်​လို့ မြစ်​​တော်​ ​ဒေါ်​ဒေဝီသန့်​စင်​ကဆိုပါတယ်​။ ဒါ​ပေမဲ့ တပ်မတော် အစိုးရ လက်​ထက်​မှာ​တော့ ကျင်းပဖို့ခွင့်​ပြုခြင်း ​မရှိ​တော့ ဘူးလို့လည်းပြောပါတယ်​။  “ပါ​တော်​မူနေ့ဟာ ဦးနုလက်​ထက်က အစိုးရကြီးမှူးပြီး ကျင်း ပခဲ့တာ​လေ။ အစိုးရက ပါ​တော်​မူမှတ်​တိုင်​ကို ​ဖျောက်​ဖို့မ​ကောင်းဘူး။ အ မျိုးသား​နေ့တို့ လွတ်​လပ်​ရေး​နေ့တို့ ဆိုတာ ပါ​တော်​မူသွားတဲ့ တိုင်းပြည်​ကျွန်​ဖြစ်​သွားတဲ့ အ​ပေါ်မှာ ​ပေါက်​ဖွားလာတဲ့ သခင်​စိတ်​ဓာတ်​​တွေ၊​နောက်​​​တော့ ဗိုလ်​ချုပ်​တို့ဟာ မလွတ်​လပ်​​သေးတဲ့ နယ်​ချဲ့လက်​​အောက်​က တိုင်းပြည်​ကို အသက်​​ပေးပြီး လွတ်​လပ်​​ရေးယူသွားတယ်​။ ဒီဟာက ပါ​တော်​မူက​နေ မြစ်​ဖျားခံလာတာ။ ဘု ရင်​စနစ်​ကို ပြန်​တောင်းခံ​နေတာ မ ဟုတ်​ဘူး။ ပါ​တော်​မူမှတ်​တိုင်​ကို ကျွန်​မတို့က သင်​ခန်းစာယူဖို့ ထားကို ထားရမှာ”  လို့ ​ဒေါ်​ဒေဝီသန့်​စင်​က​ပြောပါသေးတယ်​။

လက်​ရှိအချိန်​မှာ ​သီ​ပေါမင်း တ ရားရဲ့ ​ဆွေ​တော်​မျိုးတော်​များဟာ လူမှုကွန်​ယက်​စာမျက်​နှာမှာ ​ဝေဖန်​ခံ​နေရတဲ့ အ​ပေါ်လည်း မဖြစ်​သင့်​ ဘူးလို့ ဒေါ်ဒေဝီသန့်စင်က ဆက်​​ပြောပါတယ်​။ မင်းတုန်းမင်း တရားနဲ့ မိဖုရားတို့ အသုံးမကျလို့ တိုင်းပြည်​ပါသွား တယ်​လို့ ​​နောက်​ပိုင်း လူငယ်​​တွေ​ ဝေဖန်​​နေကြတယ်လို့ သူမက ဆက်ပြောပါတယ်​။ ဒါ​တွေဟာ အင်္ဂ လိပ်​ အစိုးရရဲ့​သွေးခွဲခဲ့မှု​တွေ​ကြောင့် ဖြစ်​ပြီး​တော့ ​နောက်​ဆုံးဘုရင်​မင်း မြတ်​ကို​လေးစားသင့်​​ကြောင်း ဆိုပါ တယ်​။ ညပိုင်းမှာလဲ ​ရွှေတိဂုံ​စေတီ​တော်​​ပေါ်မှာ ပါ​တော်​မူ​နေ့အထိမ်း အမှတ်​အ​နေနဲ့ ဆီမီးပူ​ဇော်​ခဲ့ကြပါ သေးတယ်​။

AF-245

ဓာတ်​ပုံ-​အောင်​နိုင်​စိုး(ကစ္ဆပ)


LEAVE A REPLY

Please enter your comment!
Please enter your name here