ကျွန်တော်တို့တုန်းက တော်တော် ရုန်းကန်ခဲ့ရတယ်။ ငယ်ငယ်ကတည်းက လမ်းဘေးမှာ ဂစ်တာ တီးတယ်။ လက်စွပ်လေး ပေါင်နှံပြီးတော့ အခါကြီးရက်ကြီးတွေ ကြရင်စတိတ်စင် ထိုးပြီးတော့ တီးကြဆို ကြတယ်ပေါ့ဗျာ။ အခုခေတ်ကကြတော့ အခွေထုတ်ပြီးတော့ ကိုယ့်ဘာသာကိုယ် ရပ်တည်တဲ့ အဆို တော်နဲ့ မီဒီယာအဆိုတော်ဆိုပြီးတော့ နှစ်ပိုင်းကွဲလာတယ်လို့ မြင်တယ်။ မီဒီယာ အဆိုတော်ကတော့ လူဖြစ်မြန်တာပေါ့ဗျာ။ အခွေထုတ်ပြီးတော့ ထိုးဖောက်တဲ့ အဆိုတော်တွေကတော့ ဘဝပျက် မြန်တာ ပေါ့ဗျာ”လို့ ခေတ်ကာလအရ ကွာခြားလာတဲ့ ဂီတလောကရဲ့ အခြေအနေကို အဆိုတော် ဂျေညီညီက မီးမောင်းထိုးပြခဲ့ တာပဲဖြစ်ပါတယ်။
သူတို့ခေတ်နဲ့ ယှဉ်ရင်တော့ အခု ခေတ်ကတီးတဲ့ နည်းစနစ်တွေ၊ အသံဖမ်းနဲ့ နည်းစနစ်တွေ၊ ဖြန့်ချိတဲ့ နည်းစနစ်တွေ ဆိုတဲ့နည်းစနစ်တွေ ပြောင်းလဲမှုတွေ ရှိသွားပြီ လို့လည်း သူကဆက်ပြောပါတယ်။ “ကျွန်တော်တို့ခေတ်က အသံခေတ်ဗျ။ Own Tune နားထောင်တဲ့ သူက Own Tune မှ၊ ကော်ပီနား ထောင်တဲ့သူက ကော်ပီမှဗျ။ ကျွန်တော်တို့ ခေတ်တုန်းက အသံကိုပဲ ကျွန်တော်တို့က ပေးတယ်။ ပရိသတ်ကလည်း အသံကိုပဲ ခံစားတယ်။ အသံကိုပဲ စားသုံးတယ်။ ဒီဘက်ခေတ်ကြတော့ အဝတ်အစား၊ စတိုင်၊ ငယ်တာ၊ ချောတာ၊ လှတာ၊ အသိုင်းအဝိုင်းတွေနဲ့ အဆိုတော် လုပ်စားကြတာ။ ကွာတယ်၊ အများကြီးကွာတယ်။ အခုထက်ထိလည်း ကျွန်တော် စုတ် ပြတ်သတ်တဲ့ ပုံစံနဲ့ပဲ။ တစ်ခါတလေ ညှပ်ဖိနပ်နဲ့လည်း စင်ပေါ်တက်ဆိုရင် ဆိုတာပဲ။ တီရှပ်အစုတ်နဲ့ လည်း တက်ဆိုတာပဲ။ ကျွန်တော်တို့က အသံသမားလေ။ ကျွန်တော်တို့က အဆိုတော်လေ။ အဆိုတော် ဆိုတဲ့ key သည်အသံပဲ။ ကျွန်တော် ဟန်သမားမဟုတ်ဘူး” လို့ ဂျေညီညီက ပြောပါတယ်။
လင်းအက္ခရာ