စွန့်ပစ်အမှိုက်ပလတ်စတစ်များမှထုတ်မည့် ဒီဇယ်ဆီကို ဒီဇင်ဘာတွင် ဈေးကွက်သို့စဖြန့်မည်

0
175

ဘုတလင်မြိှု့ ချင်းတွင်းဓာတု အင်ဂျင်နီယာ လုပ်ငန်းမှ စွန့်ပစ်ပလတ်စတစ်အမှိုက် စွန့်ပစ် တာယာ အင်ဂျင်ဝိုင်အဟောင်း စွန့်ပစ်စားအုန်းဆီ များနှင့်ရေနံစိမ်းများမှဒီဇယ် ဆီထုတ်လုပ်ကာ ဈေးကွက်သို့ တင်ပို့ရောင်းချခြင်းကို လာမည့် ဒီဇင်ဘာလအတွင်း စတင်မည်ဖြစ်ကြောင်း လုပ် ငန်းပိုင်ရှင် ဓာတုအင်ဂျင်နီယာ ဦးသန့်ဇင်ထွန်း ထံမှ သိရသည်။

”အရင်တုန်းက ပလတ်စတစ်ကနေ ဒီဇယ်ဆီ ထုတ်နေတာက စမ်းသပ်စက်အဆင့်ပါ။ အခု ဟာက ဈေးကွက်ထဲကို တစ်ရက်ကို တစ်ပေပါ နှစ်ပေ ပါလောက် ထွက်မယ့် စက်အလတ်စား ပြောင်းလုပ်ထားတာပါ။ အခု စမ်းသပ်တဲ့အဆင့် မဟုတ်တော့ဘဲ စီးပွားဖြစ် ထုတ်မယ့်အဆင့်ပေါ့။ အခု နိုဝင်ဘာလထဲ ဈေးကွက်ပို့နိုင်အောင် လုပ် နေပေမယ့် အခက်အခဲက နည်းနည်းရှိနေတဲ့ အတွက် ဒီဇင်ဘာမှာ ဈေးကွက်ပို့ဖို့ လုပ်နေတာပါ။ ဒီလ အတွင်းစက်အပြီးလုပ်ပြီးရင် ဒီဇင်ဘာလအတွင်းမှာ အဆက် မပြတ်အောင် ထုတ်နိုင်အောင်လုပ်နေတာပါ”ဟု ဦးသန့်ဇင် ထွန်းကပြောပြသည်။

စွန့်ပစ်အမှိုက်များဖြင့်ထုတ်သည့် ချင်းတွင်း ဓာတုအင်ဂျင် နီယာထုတ် ဒီဇယ်ဆီသည် အခြားဒီဇယ်ဆီ အရည်အသွေးနှင့် ကွာခြားမှုမရှိဘဲ ဈေးနှုန်းတွင် အခြားဒီဇယ်ဆီထက် ချိုသာ နေသောကြောင့် တောင်သူအများစု သုံးစွဲသည့်ဒီဇယ်ဆီအဖြစ် စမ်းသပ်စဉ် ထုတ်လုပ်ရောင်းချနေ သည့်ဈေးကွက်အရ သိရသည်။

”ဘုတလင်ဒီဇယ်ဆီက စီးပွားရေးတွက်ခြေကိုက်တော့ ကျုပ်တို့လိုတောင်သူတွေ အသုံးများကြပါတယ်။ ဘုတလင်ဒီဇယ် ဆီနဲ့ လက်ရှိဈေးကွက်ထဲက ဒီဇယ်ဆီနဲ့က တစ်ဧကထွန်ယက်ပြီးမြှောက်နှုန်းက မကွာ ပါဘူး။ ဈေးကွက်ထဲက ဒီဇယ်တွေက စက်သုံး စွဲမှုနဲ့ ပျက်ဆီးမှုနှုန်းထားမှာ ကွာတယ်။ ဘု တလင် ဒီဇယ်ဆီက စက်တွေအပျက်အဆီး နည်းတာကို တွေ့ရတယ်”ဟု ဘုတလင်နယ်မှ တောင်သူတစ်ဦးက ပြောပြသည်။

”အပြင်ရောင်းတဲ့ ဒီဇယ်ဆီဈေးနှုန်းထက် အနည်းဆုံး ၂၅ရာခိုင်နှုန်းသက်သာအောင် ရောင်းပေးသွားမှာ ဖြစ်ပါတယ်။ လောလော ဆယ်မှာ တစ်ရက်တစ်ပေပါ နှစ်ပေပါ ထုတ်မှာဆိုတဲ့အချိန်မှာ ဘုတလင်တင်သုံးလို့ ကုန်တယ်ဆိုရင်တော့ ဘုတလင်ပေါ့။ ဘုတလင်မှာ သုံးတာကျန်လို့ပိုတယ်ဆိုရင် တခြားဒေသကိုဖြန်မှာပါ”ဟု ဦးသနိ့ဇင်ထွန်း က ပြောကြားသည်။

လှိုင်ဝင်းကို(မုံရွာ)


LEAVE A REPLY

Please enter your comment!
Please enter your name here