နောက်အိမ်ထောင် ပြုဖြစ်တော့မှာ မဟုတ်ကြောင်း သျှန်ထွန်း (မြန်မာစာ)ပြော

0
413

သျှန်ထွန်း(မြန်မာစာ)က သားနဲ့ သမီးဖြစ်သူအတွက်ကိုပဲ အဓိကဦး စားပေးတက်တဲ့ ဖခင်တစ်ယောက် ဖြစ်ပါတယ်။ သူဟာ သူ့အတွက်ထက် သားနဲ့သမီးကို ပိုမိုအလေးထားပေးပြီး သျှန်ထွန်း(မြန်မာစာ)က သားနဲ့ သမီးဖြစ်သူအတွက်ကိုပဲ အဓိကဦး စားပေးတက်တဲ့ ဖခင်တစ်ယောက် ဖြစ်ပါတယ်။ သူဟာ သူ့အတွက်ထက် သားနဲ့သမီးကို ပိုမိုအလေးထားပေးပြီးလိုချင်တာ မှန်သမျှကိုလည်း အတိုင်း အထက်အလွန် ဖြည့်ဆည်းပေးနေ တဲ့ ဖခင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့အနေနဲ့ အရွယ်ကောင်းဖြစ်ပေမယ့်    နောက်အိမ် ထောင်ပြုဖို့ အတွက်ကို တော့ စဉ်းစားဖြစ်တော့မှာ မဟုတ် ကြောင်းပြောလာပါတယ်။

”ရင်ထဲမှာ ရှိတဲ့အတိုင်း ဖြေရ မယ်ဆိုရင်တော့ ကျွန်တော် အိမ် ထောင်မပြုတော့ဘူး။ကျွန်တော် ဆုံး ဖြတ်လိုက်ပြီ။  ဒါပေမဲ့ စကားကတော့ အကုန်ပြောလို့ မရဘူးပေါ့နော်။ လူ့ဘဝဆိုတာ ဘယ်အချိန်မှာ ဘာ ဖြစ်မယ်ဆိုတာ မသိဘူးလေ။ လူ တိုင်းလူတိုင်းမှာ ဘဝ စာမျက်နှာတွေ ကပါလာပြီးသားပါ။ ရှောင်လွှဲလို့ မရဘူး။ ကောင်းတာလုပ်ရင် ကောင်း တာဖြစ်မယ်။ ဆိုးတာလုပ်ရင် ဆိုး တာဖြစ်မယ်။ ကျွန်တော့်ဘဝမှာလည်း ဒီအချိန်မှာ ဒါဖြစ်မယ်ဆိုတာ အရင် ဘဝကတည်းကိုက ပါလာခဲ့လို့ ဖြစ် လာခဲ့တာပါ။ ဖြစ်လာခဲ့တဲ့ အချိန်မှာ ကျွန်တော် အကောင်းဆုံးဖြစ်အောင် နေမယ်ဆိုပြီး စိတ်ကူးပြီးတော့ အိမ် ထောင်မပြုတော့ဘူးလို့ စိတ်ကူးထား တယ်။ ကျွန်တော့်အနေနဲ့ အိမ် ထောင်ပြုဖို့ အဖြစ်နိုင်ဘူး။ ကျွန် တော့်သားနဲ့သမီးကို ကျွန်တော့် နောက် အိမ်ထောင်က နားလည်ပေး မယ်။ တစ်အားကိုအနစ်နာခံကာ ကျွန်တော့်ကိုလည်း ပါရမီဖြည့်ပါမယ် ဆိုတဲ့ လူရှိခဲ့ရင်တောင် သားနဲ့သမီး ရဲ့ စိတ်မှာ ငါတို့အဖေက ငါတို့ကို အရင်ကလို ချစ်ပါတော့မလားဆိုတဲ့စိတ်ဝင်လာမှာလေ။ သူ့ရဲ့အမျိုး သမီးကိုများ ငါတို့ထက် ပိုချစ်တော့ မှာလားဆိုတဲ့ စိတ်တွေသူတို့စိတ်ထဲကို ဝင်လာမလားဆိုပြီး ကျွန်တော့်မှာ တွေးပြီး သားနဲ့ သမီးကို မခံစားစေ ချင်ဘူး။ ကျွန်တော်အခု လျှောက်နေ တဲ့ အနုပညာလမ်းမှာ ကျွန်တော့် အ ပေါ်ကို နားလည်ပေးမယ့်သူ ကျွန် တော့်အပေါ် သံယောဇဉ်ရှိတဲ့ သူရှိ ကောင်းရှိမယ်။ ဒါပေမဲ့ သားနဲ့သမီး ကို ကျွန်တော် တစ်အားချစ်ပါတယ်။ ဒါကြောင့် အိမ်ထောင် မပြုဖြစ်ဖို့ တော့ ကျွန်တော်ဆုံးဖြတ် ထား တယ်”လို့ အိမ်ထောင်မပြု ဖြစ် တော့မယ့်အကြောင်းကို သျှန်ထွန်း (မြန်မာစာ)က ပြောပါတယ်။သူ့ အနေနဲ့ လောကကြီးမှာ တစ်ကိုယ် ရည် လျှောက်ရတဲ့ အခါ တစ်ခါတစ် လေ အထီးကျန်မှုတွေ ဖြစ်ပေါ် လာတာတွေ လည်းရှိပြီး သူ့လိုအဖြစ် မျိုး ချင်းတူရင်တောင်မှ သူလိုခံစား ရတဲ့ ခံစားမှုချင်းတူချင်မှတူပါလိမ့်မယ်လို့ သျှန်ထွန်း (မြန်မာစာ)ကပြော ပါတယ်။

”သမီးက၉တန်း ရောက်နေပြီ။ သားကတော့ ၅တန်းရောက်နေပါပြီ။ သူတို့ မျက်နှာမငယ်ရအောင် သူတို့ လိုလေးသေးမရှိရအောင် ကျွန်တော့် သီချင်းရေးတဲ့ အတက်ပညာနဲ့ အသက်မွေးဝမ်းကျောင်း ပြုခဲ့တယ်။ သားနဲ့သမီးသည် ကျွန်တော်ရှိနေ သမျှကာလပတ်လုံး သူတို့ဘဝတွေ ပြည့်စုံတယ်ဆိုတဲ့ အသိစိတ်   မောင် နှမ နှစ်ယောက်စလုံးမှာ အပြည့်ရှိ တယ်။ ကျွန်တော်လည်း ခရီးထွက် တိုင်းသားနဲ့ သမီးအတွက် အဓိက ထားပြီး ဝယ်တယ်။ သူတို့အတွက် ကျွန်တော်အသက်ရှင် နေထိုင်နေ တယ်ဆိုတဲ့အသိနဲ့ ကျွန်တော်ကိုယ့်ကိုယ်ကိုယ်ခံယူထားတယ်”လို့ သားနဲ့ သမီးအပေါ်ထားတဲ့သူ့ရဲ့ချစ်ခြင်းမေတ္တာကို သျှန်ထွန်း(မြန်မာစာ)ကပြောပြပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here