သိပံ္ပလမ်းဆုံး

0
205

၆၂လမ်းကနေ အသေကောင်  လို ကွေ့လိုက်တာနဲ့

ကယ်ရီသမား အကိုကြီးတွေက တရွှတ်ရွှတ် လှမ်း ခေါ်တယ်

‘အဖိုးနည်း အိုးမကွဲ သန့်သန့်လေးတွေရမယ် ‘တဲ့ ။

သိပ္ပံလမ်းအဆုံးမှာ  တိုင်းပြည် အဆင်တန်ဆာတွေရှိတယ်

အရင်က  ၄ဝ ကျော် အရွယ်ဟိုင်းတွေရဲ့  ဈေးကွက် မျက်နှာစာ

တဖြည်းဖြည်းနဲ့ KTVလက်ကျ တွေအချိန်ပိုဆင်း ရာဖြစ်လာ

တချို့က မှောင်ရိပ်ခပ်ခိုခို

တချို့ကျ မီးတိုင်အောက်

တချို့ဟာ ကမ္ဘာကို ခါးစောင်း တင်ထားတဲ့ရုပ်နဲ့

တချို့မှာ စိတ်ပစ်လက်ပစ် ခြေပစ် လက်ပစ် တင်ပစ် ရင်ပစ်

ဒီညကစ သတိထားမိတာက

၁၃ နှစ်အရွယ်

နုနုထွတ်ထွတ် နွမ်းဖတ်ဖတ်လေးတွေ ဈေးကွက်အသစ် ဖွင့်နေကြ

ငယ်ဂုဏ်ရှိတယ် ပြောရမလား

လမ်းမီးတိုင်ကို ခပ်ရဲရဲမှီ ထားပုံက

နားထင်ကို အပိုင်ဖြုတ်မယ့် သေနတ်သမားလို

ပင်နယ်တီကန်သွင်းမယ့် တိုက်စစ်မှူးလို

မရဲတရဲနဲ့ ခပ်ရဲရဲရပ်နေသလိုမျိုး…

ခေတ်ကြောင့်လား

စနစ်ကြောင့်လား

လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ရင်း တိုးတိုးလေးဆဲမိတော့

‘အစ်ကို ငွေမလောက်လို့လား ညှိပေးမယ်လေ ‘တဲ့

ဘုရားရှေ့မှာ ကုသိုလ်ဖြစ် ငှက် လွှတ်ဈေးသည်လေသံနဲ့

ကယ်ရီသမားက ပြောတယ် …

‘ငွေလိုလို့ ဒီအလုပ်လုပ်ရတာ  ယင်ဖိုမသန်းတဲ့

အထုပ်ကို ရှင်ဖြေ ရမှာ’တဲ့

ပြည်တန်ပတ္တမြားကို ကွမ်းတစ် ယာနဲ့ လဲစားရသလိုဟန်နဲ့

၁၃ နှစ်သမီးက ပြောတယ်…

(အသက်ရှင်ခြင်းဟာ လိင်စိတ်တစ်ခုထဲမဟုတ်ဘူး

ကလေး လေး  လောကဟာ  လိင်ထက်မြတ်ပါတယ်

ကိုယ့်လိပ်ပြာကို အုတ်တံတိုင်းခတ်ပြီး  လုံလုံခြုံခြုံနေချင်တယ်)

စိတ်လိုလက်ရ စိတ်လျှော့ထား ဆန်းကျော်စွာဝင်း

ကျောက်ခေတ် ကြေးခေတ်ကစ

ဒီမိုကရေစီခေတ်ဦးပိုင်းအထိ

လူသားသမိုင်းမှာ ပထမဆုံး သော ပရိုဖက်ရှင်နယ်အလုပ်

စီးပွားရေး အဆင်မပြေဘူး

အဖေက ဒုက္ခိတ အမေက နောက်လင်နဲ့

မောင်လေးက ချူခြာတယ်

အပ်ကြောင်းထပ် ဇာတ်လမ်း တွေထဲ

စိတ်လိုလက်ရ စိတ်လျှော့ထား ဆန်းကျော်စွာဝင်း

ဘယ်အစိုးရတက်တက် ဖာဈေး ကွက်က ရှိနေမှာပဲ…။

ကုသိုလ်လည်းရ ဝမ်းလည်းဝ တာပေါ့

သက်ငယ်မုဒိမ်းသမားတွေ သိပ္ပံလမ်းအဆုံးကိုလာပါ

(သေဒဏ်နဲ့ ၅ဝဝဝ လဲလိုက်ကြ )

အမှုလည်းရ ဝမ်းလည်းဝတာပေါ့

အသွင်ယူသက်သေတွေ သိပ္ပံလမ်းအဆုံးကို လာပါ

ဆက်ကြေးပဲဖြစ်ဖြစ်  လိုင်းကြေးပဲဖြစ်ဖြစ်

ဝတ်စုံအပြည့်နဲ့ လက်သော့ တစ်စုံထည့်ခဲ့

‘ခင်ဗျားတို့လက်ခုပ်ထဲက ဖျာပဲ

ခင်းချင်ခင်း  နင်းချင်နင်း ‘

သိပ္ပံလမ်းအဆုံးကို  ရောက်အောင်လာပါ

သိပ္ပံလမ်းအဆုံးမှာ လမ်းဟာ အဆုံးသတ်သွားတာ

သိပ္ပံလမ်းအဆုံးမှာ ဘဝတွေဆုံး သွားကြတာ ။ ။

ဆန်းကျော်စွာဝင်း        


LEAVE A REPLY

Please enter your comment!
Please enter your name here