မြန်မာသံစဉ် သီချင်းတွေမှာ ဖေ့စ်ဘုတ်ခ် ဗန်းစကားများ ထည့်သွင်း အသုံးပြုထားခြင်း အပေါ် အဆိုတော် မိုးထက်မြင့်ရဲ့ ရှင်းပြမှု

0
192

မြန်မာသံအဆိုတော် မိုးထက်မြင့်က အခုလတ်တလောလေးမှာပဲ ရွှေဘလာပြီဆိုတဲ့ တစ်ကိုယ်တော်အခွေကို ထွက်ရှိထားပါတယ်။ ဒီအခွေကသူ့ရဲ့တတိယအခွေဖြစ်ပြီး အရင်နှစ်ခွေနဲ့ မတူ အောင်လည်း ကြိုးစားထားတယ်လို့ မိုးထက်မြင့်က ပြောပါတယ်။ ”ဒီအခွေက ကျွန်တော်အများကြီးမျှော်လင့်ထားပါတယ်။ ဒီအခွေနဲ့ပတ်သက်ပြီးလည်း ကျွန်တော်တအားအားထည့်ထားပါတယ်။ ပထမစီးရီးခွေမှာတော့ ဟာသတွေသိပ်မပါဘူး။ ဒီအခွေမှာတော့ လူငယ်လေးတွေလည်း မြန်မာသံကို စိတ်ဝင်စားလာအောင် ကျွန်တော့်ဆရာသျှန်ထွန်း(မြန်မာစာ)က ဟာသဆန်ဆန်လေးတွေ လုပ်ပေးထားတယ်။ပရိသတ်တွေအနေနဲ့လည်း နားထောင်ပြီးရင် ဒီအခွေထဲမှာလိုအပ်တဲ့အပြစ်အနာအဆာလေးတွေ ကြားချင်ပါတယ်။ ဒါမှသာ နောက်ထပ်ထွက်ရှိလာမယ့် အခွေတွေမှာလည်း အကောင်းဆုံး ပြင်ဆင်နိုင်မှာမို့ပါ”လို့ ရွှေဘလာပြီ အခွေနဲ့ပတ်သက်လို့ မိုးထက်မြင့်က ပြောပါတယ်။ မိုးထက်မြင့်အနေနဲ့ကတော့ တစ်ကိုယ်တော်အခွေကို တစ်နှစ်နဲ့ ၂ နှစ်ကြားအတွင်းမှာ တစ်ခွေနှုန်းထွက်ရှိဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ သူ့ရဲ့ဂီတသက်တမ်းကတော့ ၃ နှစ်တာကာလကို ရောက်ရှိလို့လာခဲ့ပြီဖြစ်ပြီး သူ့ဆရာသျှန်ထွန်း (မြန်မာစာ)က ဂီတနဲ့ပတ်သက်လို့လမ်းပြမှုတွေ အများကြီး လုပ်ပေးခဲ့တယ်လို့ ပြောပါတယ်။

”ကျွန်တော်ကတော့ မြန်မာသံစဉ်ကိုကြိုက်တဲ့ အမျိုးအစားထဲမှာပါတဲ့အတွက် မြန်မာသံစဉ်ကိုပဲ သီဆိုဖို့ ရွေးချယ်ခဲ့တယ်။ ရှေ့ လျှောက်လည်း မြန်မာသံစဉ် အနေနဲ့ ပဲ ရပ်တည်သွားမှာပါ” လို့ သူကပြော ပါတယ်။ မိုးထက်မြင့်က အာ့လာပြောတာဆိုတဲ့ ဖေ့စ်ဘုတ်ခ်ဗန်းစကားကို သူ့ရဲ့ ပထမဆုံးတစ်ကိုယ်တော် အခွေအမည်အဖြစ်ပေးခဲ့ပါတယ်။ ဒါ့ အပြင် သူ့ရဲ့တတိယအခွေမှာလည်း ‘Ha Ha ပဲရမယ်’ဆိုတဲ့ ဖေ့ဘွတ်စ် ဗန်းစကားအမည်နဲ့ သီချင်းတစ်ပုဒ်လည်း ပါဝင်ထားပါတယ်။ ဒီလိုမျိုး ဖေ့စ်ဘုတ်ခ်ဗန်းစကားတွေကို အသုံးပြုဖြစ်ပုံကို မေးတဲ့အခါမှာတော့…”ဖေ့စ်ဘုတ်ခ်ဗန်းစကားတွေကို သီချင်းအဖြစ် လုပ်တာကတော့ ကျွန်တော့်ဆရာ သျှန်ထွန်း(မြန်မာစာ)ရဲ့ အိုင်ဒီယာပါ။ ပထမကတော့ ‘အာ့လာပြောတာ’ ခေါင်းစဉ်ကို ကျွန်တော်မကြိုက်ဘူး။ ဆရာကပြောတယ် ဒီစကားက ဖေ့ဘွတ်စ်မှာ တစ်အားခေတ်စားနေတဲ့ ဗန်းစကားပဲ။ Title အဖြစ် ထွက်ပါလားလို့ပြောတယ်။ ကျွန်တော်က မြန်မာသံစဉ်ဆိုတာဆိုတော့ ဒီနာမည်ကြီးတော့မကြိုက်ဘူး။ ဆရာက ဒါလေးကိုပေးလိုက် နာမည်လေးက ဆန်းတယ်ပေါ့။ ဒါနဲပဲ ကျွန်တော်ကဖေ့စ်ဘုခ် ဗန်းစကားတွေပဲသုံးဖြစ်သွားတယ်”လို့ ပြောပါတယ်။ မြန်မာသံစဉ်အခွေမှာ ဖေ့စ်ဘုတ်ခ်ဗန်းစကားတွေ ထည့်သွင်းထားတဲ့အပေါ်မှာ မြန်မာသံအဆိုတော် ကြီးတွေက တစ်မျိုးမြင်လာ နိုင်ဖွယ်ရှိ မလားလို့မေးတဲ့အခါ…”ကျွန်တော့်အမြင်ကတော့ မြန်မာသံတွေကို လူငယ်တွေ ဘာကြောင့်မကြိုက်တာလည်းဆိုတော့ မကြားရလို့ပါ။ မကြားမကြားနဲ့ မှေးမှိန်လာတယ်။ စကားပုံတွေကို ပျက်သွားနိုင်စေတဲ့ အရာမျိုးတွေထက်စာရင် ဒါမျိုးလေးတွေက ဘာပဲပြောပြော မိုနိုဘက်ဆန်ပေမယ့် လူငယ်တွေ စိတ်ဝင်စားတယ်။ စိတ်ဝင်စားတဲ မြန်မာသံစဉ်တွေကို လူငယ်တွေကို နားထောင်လာအောင် ဟာသ အနေ နဲ့ပဲရေးရေး ရှေးစကားတွေကို မပျက် သွားရင် ကျွန်တော့်အနေနဲ့ကတော့ ကောင်းတယ်လို့ တော့မြင်ပါတယ်။ လူငယ်တွေကို ဆွဲခေါ်ဖို့ဆိုရင် ဒီတစ်နည်းပဲရှိတာကိုး။ ဖေ့စ်ဘုတ်ခ်ပေါ်က ဗန်းစကားတစ်ခုကိုရေးထားတာဖြစ်တဲ့အတွက် နားလည်ကြပါတယ်။ ဖြေရှင်းထားတဲ့စကားလုံးမပါရင် တော့နည်းနည်းလေး တော့ မြန်မာတွေရဲ့ ပီသတဲ့စကားလုံးတွေကို ဖျက်သလိုဖြစ်ပါတယ်။ ဒါပေမယ့်လို့ရေးထားက အဖြည်လေးနဲ့ အပျော်လေးနဲ့ ဖြစ်တဲ့အတွက် အများကြီးဝေဖန်ကဲ့ရဲ့တာတော့မရှိပါဘူး”လို့ ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here