ခေတ်ကာလ ရေစီးကြောင်း တစ်လျှောက် စီးမြဲစီးဆဲ ဗန်းစကား ယဉ်ကျေးမှု

0
244

ဗန်းစကားဆိုတဲ့ ဝေါဟာရဟာ အခုလို လူမှုကွန်ရက်ကို တွင်တွင် ကျယ်ကျယ် အသုံးပြုလာတဲ့ခေတ်မှာ လူကြီး၊ လူလတ်၊ လူငယ်မရွေး ပြော ဆိုရေးသားအသုံးပြုလာကြတယ်ဆို ပေမယ့် သူဟာ ဟိုးအရင်နှစ်ကာလ တွေများစွာကတည်းကရှိနေ၊ ပြောဆို သုံးစွဲနေကြတာဖြစ်ပါတယ်။ နိုင်ငံ တိုင်း နိုင်ငံတိုင်းမှာလည်း ဗန်းစကား (Slang) ကို သူ့အဝန်းအဝိုင်းနဲ့သူ အသုံးပြုကြပါတယ်။ ကောင်းပြီ…ဗန်းစကားနဲ့ပတ်သက်လို့ လူတိုင်း၊ လူတိုင်း ဘယ်ကဘယ်လို စပြောကြ သလဲဆိုတာ ပြန်ကြည့်ကြရအောင်။ ကျွန်တော်တို့ ငယ်စဉ်ကလေးဘဝက မူလတန်း၊ အလယ်တန်း၊ အထက် တန်းစတဲ့ စတိတ်ကျောင်းတွေ တက် ခဲ့စဉ်ဘဝကို မှတ်မိကြမယ်ထင်ပါ တယ်။ အထူးသဖြင့် ယောကျာ်းလေး တွေပေါ့။ တစ်ယောက်နဲ့ တစ် ယောက်ခေါ်ဝေါ်ကြတဲ့အခါမှာ ‘ယောက်ဖ’ လို့ သုံးကြတာတွေ ကြုံခဲ့ ဖူးမှာပါ။ တကယ်တော့ ‘ယောက်ဖ’ ဆိုတာ မိမိအစ်မ (သို့မဟုတ်) ညီမရဲ့ ခင်ပွန်းဒါမှမဟုတ် တစ်ဖက် ယောက်ျားလေးရဲ့အစ်မ (သို့မဟုတ်)ညီမဟာ မိမိဇနီးဖြစ်မယ်ဆိုရင် ခေါ်ဝေါ်သုံးစွဲကြတဲ့စကားလုံး ဖြစ်ပါတယ်။ ဒါကို ယောကျာ်းလေးတွေက တစ်ယောက်နဲ့ တစ်ယောက်ချစ်ခင် ခြင်းအားဖြင့် ယောက်ဖလို့ခေါ် ဝေါ်သုံးစွဲလာကြရာကနေ ဗန်းစကား ဖြစ်လာခဲ့တယ်။ ဒါဟာ ရပ်ကွက်ထဲက ကာလသားတွေကနေ စတိတ် ကျောင်းသားတွေဆီ ရောက်လာခဲ့ဟန်လည်း ရှိပါတယ်။ နောက်ကျတော့ ငယ်ငယ်တုန်းက ကျောင်းမှာ တစ်ယောက်နဲ့တစ်ယောက် ‘ယောက်ဖ’ လို့ ခေါ်ဝေါ်သုံးစွဲလာ ရာကနေ ‘သားကြီ’ဆိုတဲ့ စကားလုံး ပေါ်လာခဲ့တယ်ဆိုတာ ပြောဆို အသုံးပြုဖူးတဲ့လက်ရှိ လူလတ်ပိုင်း အရွယ်တွေ သိကြမှာပါ။ အဲဒီလိုပေါ့။ အိမ်က အဖေနဲ့ အမေကို ‘ဘိုးတော်၊ ဘွားတော်’စသဖြင့် ပြောဆိုကြတာတွေ၊ အကြောင်းကိစ္စ တစ်ခုခုနဲ့ကြုံပြီဆိုရင် ‘တိုင်ပတ်တာတို့’၊ ‘ကွိုင်တက်တာတို့’ ဒါတွေလည်းပြောခဲ့ဖူးကြ တယ်။ တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ကြပြီဆိုရင် ထိုးလိုက်တယ်လို့ ပြောရမယ့်အစား ‘ကစ်လိုက်တာတို့’၊ ‘သိပ်လိုက်တာတို့’ အများကြီးပါပဲ။ ကောင်မလေးဆို ‘စော်’၊ ကောင်လေး ‘ဘဲ’စတဲ့အသုံးအနှုန်းဟာ အခုခေတ် အထိ အသုံးပြုလာကြတဲ့ စကားတွေပါ။ ဗန်းစကားနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် သုံးစွဲနေကြတဲ့ စကားလုံးတွေအများကြီး၊ အများကြီးပါ။ သိပ်ပြောလို့မကောင်းတဲ့ စကားလုံးတွေလည်း အများကြီးရှိပါတယ်။

ဗန်းစကားတွေဟာ သီချင်းတွေ ကနေလည်း ဆင်းသက်လာကြတယ်။ ဗန်းစကားကို ဟိုးအရင်စတီရီယို ခေတ်ဦးက အဆိုတော်ကြီးတွေဆီမှာ လည်းတွေ့နိုင်တယ်။ အဲ…တစ်ခု ပြောချင်တာက ၂ဝဝဝ ပြည့်နှစ် ကာလများဆီက မြန်မာနိုင်ငံမှာ စတင်လာခဲ့တဲ့ Rap သီချင်းတွေပေါ့။ နိုင်ငံခြားမှာလည်း ဟစ်ဟော့ပ်အဆို တော်တွေက သူတို့သီချင်းတွေမှာ ဗန်းစကား(Slang) ကိုညှပ်၊ ညှပ်ပြီး အသုံးပြုကြတယ်။ မြန်မာပြည်က ဟစ်ဟော့ပ်အဆိုတော်တွေထဲမှာ ဗန်းစကားအသုံးပြုတာကောင်းတဲ့ Rapper တွေအများကြီးပါ။ အထူးသဖြင့် ဟစ်ဟော့ပ်အဆိုတော် J.me ပေါ့။ စကားပြောတဲ့အခါမှာလည်း  ဗန်းစကားတွေထည့်ပြီး ပြောတတ်သလို သူ့သီချင်းတွေမှာလည်း ဗန်း စကားကို လှလှပပ အသုံးပြုတတ်တယ်။ နောက်တစ်ယောက် ပြောရမယ်ဆိုရင် ဟစ်ဟော့ပ်အဆိုတော် ကြက်ဖပါ။ သူသုံးတဲ့ ဗန်းစကား တွေကလည်း သိပ်ကိုထိမိလွန်းတယ်။ လူငယ်တွေအတွက်တော့ တကယ့်ကို လွတ်လပ်စွာပြောဆိုနိုင်တဲ့ အသုံး အနှုန်းတွေပါပဲ။ ဗန်းစကားတွေနဲ့ ပတ်သက်လို့ ကြက်ဖကို မေးဖြစ်ခဲ့ တာက…

”အများဆုံး သုံးဖြစ်ကြတာတော့ ဖုံးကွယ်မှု တစ်ခုလို့ပြောလို့ရတာပေါ့။ အပြင်လူမသိစေချင်တဲ့ သဘောတ ရားကနေ ဆင်းသက်လာတယ်လို့ ပြောလို့ရတာပေါ့။ ဥပမာ- လမ်းမတော်က ဗန်းစကားကို ဒီဘက် စမ်းချောင်းက မသိဘူး။ အဲဒီလိုပဲ သမိုင်းဘက်က ဗန်းစကားကို ကြည့် မြင်တိုင်တို့ဘက်က မသိနိုင်ဘူး။ တကယ်တော့ ဒီလိုရည်ရွယ်ပြီး လုပ်တာတော့ မဟုတ်ဘူး။ ဘော်ဒါတစ်စုနဲ့ တစ်စုမှာ သူတို့ဘာသာသူတို့ ထွင်ထားတဲ့ စကားတွေ သက်သက်ရှိတယ်။ အဓိကကတော့ ဗန်းစကားဆိုတာ Top Secret ကနေ ဆင်းသက် လာတယ်လို့ ပြောလို့ရပါတယ်။ ဒီဘက်ယဉ်ကျေးမှု ရောက်လာတော့မှ ဗန်းစကားကို တွင်တွင်ကျယ်ကျယ် သုံးလာကြတာ။ အရင်တုန်းကဆိုရင် ကိုယ့်လူကိုယ်ပဲ ပြောပြကြတယ်။ အင်တာနက်ခေတ်လည်း မဟုတ်တော့ အရမ်းကြီး ပျံ့နှံ့မသွားဘူး။ ဒီဘက်ခေတ်ရောက်တော့မှ ဒါကို လူတွေအကုန်လုံး တွင်တွင်ကျယ်ကျယ် သုံးကြရင်းနဲ့ ဖုံးကွယ်ထားစရာ မလိုတော့အောင် ဖြစ်သွားတဲ့ သဘောပါပဲ။ ကျွန်တော်တော့ အဲဒီလိုပဲ ယူဆပါတယ်။ ပြီးတော့ သမိုင်းသွားလေ့သွားထရှိတဲ့ သမိုင်းဖြစ်စဉ်တွေ မှာဆိုရင်လည်း စကားက တဖြည်းဖြည်းပြောင်းလဲလာတဲ့ သဘောမှာ ရှိတာကိုး။ စာဆိုရင်လည်း အရင်တုန်း ကစာလုံးပေါင်းနဲ့   နောက်နှစ် တော် တော်ကြာ လောက်မှာ ပြောင်းသွားတဲ့ စာလုံးပေါင်းပေါ့။ ဥပမာ-အရင်တုန်း ကခေါ်တာက ရွှေဂုံတိုင်ကို ရွှေခုံတိုင်။ နောက်ပိုင်း ရွှေဂုံတိုင်၊ အဲဒီလို တွေဖြစ်လာတဲ့ ယဉ်ကျေးမှု ဓလေ့နဲ့ လည်းဆိုင်တယ်။ စာလုံးပေါင်းတွေ ပြောင်းသွားတာမဟုတ်ဘူး။ သူက အခေါ်အဝေါ်ကြီး ပြောင်းချသွားတာ။ မတော်တဆနဲ့ရော၊ Secret ပိုင်းကြောင့် တမင်ရည်ရွယ်ပြီး၊ ဖုံးကွယ်ပြီး လျှို့ဝှက်ကုဒ် Password လိုမျိုး သုံးကြရာကနေ အားလုံးပေါင်း ပြီးတော့ ဗန်းစကားဆိုတာဖြစ်တဲ့ သဘောပါပဲ” လို့ ကြက်ဖက သူ့ယူဆချက်ကို ပြောပါတယ်။ အခုနောက်ပိုင်း အဆိုတော်တွေ ထဲမှာဆိုရင် အခွေ Title ကိုတောင်မှ ‘၉”ကိုးပေါက်’ဆိုပြီး ပေးထားတဲ့ ဟစ် ဟော့ပ်အဆိုတော် X.Box အကြောင်းလည်း ပြောရဦးမှာပါ။ သူ့ရဲ့ ကိုးပေါက်ကတော့ လူငယ်တွေ ကြားထဲမှာ ဗန်းစကားတစ်ခုအနေနဲ့ ပြောဆိုကြတာလည်း ရှိပါတယ်။ သူနောက်ထွက်မယ့် အခွေနာမည်က လည်း ‘၉၉”ကိုးဆယ့်ကိုးပေါက်’ ဆိုတဲ့ အခွေကိုလည်း သူမကြာခင် ထွက်တော့မှာပါ။ နောက်တစ်ယောက်ကတော့ ဟစ်ဟော့ပ် အဆို တော် Lil’z လို့ ဆိုရမှာပါ။ သူ့သီချင်း စာသားထဲကလို သူငယ်ချင်း အချင်းချင်းအေးဆေးပဲ လို့ပြောရမယ့်နေ ရာမှာသူက ‘အေးဆေး’ ကို ‘အဆ’ လို့လုပ်လိုက်တာ အကုန်လုံး ‘အဆ၊’ ‘အဆ’ ဆိုပြီး ဖြစ်ကုန်ပါလေရော။ ဒါတွေဟာ လူငယ်တွေရဲ့ လွတ်လပ်မှု အရသာပါပဲ။

”ဗန်းစကားတွေကို သဘောကျ ပါတယ်။ အထူးသဖြင့်တော့ ကျွန် တော်တို့ ရပ်ကွက်ထဲမှာ သူငယ်ချင်း အချင်းချင်းပြောကြ၊ ဆိုကြတဲ့ စကားလုံးဝေါဟာရပေါ့နော်။ အထူးသဖြင့် ကတော့ ဗန်းစကားတွေက ရပ်ကွက် မတူတာနဲ့တင် စကားလုံး အသစ်တွေက ထွက်တယ်။ ဥပမာ-ကျွန်တော်တို့ ရပ်ကွက်မှာ ခေတ်စားတဲ့ ဗန်းစကား က တစ်မျိုးရှိချင်ရှိမယ်။ ကျွန်တော် တို့နဲ့ နည်းနည်းဝေးတဲ့မြို့နယ် တစ်ခုခုမှာ ခေတ်စားတဲ့ဗန်းစကား က တစ်မျိုးရှိချင်ရှိမယ်။ အဲဒီလို သူငယ်ချင်းတွေတွေ့ကြတဲ့အခါမှာ သူ့ဟာကိုယ်ပြော၊ ကိုယ့်ဟာကိုယ် ပြော အဲဒီလိုမျိုးပေါ့။ သဘောတော့ ကျပါတယ်”လို့ ဗန်းစကားအသုံး ပြုရတာ နှစ်သက်တဲ့ဟစ်ဟော့ပ် အဆိုတော် Ice Cold က သူ့အမြင်ကို ဒီလိုပြောပြခဲ့တာပါ။

ဟစ်ဟော့ပ် သီချင်းတွေမှာ ဗန်းစကားတွေ အသုံးပြုခြင်း အကြောင်းကိုတော့ကြက်ဖက… အရင်တုန်းက ကျွန်တော်တို့ငယ်ငယ် တုန်းကခေတ်ဆိုလို့ရှိရင် လူကြီး တွေက ဗန်းစကားသိပ်မပြောကြ ဘူး။ လူငယ်တွေကြားမှာပဲ သုံးကြ၊ နှုန်းကြတယ်။ လူကြီးတွေက သိပ်ပြီး တော့ ရင့်ကျက်မှုမရှိတဲ့အနေနဲ့ မသုံး ကြဘူး။ တကယ်လည်း အဲဒီလိုပြော လို့ရပါတယ်။ သူငယ်ချင်းအချင်းချင်း ပေါ့ပေါ့ပါးပါးနဲ့ ပျော်စေ၊ ပျက်စေ စိတ်မျိုးနဲ့ပဲ ပြောလို့ရတာကိုး။ တ ကယ့် တည်တည်တံ့တံ့နဲ့ ဥပမာ-အင် တာဗျူးလို နေရာမျိုးတွေ၊ စာသံပေသံနဲ့ပြောရမယ့် ဟောပြောပွဲလိုနေရာ မျိုးတွေမှာလည်း မသုံးသင့်တဲ့ စကားတွေပေါ့။ သီချင်းတွေထဲမှာတော့ ကျွန်တော်တို့က ထုံးစံအတိုင်း Street Culture ထဲမှာ Street Slang ဆိုတာပါတော့ ဒီဟာက ယဉ်ကျေးမှုတစ်ခုအနေနဲ့ကို သုံးကြတာပါ။ တကူးတက သုံးကြတဲ့သဘောတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ Hip Hop Music မှာမှလည်း မဟုတ်ဘူး။ နောက်ပေါ်လာတဲ့ Music တော်တော်များများမှာ ခေတ်ပေါ် Music ဖြစ်နေရင် ဒီလိုမျိုး အထာလေးတွေက သုံးကြ တာပဲလေ။ ခေတ်ကာလရွေ့လျားမှုကြောင့်ပေါ်လာတဲ့ Modern တစ်ခုပဲပေါ့။ ခေတ်ရေစီးကြောင်း နောက်ကပါလာတဲ့ Creation အသစ်တစ်ခု လို့ပြောလို့ရပါတယ်လို့ သိရပါတယ်။

ခေတ်တွေ ဘယ်လိုပဲပြောင်း ပြောင်း ခေတ်လူငယ်တွေရဲ့ စကား လုံး အသုံးအနှုန်းဟာ အမြဲတမ်းဆန်း သစ်လှပစွာ တည်ရှိနေမှာပါ။ သို့သော် တစ်ခုရှိတာက တချို့ ဂုဏ် အရှိန် အဝါရှိတဲ့ လူကြီးသူမတွေ ရှေ့မှာ ဗန်းစကားတွေ နဲ့ပြောမယ် ဆိုရင် အဂါရဝဖြစ်စေမယ့် အဓိ ပ္ပါယ်သက် ရောက်နိုင်တာတွေ လည်းရှိ တတ် တာကို သတိပြုရမှာပါ။ တချို့ အနည်းငယ်ရိုင်းတဲ့ အဓိပ္ပါယ် သက်ရောက်တဲ့ စကားလုံးဗန်းစ ကားတွေကြောင့် မိမိရဲ့ ဂုဏ်သိက္ခာ၊ အဆင့်အတန်း မညှိုးနွမ်းစေ ချင်ပါ ဘူး။ လူငယ်အချင်းချင်း ပြောဆို ဆက်ဆံတဲ့နေရာမှာ ဘာအရောင် မှ မပါဘဲ ပြောဆိုအသုံးပြုနိုင်တဲ့ ဗန်း စကားဟာဆိုရင်တော့ဖြင့် လူငယ် တွေသာ လူကြီးဖြစ်သွားမယ်။ အ သစ်တက်လာမယ့် လူငယ်တွေဆီမှာ ဆက်လက်တည့်တံ့နေဦးမယ်ဆိုတာ ယုံကြည်ပါကြောင်း ရေးသားဖော်ပြ လိုက်ရပါတယ်။

ဖိုးဝ


LEAVE A REPLY

Please enter your comment!
Please enter your name here