ရိုမန်တစ်ဆန်ဆန် ကမ်းခြေမှာ မင်္ဂလာ လက်မှတ်ရေးထိုးပွဲ ကျင်းပခဲ့တဲ့ ကိုတာတာမျိုး နဲ့ နန်းမြတ်ဖြိုးသင်း

0
254

[spb_text_block animation=”none” animation_delay=”0″ padding_vertical=”0″ padding_horizontal=”0″ width=”1/1″ el_position=”first last”]

[/spb_text_block] [spb_text_block animation=”none” animation_delay=”0″ padding_vertical=”0″ padding_horizontal=”0″ width=”1/1″ el_position=”first last”]

ကိုတာတာမျိုးနဲ့ သရုပ်ဆောင်နန်းမြတ်ဖြိုးသင်းတို့ရဲ့ မင်္ဂလာမော် ကွန်းတင် လက်မှတ်ရေးထိုးပွဲကို နိုဝင်ဘာ ၉ရက်နေ့ မနက်ပိုင်းက ငွေဆောင်ကမ်းခြေမှာ ရိုမန်တစ်ဆန်ဆန် ကျင်းပခဲ့ပါတယ်။ Let’s go ခရီးသွားအစီအစဉ်ရဲ့ အဖွဲ့သားတစ် ဦးဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းရဲ့ မင်္ဂလာပွဲမှာ ကျော်ထွဋ်ဆွေ၊ လွှမ်းပိုင်၊ ဘန်နီဖြိုး၊ နန်းသူဇာ နဲ့ bobby soxer တို့က သတို့သား၊ သတို့ သမီး အရံများအဖြစ် ပါဝင်ဆောင်ရွက် ပေးခဲ့ကြပါတယ်။ ဒီမင်္ဂလာ လက်မှတ်ရေးထိုးပွဲကိုတော့ နှစ်ဘက်မိသားစုများနဲ့  ခင်မင်ရင်းနှီးဆုံး မိတ်ဆွေများသာ တက်ရောက်ခဲ့ ကြပါတယ်။

”လက်မှတ်ထိုးပွဲကို အမှတ်တရလေး ဖြစ်အောင် ထူးထူးခြားခြားဖြစ်အောင် စီစဉ်လိုက်တာပါ။ ခါတိုင်းဆို ရင် ခန်းမထဲမှာပဲ လက်မှတ်ထိုးကြတယ်။ formal ဆန်ဆန်လေးပေါ့။ နန်းမြတ်ကတော့ အဲဒီလိုမဟုတ်ဘဲ နန်းမြတ်ကိုယ်တိုင်ရော ပါဝင်တဲ့ ကိုယ်ရဲ့ မိတ်ဆွေတွေရော ပျော်ပျော် ရွှင်ရွှင်နဲ့ ဘဝအတွက် အမှတ်တရဖြစ် စေမယ့်အရာမျိုး ဖြစ်အောင် လုပ် လိုက်တာပါ” လို့ ပြောပါတယ်။ ကိုတာတာမျိုးနဲ့ နန်းမြတ်ဖြိုး သင်းတို့ရဲ့ စုလျားရစ်ပတ် မင်္ဂလာပွဲ ကို နိုဝင်ဘာ ၂၆ရက်နေ့ ဆီဒိုးနား ဟိုတယ်မှာ ပြုလုပ်မှာဖြစ်ပြီး၊ မင်္ဂလာ ညစာစားပွဲကို နိုဝင်ဘာ ၂၇ရက်နေ့ အင်းယားလိတ် ဟိုတယ်မှာ ပြုလုပ် သွားမှာဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းက သူ့ရဲ့မင်္ဂလာပွဲတွေကို သူစိတ်ကူး အိပ်မက်ထဲကပုံစံတွေအတိုင်း စီစဉ် ပြီးကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။

ခိုင်ဝေလွင်

[/spb_text_block]


LEAVE A REPLY

Please enter your comment!
Please enter your name here