သမီးလေး နှစ်ယောက်အတွက် အခွေထုတ်ပေးမယ့် Lလွန်းဝါ

0
570

 Lလွန်းဝါက သူ့သမီးလေးနှစ်ယောက် အတွက် သီချင်းခွေတစ်ခွေ စီစဉ်နေပါတယ်။ ဒီအခွေကတော့ သမီးလေးတွေ အတွက် အမှတ်တရဖြစ်အောင် စီစဉ်ဖြစ်တဲ့ အခွေဖြစ်ပြီး ဒီအခွေမှာ တစ်ခွေလုံးကို သူကိုယ်တိုင် ရေးသားမှာဖြစ်ကာ သမီးလေးနှစ်ယောက်က သီဆိုသွားမှာဖြစ်ပါတယ်။

 “ဒီအခွေကတော့ မြန်မာနိုင်ငံကထွက်တဲ့ ကလေးသီချင်း အခွေတွေထဲမှာ ကမ္ဘာက သိအောင်ပေါက်တဲ့ အခွေလေးတစ်ခွေ ဖြစ်စေချင်တယ်။ ကိုယ့်သမီးလေး နှစ်ယောက်ရဲ့ အခွေကိုပေါ့။ တစ်ခြားကလေးတွေကပါ အားကျရတဲ့ အခွေပုံစံမျိုးဖြစ်အောင် ကျွန်တော် ကြိုးစားနေပါတယ်။ အဲဒီ့အခွေထွက်လာရင်တော့ လူတွေအားလုံး စိတ်ဝင်စားသွားမှာပါ။ စိတ်မဝင်စားရင်တောင်မှ အနည်းဆုံးတော့ လှည့်ကိုကြည့်ရမယ့် အခွေမျိုးပေါ့။ အဲဒီ့လောက်အထိ အာမခံရဲတယ်။ ဒီအခွေက ကျွန်တော်မဆိုဘူး။ သမီးလေးနှစ်ယောက်ဆိုမှာပါ။ ဆိုတာကော ရိုက်ကူးတာကောပါမယ်”လို့အခွေနဲ့ ပတ်သက်လို့ Lလွန်းဝါက ပြောပြပါတယ်။  အခွေက အင်္ဂလိပ်သီချင်းတွေ လည်းပါမှာဖြစ်သလို မြန်မာ သီချင်းတွေလည်း ပါမှာဖြစ်ပြီး တစ်ခွေလုံးက ကလေး သီချင်းတွေကြီးပဲ ဖြစ်တယ်လို့ သိရပါတယ်။ Lလွန်းဝါရဲ့ ဂီတသက်တမ်းက ၁၆ နှစ် ကျော်ဝန်းကျင် ရှိပြီဖြစ်ပြီး သူနောက်ပိုင်းဖန်တီးမယ့် အနုပညာတွေကို ပုံစံတစ်မျိုးနဲ့ လုပ်ဆောင်သွား ဖို့ရှိတယ်လို့ သိရပါတယ်။ “အသက်အရွယ်နဲ့ လိုက်တဲ့ သီချင်းမျိုးတွေကို လုပ်သွားမယ်။ ကျွန်တော့်ရဲ့ ပရိသတ်တွေက ဘယ်လိုမျိုး သီချင်းပုံစံတွေကို လိုလားတယ်ဆိုတာ သဘောပိုပေါက် လာတယ်။ ကျွန်တော့် စာသားလေးတွေက သူတို့ရင်ဘက်ကို ထိတယ်လို့ ပရိသတ်တွေက ပြောပြကြတယ်။ သီချင်း သံစဉ်လေးတွေက မြန်သည်ဖြစ်စေ နှေးသည်ဖြစ်စေ နားထဲဝင်လွယ် တယ်ဆိုတဲ့ အချိုအရသာလေး ခံစားရတယ်။ ဒါကြောင့် ကျွန်တော်လည်း နောက်ပိုင်းမှာ အဲဒီ့ဘက်ကို ပိုပြီးတော့မှ ဦးစားပေးပြီး လုပ်သွားဖို့ရှိတယ်”လို့ Lလွန်းဝါက သူနောက် ပိုင်းဖန်တီးသွားမယ့် ဂီတပုံစံ သီချင်းပုံစံတွေနဲ့ ပတ်သက်လို့ပြောပြပါ တယ်။ သူ့အနေနဲ့ သူ့ရဲ့သီချင်းသစ်တွေကို တစ်ပုဒ်ပြီးတိုင်း ပြီးတိုင်းမှာ အွန်လိုင်းက နေ ဖြန့်ချိဖို့ အစီစဉ်ရှိနေပြီး သူ့ရဲ့ဂီတလှုပ်ရှားမှုတွေကို ဆက်တိုက်တွေ့ မြင်လာ ရတော့မှာပါလို့ သူကပြောပြပါတယ်.။ “ကျွန်တော့်အနေနဲ့ လုပ်တာတော့ လုပ်နေပါတယ်။ ဧည့်ခံပွဲလေးတွေ ဆိုဖြစ်တယ်။ နယ်ရှိုး တွေမှာ သွားဆိုနေတယ်။ အခွေထွက်တာ ကျဲသွားတာပဲရှိတယ်။ အခွေထွက်တဲ့အပေါ်မှုတည်ပြီး တော့မှမတွေ့တော့ပါလား ဆိုပြီးပရိသတ်တွေက ပြောကြတာပါ။ အခုအခွေတွေ တောက် လျှောက်ထွက်လာမှာပါ”လို့ Lလွန်းဝါ က ပြောပါတယ်။

Lလွန်းဝါက လတ်တလော မှာတော့ ဓမ္မတေးသီချင်း တစ်ခွေထွက်ဖို့ အစီအစဉ် ရှိသလို My Music Dictionary DVD အခွေလည်းထွက်ဖို့ ရှိနေပါတယ်။ ဒါ့အပြင် အချစ် သီချင်းအခွေ တစ်ခွေလည်း ထွက်ဖို့အတွက်ပြင်ဆင်နေပြီး ဂီတနှင့် ပတ်သက်တဲ့ လှုပ်ရှားမှုတွေကိုတော့ စဉ်ဆက်မပြတ် လုပ်ဆောင်သွားဖို့ အစီအစဉ် ဆွဲနေပါတယ်။ သူ့အနေ နဲ့ Lလွန်းဝါ ဆိုတဲ့ Page  တစ်ခုကိုလည်း ဖွင့်လှစ်ထားပြီး ဒီ Page  ကနေ သူ့ရဲ့သီချင်း အသစ်တွေနဲ့ ဂီတလှုပ်ရှားမှုတွေကို တင်ပေးသွားဖို့ အစီအစဉ်ရှိကြောင်းလည်း သိရပါ တယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here