အွန်လိုင်းမှာပဲ ပြသသွားမယ့် ‘လိပ်ပြာခေါင်မိုး’နဲ့ ‘မိုးတိမ်ကမ်းခြေ အဝေးကလှေ’ ဇာတ်ကား

0
296

Myanmar Media 7 မှစီစဉ်ပြီး ဒါရိုက်တာ သားညီရိုက်ကူးမယ့် ‘လိပ်ပြာခေါင်မိုး’ နဲ့ ‘မိုးတိမ်ကမ်းခြေ အဝေးကလှေ’ Mini Series ၂ခု အတွက် ကန်တော့ပွဲပေးခြင်း အခမ်းအနားကို အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်က ရွှေတိဂုံဘုရား အောင်မြေမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲများအတွက်တော့ လက်ရှိ Online မှာ နာမည်ကျော် ကြားနေတဲ့ တက်သစ်စ လူငယ်များ ဖြစ်ကြတဲ့ တိုင်ရွန်၊ အောင်လေး၊ လင်းအောင်ခေတ်၊ ဖြိုးဇော်လင်း၊ ရတနာဖြူဖြူအောင်၊ ယမင်းဝေဦး၊ Bella နဲ့ သီရိကျော်တို့ ပါဝင်သွား မှာဖြစ်ပါတယ်။

အွန်လိုင်းကနေပဲ ပြသသွားမယ့် Mini Series ၂ခုအကြောင်းကို . . .

”ဒီဇာတ်ကားနှစ်ကားလုံးကို အွန်လိုင်းကပဲပြသမှာပါ။ တစ်ပတ်ကို တစ်ပိုင်း၊ တစ်ပိုင်းမှာ မိနစ်၂ဝနဲ့ တစ်လပြသမှာပါ။ ဗီဒီယိုတစ်ကားစာ ပဲ။ ဥပမာ- ဗီဒီယိုတစ်ကားကို လေးပိုင်းပိုင်းပြသတဲ့ သဘောပါပဲ။ နှစ်ကားစလုံးကတော့ အချစ်ဇာတ် လမ်းပုံစံပါ။ ပါဝင်တဲ့ သရုပ်ဆောင် တွေကလည်း Facebook cele တွေဖြစ်တဲ့အတွက် သူတို့ရဲ့ ပရိသတ် တွေများပြီးသားဖြစ်တယ်။ နောက် တစ်ခု ကျွန်တော်တို့ရိုက်ကူးမယ့် ဇာတ်ကားက လူငယ်အချစ်ဇာတ်ကား ဖြစ်တဲ့အတွက် လတ်လတ်ဆက်ဆက်၊ တက်တက်ကြွကြွ လူငယ်တွေနဲ့ ရိုက်ကူးထားတာပါ။ လူသစ်တွေနဲ့ ရိုက်ကူးရမှာ ဖြစ်တဲ့အတွက် ကျွန်တော်က ပုံမှန်ထက် အချိန်နည်းနည်းတော့ ပိုပေးရမှာပါ။ ပိုပင်ပန်းတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း အသစ် ကနေ တက်လာတာဖြစ်တဲ့အတွက် သင်ပေးရတာပျော်တယ်။ သူတို့ဆီက ဘယ်လိုအမူအရာသစ်တွေ ထွက်လာမလဲဆိုတာကိုလည်း ကျွန်တော် စိတ်ဝင်စားပါတယ်”လို့ ဒါရိုက်တာ သားညီက ပြောပြပါတယ်။

ဒီဇာတ်လမ်းတွဲတွေကိုတော့ အောက်တိုဘာလ ၂ ရက်နဲ့ ၉ ရက် နေ့တွေမှာ စတင်ရိုက်ကူးသွားမှာဖြစ် ပြီး အောက်တိုဘာလထဲမှာပဲ ပြသသွားမှာဖြစ်ပါတယ်။

မြတ်မိုးပွင့်

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here