အဆိုတော်ဇော်ဝင်းထွဋ်မိသားစု၊ အဆိုတော် Rဇာနည်မိသားစု၊ ကိုအောင်သူ (မန္တလေး) မိသားစုများမှ စိန်ဖူးတော် ထီးတော်များတင်လှူဒါန်း

0
306

[spb_text_block animation=”none” animation_delay=”0″ padding_vertical=”0″ padding_horizontal=”0″ width=”1/1″ el_position=”first last”]

[/spb_text_block] [spb_text_block animation=”none” animation_delay=”0″ padding_vertical=”0″ padding_horizontal=”0″ width=”1/1″ el_position=”first last”]

မိတ္ထီလာမြို့အနီး မုန်တိုင်ကျေးရွာမှာ ရှေးဟောင်းဘုရား ပြည်လုံးချမ်းသာစေတီ၊ ရွှေဘုံသာစေတီ၊ ငွေဘုံသာစေတီ ဘုရားများကို ပြန်လည်ပြုပြင်ခြင်း၊ ရွှေထီးတော်၊ စိန်ဖူးတော်၊ ဌက်မြတ်နာတော်များ တင်လှူပူဇော်ခြင်း နှင့် ဗုဒ္ဓဘိသေက အနေကဇာတင် မဟာမင်္ဂလာ အလှူတော်မှာ အလှူရှင်များဖြစ်တဲ့ အဆိုတော် ဇော်ဝင်းထွဋ်မိသားစု၊ အဆို တော် Rဇာနည်မိသားစု၊ ကိုအောင်သူ (မန္တလေး) မိသားစုများမှ စိန်ဖူးတော် ထီးတော်များ တင်လှူဒါန်းခဲ့ပါတယ်။

”မုန်တိုင်ရွာ ရှေးဟောင်းနယ်မြေက ပြည်လုံးချမ်းသာစေတီကို လွန်ခဲ့တဲ့(၁၉)နှစ်က ထီးတော်တင် ကုသိုလ်ယူခွင့်ရခဲ့ပါတယ်။ ခုတစ်ခါ ၂ဝ၁၇ခုနှစ်မှာ စိန်ဖူးတော်နဲ့ ထီးတော်အသစ် ထပ်မံပူဇော်ခွင့်ရပါတယ်။ ကုသိုလ်ကောင်းမှု ပြုခွင့်ရအောင် ကူညီကြသူအားလုံးနဲ့ တကူးတက ရောက်အောင်လာကြသူ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ ပြုပြုသမျှ ကုသိုလ်အပေါင်းကိုလည်း အမျှပေးဝေပါတယ်”လို့ အလှုနဲ့ ပတ်သက်ပြီး ဇော်ဝင်းထွဋ်ရဲ့ ဇနီးဖြစ်သူ မမေခိုင်အုံးက ပြောပါတယ်။

လင်းအက္ခရာ

ဓာတ်ပုံ-အေးဇော်မိုး(စက်မှု)

[/spb_text_block]


LEAVE A REPLY

Please enter your comment!
Please enter your name here