မွေးနေ့မှာ ကိုရင်ဝတ်ခဲ့တဲ့ မင်းရွှေရောင်တင်

0
254

တင်မောင် ဆန်းမင်းဝင်းတို့ မိသားစုက စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့မှာရှိတဲ့ သစ္စာရောင် ပြန်အဓိဌာန်ဘုရား ရွှေတိဂုံစေတီပုံတူ ကျိုက်ထီးရိုးပုံတူဘုရား ထီးတော်တင်ပွဲမှာပါဝင် ကုသိုလ်ယူခဲ့ပါတယ်။ ရေကန်တွေ၊ သိမ်တွေ ပြန်လည်တူး ဖော်မှုအတွက်လည်း အလှုငွေများ ပေးအပ်လှုဒါန်းခဲ့ပြီး လျှပ်စစ်မီး အတွက်လည်း လှုဒါန်းခဲ့တယ်လို့ သိရပါတယ်။

”ထီးတော် အလှူရှင်ကတော့ သပ်သပ်ပါ။ အစ်မတို့ကတော့ အဆောက်အဦးတို့ လျှပ်စစ်မီးတို့ လှူတာ။ ထီးတင်တာကကြတော့ ကိုဆန်းမင်းနဲ့ သားသားက ပါဝင်ကုသိုလ်ယူ တင်ပေးတာပါ။ သားသား ကိုရင်ဝတ်တာကြတော့ ကလေးဆိုတော့ ဘုရားသားတော် အနေနဲ့ ဝတ်ပေးလိုက်တာပါ။ ကလေးဆိုတော့ ထီးတင်တဲ့အခါ ကံတစ်အား မြင့်သွားမှာ ဆိုးလို့ပါ။ ဒါကြောင့် ဘုရားသားတော် အနေနဲ့ ကိုရင်ဝတ်ပေးပြီး ထီးတင်တာပါ။ ဒါကတော့ မိသားစု အလှူလေးပါ။ ထီးတင်ဖို့ ဆိုတာကလည်း ခဲယဉ်းတယ်လေ။ ကိုဆန်းမင်းနဲ့ သားသားကလည်း ထီးတော် တင်ရတယ်ဆိုတော့ ကိုယ်လှူထားတဲ့ အလှူလေးက ပိုပြီး မွန်မြတ်တာပေါ့။ အစ်မတို့အနေနဲ့ လိုအပ်တဲ့ အရာတွေကို အကုန်လှူဒါန်းခဲ့ပါတယ်” လို့ အလှူနဲ့ပတ်သက်ပြီး တင်မောင်ဆန်း မင်းဝင်းရဲ့ ဇနီးဖြစ်သူ မအေးမမလှိုင်ကပြောပါတယ်။

တင်မောင်ဆန်းမင်းဝင်းတို့ မိသားစုက နိုဝင်ဘာ ၉ရက်နေ့မှာလည်း မန္တလေးမှာ အလှူပြု လုပ်ခဲ့ပြီး သားဖြစ်သူ မင်းရွှေရောင်တင်က ကိုရင်ဝတ်ခဲ့ပါသေးတယ်။ မင်းရွှေရောင်တင်အနေနဲ့ ကိုရင်ဝတ် ဖြစ် တာကတော့ အခုအကြိမ်နဲ့ဆိုရင် လေးကြိမ်မြောက် ရှိခဲ့ပြီလည်းဖြစ်ပါတယ်။ ဒါ့အပြင် နိုဝင်ဘာ ၂၅ ရက်နေ့နဲ့ ၂၆ရက်နေ့မှာလည်း တင်မောင်ဆန်းမင်းဝင်းတို့က ထီးချိုင့်မှာအလှူတွေ ပြုလုပ်ဖို့ရှိပါသေးတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here