ချစ်သူသက်တမ်း (၈)နှစ်အကြာမှာ စေ့စပ်ကြောင်းလမ်း မင်္ဂလာပွဲပြုလုပ်တဲ့ သရုပ်ဆောင် စိုးရန်အောင် နဲ့ သရုပ်ဆောင် သက်သခင်ကျော်ကျာ်

0
360

[spb_text_block animation=”none” animation_delay=”0″ padding_vertical=”0″ padding_horizontal=”0″ width=”1/1″ el_position=”first last”]

[/spb_text_block] [spb_text_block animation=”none” animation_delay=”0″ padding_vertical=”0″ padding_horizontal=”0″ width=”1/1″ el_position=”first last”]

သရုပ်ဆောင် စိုးရန်အောင်နဲ့ သရုပ်ဆောင် သက်သခင်ကျော်ကျာ် တို့ရဲ့ စေ့စပ်ကြောင်းလမ်း မင်္ဂလာပွဲကို နိုဝင်ဘာ လ ၉ ရက်နေ့က Inya Lake Hotel (Jade Gßoom) မှာ ကျင်းပ ပြုလုပ်ခဲ့ပါ တယ်။ သူတို့ ချစ်သူနှစ်ဦးကတော့ ချစ်သူသက်တမ်း ရှစ်နှစ်တာ ကာလကို ဖြတ်ကျော်ပြီးမှ အခုလို စေ့စပ်ကြောင်းလမ်းခဲ့တာလည်း ဖြစ်ပါတယ်။ ရှစ်နှစ်တာ အတူတွဲလာခဲ့တဲ့ ချစ်သူနဲ့စေ့စပ်ကြောင်း လမ်းခဲ့တာနဲ့ ပတ်သက်ပြီး သရုပ်ဆောင် စိုးရန်အောင်က အခုလို ပြောပြခဲ့ပါတယ်။

”ကျွန်တော်တို့က တွဲလာတာလည်း ကြာပြီဖြစ်တဲ့အတွက် နှစ်ဘက် မိဘတွေ၊ ဆရာသမားတွေ၊ အနုပညာနယ်ပယ်က ညီအစ်ကို မောင်နှမတွေနဲ့ ချစ်ခင်အားပေးတဲ့ ပရိသတ်တွေကို တရားဝင် အသိပေး စေ့စပ်တဲ့ပွဲလေး လုပ်ဖြစ်ခဲ့တာပါ။ တွဲလာတဲ့အချိန်တွေ ကြာတာနဲ့အမျှ အချစ်ဆိုတာထက် သံယောဇဉ်က ပိုလာပါတယ်။ မိဘ၊ ဆရာသမားတွေကလည်း သူကိုလက်ခံတယ်၊ သဘောတူပေးကြတယ်။ ကိုယ်ကိုယ်တိုင်လည်းချစ်လို့ သူ့ကို ရွေးချယ်ခဲ့တာပါတာ။ အိမ်ထောင်ရေးတစ်ခု တည်ထောင်ဖို့ကတော့ ရှေ့က မိဘ၊ ဆရာသမားတွေ ဆုံးမခဲ့သလိုပါပဲ။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုလိုအပ်တယ်။ ဒီနေ့ ဒီအချိန်အထိ ကျွန်တော့်မှာ သူမကြိုက်တဲ့ အချက်တွေရှိနေသလို သူ့မှာလည်း ကျွန်တော် မကြိုက်တဲ့ အချက်တွေရှိနေသေးပါတယ်။ အဲဒါတွေကို ကျွန်တော်တို့ အကောင်းဆုံး ညှိနှိုင်းပြီးတော့ အကောင်းဆုံး လျှောက်လှမ်းသွားမှာပါ။ နှစ်ယောက် တစ်ဘဝ ထူထောင်တယ်ဆိုပေမယ့် ကျွန်တော်တို့မှာ မိဘအသိုင်းအဝိုင်း ဆွေမျိုးတွေရှိတယ်။ နောက်ပြီး သူငယ်ချင်း အပေါင်းအသင်းတွေ ရှိတယ်။ ကျွန်တော်တို့ တစ်ဘက်နဲ့ တစ်ဘက်က အသိုင်းအဝိုင်းတွေက လိုက်လျောညီထွေ ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ အဲ့လို မလွယ်ကူမှုတွေကို ကြိုးစားပြီး အကောင်းဆုံးတည် ဆောက်သွားမှာပါ” လို့ ပြောပြခဲ့ပါတယ်။

သတိုးသမီးလောင်းဖြစ်တဲ့ သရုပ်ဆောင် သက်သခင်ကျော်ကျော်ကလည်း ချစ်သူကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး အခုလို ပြောပြခဲ့ပါတယ်။

”သက်သခင်တို့ ချစ်သူသက်တမ်းကလည်း ကြာခဲ့ပြီ။ သက်သခင် မိဘ၊ အသိုင်းအဝိုင်းကလည်း သူ့ကို လက်ခံကြတယ်။ သက်သခင် ကိုယ်တိုင်ကလည်း သူကိုချစ်လို့ ရွေးချယ်ဖြစ်ခဲ့တာပါ။ သူကလည်း သက်သခင်ရဲ့ မိဘ၊ အသိုင်းအဝိုင်း ကိုယ့်မိဘ အသိုင်းအဝိုင်းလို ရိုသေတယ်။ လေးစားတယ်။ အဲ့ဒါကြောင့်လည်း အကောင်းဆုံး လက်တွဲဖော်ကောင်း ဖြစ်မယ်လို့ ယုံကြည်တာကြောင့် သူ့ကိုရွေးချယ်ခဲ့တာပါ” လို့ ပြောပြခဲ့ပါတယ်။

သူတို့ချစ်သူ နှစ်ဦးကတော့ ၂ဝ၁၈ ခုနှစ် အတွင်းမှာ မင်္ဂလာပွဲ ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်းလည်းသိရပါတယ်။

ဇော်ဝင်းအောင်

[/spb_text_block]


LEAVE A REPLY

Please enter your comment!
Please enter your name here