သီချင်း အေးအေးလေးတွေ အများဆုံးပါမယ့် Mini Album ထွက်ဖို့ရှိတဲ့ အဆိုတော် ချောငယ်

0
258

ဖေဖော်ဝါရီလ အတွင်းမှာ ထွက်ရှိထားတဲ့ “အိပ်မက်မြစ်” တေးစီး ရီး Audio CD ရဲ့ အမ်တီဗီရိုက်ကူးမှုတွေ အတွက် ပရိသတ်ကို ဘယ်လို ပုံစံမျိုးနဲ့ တင်ဆက်ရမလဲဆိုတာ အဆိုတော်မလေး ချောငယ် က ခေါင်းစားလို့နေပါတယ်။ “စိတ်ကူးလေးပါပဲ” တစ်ကိုယ်တော် အခွေနဲ့ ပရိသတ် အားပေးမှု ရရှိခဲ့တဲ့ ချောငယ်ကို ပထမအခွေ အမ်တီဗီ ကပေါက်ခဲ့တော့ ဒုတိယအခွေမှာ ဘယ်လို ရိုက်ကူးသွားဖို့ စဉ်းစား ထားလဲလို့ မေးတဲ့အခါ… “ပထမအခွေမှာ ချောငယ်က Story လေးတွေများတယ်။ ဒုတိယအခွေမှာ ကျတော့ ချောငယ်ရဲ့ သီချင်းပုံစံ တွေ ကလည်း တစ်ယောက် တည်း အလွမ်းအဆွေး ပုံစံတွေများတဲ့အခါကျတော့ ချောငယ်က ခရီးထွက်ပြီး ရိုက်တာတို့၊ တစ်ယောက် တည်းပဲ လှလှပပလေး ရိုက်ဖြစ်မယ် ထင်တယ်။ သီချင်း အကုန်လုံးတော့ မရိုက်တော့ဘူး။ ချောငယ်အား ထား ရတဲ့ သီချင်းတွေပဲရိုက်တော့ မှာပါ” လို့ သူမကပြောပါတယ်။

“အိပ်မက်မြစ်” တေးစီးရီး အမ် တီဗီမထွက်ခင် ကြားထဲမှာ Mini Album တစ်ခွေလည်း ထွက်ဖို့ရှိတယ်ဆိုတဲ့ ချော ငယ်ကို အဆိုပါ အ ခွေအကြောင်း ကို လည်း မေးဖြစ်တဲ့ အခါ…  “Mini  မှာကျတော့ ချောငယ် ကသီချင်း တွေ အမျိုးအစား အများကြီး မလုပ်တော့ ဘဲနဲ့ Acoustics  သွားတဲ့ဘက်ကို အများဆုံး လုပ် ထားတယ်။ တေး ရေးကလည်း တစ် ယောက်တည်းပဲ။ ကိုဘရန်မိုင်ရဲ့ သီချင်းတွေ အများ ဆုံးပါမယ်။ သီချင်း အေးအေးလေး တွေ အများဆုံးပါ ပါမယ်”လို့ ပြော ပါတယ်။

ပြီးခဲ့တဲ့ သီ တင်းကျွတ်၊ တန် ဆောင်တိုင်ပွဲတော် ရက်တွေ မှာကော ချောငယ်ဘယ်လို ဖြတ် သန်းခဲ့လဲလို့ မေးတော့… “ပြီးခဲ့တဲ့ သီတင်းကျွတ်တုန်း က ချောငယ်တို့ ပျဉ်းမနား နှစ်ကျိပ် ရှစ်ဆူ ဘုရားပွဲမှာရှိတယ်။ ဒီတန် ဆောင်တိုင်ကတော့ ချောငယ် ရန်ကုန်မှာပဲရှိတယ်။ ဘုရားသွားတယ်။ အလှူလေးတွေ လုပ်ဖြစ်တယ်။ နောက် ပိုင်းတော့ နယ်ရှိုးပွဲတွေပဲ ဆက်တိုက်သွား ဖြစ်တယ်။ ပြီးတော့ ချောငယ်ရဲ့ “အိပ် မက်မြစ်” ဆိုတဲ့အခွေအတွက် အမ်တီဗီ ရိုက်ကူးဖို့လည်း ကြိုးစားနေတယ်။ ပြီးတော့ ချောငယ် Mini Album  လေးထွက်ဖို့လည်း ကြိုးစား နေပါတယ်” လို့ ပြောပြခဲ့ ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here