မိခင်ကွယ်လွန်ပြီးနောက်ပိုင်း ဘာသာရေးပိုင်းကို ပိုမိုလုပ်ဖြစ်လာတဲ့ သရုပ်ဆောင် ဧကရီစုစံ

0
160

သရုပ်ဆောင် ဧကရီစုစံက အခု လတ်တလောမှာတော့ ချင်းပြည်နယ်ကို ရိုက်ကူးရေးတစ်ခုအတွက် ရောက်ရှိနေပါတယ်။ ချင်းပြည်နယ်ခရီးက သူ့အတွက်ပထမဆုံး ခရီးစဉ်ဖြစ်ပြီး လှပသာယာသော ရှုခင်းတွေကြောင့် စိတ်တွေအေးချမ်းမှုရှိကြောင်း သူက ပြောပါတယ်။

”ဒေသခံတွေကလည်းဖော်ရွေ ပြီး ချစ်စရာကောင်းကြတယ်။ အဓိက အလှကတော့ တောင်တက်ကြတာ ပေါ့နော်။ တောင်ထိပ်ရောက်ရင် အရမ်းလှတယ်။ စိမ်းစိုပြီး အေးချမ်းတယ်။ ရှုခင်းလေးတွေ မျက်လုံးမလွှဲ ချင်လောက်အောင် လှတယ်။ ခရီးကတော့ အမြဲလိုလို ထွက်ဖြစ်တာ များပါတယ်။ မိသားစုနဲ့ သွားတယ်။ သူငယ်ချင်းတွေ နဲ့သွားတယ်။ အလုပ်ကိစ္စ နဲ့သွားတယ်။ အတွေ့အကြုံတွေကတော့ အများကြီး ရပါတယ်။ ဒေသအလိုက်ပေါ့။ မြို့ပြမှာ မွန်းကျပ်ခဲ့သမျှ စိတ်ပေါ့ပါး လန်းဆန်းတယ်။ ဒေသဗဟုသုတတွေ ရတယ်”လို့ ချင်းပြည်နယ်နဲ့ ပတ်သက်လို့ ဧကရီစိုးစံက ပြောပြပါတယ်။

လက်ရှိမှာတော့ ဧကရီစုစံက ထုတ်လုပ်ရေးတစ်ခုနဲ့ စာချုပ်ချုပ်ထားတာ စာချုပ်သက်တမ်း ပြည့်သွားပြီဖြစ်တဲ့ အတွက်တစ်ခြားထုတ် လုပ်ရေးတွေနဲ့လည်း ရိုက်ကူးလို့ ရပြီဖြစ်ပါတယ်။ စာချုပ်နဲ့လုပ်ရတဲ့ မင်းသမီးဘဝနဲ့ စာချုပ်မရှိတော့ တဲ့မင်းသမီးဘဝ ဘယ်လိုကွားခြားမှု တွေရှိလဲလို့ မေးတော့…

”စာချုပ်ကတော့နှစ်ပြည့်သွားပြီဆိုတော့ အလိုလိုပျက်သွားပြီ ပေါ့နော်။ ဘယ်တိုက် ဘယ်ကုမ္ပဏီနဲ့မဆို လွတ်လပ်စွာ အလုပ်လုပ်လို့ရပါပြီ။ စာချုပ်စချုပ်ကတည်းကလည်း သူတို့ကို ခွင့်တောင်းပြီး ရိုက်ကူးခဲ့တာမျိုးတွေ ရှိပါတယ်။ သူတို့ကလည်း ခွင့်ပြုပါတယ်။ စာချုပ်နဲ့တုန်းကတော့ နည်းနည်း အလုပ်နည်းတာပေါ့။ တခြား ကမ်းလှမ်းတာတွေလည်း သူတို့ သဘောမတူရင် ငြင်းခဲ့ရတာပေါ့။ စာချုပ်မဟုတ်တော့တဲ့ အချိန်ကြတော့ ကမ်းလှမ်းသမျှ ကိုယ်အဆင်ပြေသလို ရိုက်လို့ရတယ်။ အလုပ်ပေါတယ် ပေါ့နော်။ ဒါပေမဲ့ ချွင်းချက်အနေနဲ့ တစ်ချို့တိုက်တွေကျတော့ တကယ်ကို ဖိဖိစီးစီး အမြင့်ကိုရောက်အောင် ပြောင်းလဲအောင် တင်ပေးတဲ့ တိုက်တွေလည်းရှိပါတယ်” လို့ သူက ရှင်းပြပါတယ်။

ဧကရီစုစံက အလုပ်တွေနဲ့ မအားလပ်အောင် ဖြစ်ရပေမယ့်လည်း ဘာသာရေးပိုင်းကို မလစ်ဟင်းရအောင် လုပ်ဆောင်လေ့ရှိသူ တစ်ဦးပါ။ သူ့အနေနဲ့ နေ့စဉ်ပုံမှန် ဘုရားရှိ ခိုးဖြစ်သလို မေတ္တာသုတ်နဲ့ ပဌာန်းရွတ်တယ်လို့ သိရပါတယ်။

”လမ်းခရီးသွားရင် သံဗ္ဗေုတေ ဂါထာအမြဲရွတ်တယ်။ အလုပ်အားတဲ့ အချိန်ဆိုရင်တော့ အဓိဌာန်ဝင်ပီး ရွတ်ဖတ်တာမျိုးတွေလည်း လုပ်ဖြစ်ပါတယ်။ ပိုပြီး လုပ်ဖြစ်တာတော့ အမေဆုံးပြီး ကတည်းကပေါ့။ အမေ့ အတွက်ရည်စူးပြီး အလှုအတန်းတွေ လုပ်ရင်းနဲ့ ဘာသာရေးဘက်ကို ပိုပြီး အားသန်လာတယ်။ ယုံကြည်သက်ဝင်လာတယ်”လို့ သူလုပ်ဖြစ်တဲ့ ဘာသာ ရေးနဲ့ပတ်သက်လို့ သူကပြောပြပါတယ်။

ဒီနေ့ ဒီအချိန်ထိ အားပေးပြီး အသိအမှတ်ပြုပေးတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်သလို မသိသေးတဲ့ ပရိတ်သတ်တွေ အတွက်လည်း အသိအမှတ် ပြုလာအောင် ကြိုးစား သွားပါ့မယ်လို့ ဧကရီစုစံက သူ့ရဲ့ ပရိသတ်တွေအတွက်လည်း စကားဆိုခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here