အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲ မုံရွာတွင် ကျင်းပမည်

0
145

၂ဝ၁၈ခုနှစ် ဇန်နဝါရီလအတွင်း မုံရွာမြို့ မြို့တော်ခန်းမတွင်ပြုလုပ်မည့် အိမ်ထောင်ရှင် အလှမယ်ရွေးပွဲသို့ ပြိုင်ပွဲဝင်လိုသူများ အနေဖြင့် ငွေကြေး ကုန်ကျ ခံစရာမလိုဘဲ လူတွေ့ စစ်ဆေးခြင်းများ လေ့ကျင့် သင်ကြားမှုများကို မုံရွာမြို့သို့ လာရောက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူ Smart & CharityOrganization စီအီးအို ဒေါ်နွယ်နီနိုင် ထံမှသိရသည်။

မုံရွာမြို့တွင် အိမ်ထောင်ရှင် အမျိုးသမီးများအတွက် ပရဟိတ အလှမယ် ရွေးပွဲကို ၂ဝ၁၈ခုဇန်နဝါရီလအတွင်း မုံရွာမြို့ မြို့တော်ခန်းမတွင် ပြုလုပ်သွား မည်ဖြစ်ရာ လျောက်လွှာများကို နိုဝင်ဘာလက စတင်လျောက်ထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ အိမ်ထောင်ရှင် အလှမယ်များသည် ပရဟိတစိတ် ဓာတ်ရှိမှု လှပတင့်တယ်မှု ကျန်းမာရေးလိုက်စားမှု အိမ်ထောင်ထိန်းသိမ်းနိုင်မှု စီမံခန့်ခွဲနိုင်မှု၊ ဘာသာတရားကိုင်းရှိုင်းမှု၊ ပင်ကိုယ်စွမ်းရည် မြင့်မားမှု ပေါင်း သင်းဆက်ဆံရေး ကောင်းမှု၊ တည်ငြိမ်ရင့်ကျက်မှု၊ ဗဟုသုတပြည့်စုံမှု၊ တစ်ဖက် တစ်လမ်းက စီးပွားရှာနိုင်မှုတို့ကို ထုတ်ဖော်ပြသခွင့် ရမည်ဖြစ်ကြောင်း ပွဲစီစဉ် သူကဆိုသည်။

အလှမယ်များကို နိုင်ငံကျော် မိတ်ကပ်ပညာရှင်များ၊ နိုင်ငံကျော် ဒီဇိုင်နာ များ၊ ကျောက်မျက်ရတနာကုန်သည်များ၊ သီရိသုဓမ္မသီင်္ဂီဘွဲ့ရ ဂုဏ်သရေရှိ အမျိုးသမီးကောင်းများ၊ နိုင်ငံ့ကိုယ်စားပြု အလှမယ်များက ဒိုင်အဖြစ် ဆောင်ရွက်၍ ရွေးချယ်သွားမည်ဖြစ် ကြောင်းသိရသည်။ ပြိုင်ပွဲဝင်လိုသူ အမျိုးသမီးများသည် Mrs Royal Beauty 2017 Org ဖေ့စ်ဘုခ်စာမျက်နှာသို့ ဝင်ရောက်ဆက်သွယ် လျှောက်ထားနိုင်ပြီး အသေးစိတ်သိရှိလိုသည်များကို ဝ၉-၂၅၄၂၇၅၅၄၉နှင့်ဝ၉-၇၉၂၂၄၄ဝ၇၂ တို့သို့ ဆက်သွယ်မေးမြန်းနိုင် ကြောင်း သိရသည်။

လှိုင်ဝင်းကို


LEAVE A REPLY

Please enter your comment!
Please enter your name here