ဖေ့စ်ဘုတ်အကောင့် ဟက်ခံလိုက်ရလို့ ခံစားသွားရတဲ့ Ice Cold

0
310

ဒါကတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောတရားတွေပါပဲ။ အနုပညာ ရှင်တစ်ယောက်ရဲ့ ဖေ့စ်ဘုတ်ခ်အကောင့်တစ်ခုဟာ Followers တွေ များစွာရှိတဲ့ အတွက်ကြောင့် အကောင့်ပျက်သွားပြီဆိုရင် နစ်နာဆုံး ရှုံးမှုတွေရှိတတ်စမြဲပါ။ ဒီတစ်ခါ အလှည့်ကျသွားတာက ဗပန Chan Min ဆိုတဲ့ နာမည်နဲ့သုံးနေတဲ့ ဟစ်ဟော့ပ် အဆိုတော် Ice Coldရဲ့ အကောင့်ပါပဲ။ အကောင့်သစ်ဖွင့်ဖို့ တော့ရှိပါတယ်ဆိုတှဲု့ Ice Coldက…

”ပြောချင်တာက ၂မျိုးရှိတယ်။ အကောင့်ပျက်သွားတဲ့အတွက် ကြောင့်မို့လို့ ကျွန်တော်နဲ့ အရမ်းရင်းနှီးနေတဲ့ Friends တွေကျတော့ ပြဿနာမရှိဘူး။ လာ Add တာနဲ့ သိနေပြီလေ။ တချို့လူတွေကျတော့ ဒီအတိုင်းပဲအားပေးနေပြီး ကျွန်တော်က မမှတ်မိလို့ လက်မခံတာမျိုးကျရင် သူတို့အတွက်မကောင်းဘူး။ နောက်တစ်ခုကျတော့ Friend မဖြစ်ရသေးတဲ့သူတွေကျတော့ သူတို့ အတွက် အခွင့်အရေး ပိုရှိသွားတာပေါ့။ နောက်တစ်ခု ပြောချင်တာက ကျွန်တော်တို့ဖေ့စ်ဘုတ်ခ် စသုံးတယ်ဆိုတာ အဆိုတော်မဖြစ်ခင် ကတည်းကပေါ့။ ကျွန်တော့်အတွက် ကတော့ ဒီဟာလေးက ဒိုင်ယာရီ စာအုပ်လိုပဲ။ သုံးခဲ့တဲ့ Activity တွေ၊ အမှတ်တရတွေ အဲဒါတွေ အားလုံး ဆုံးရှုံးသွားတယ်။ ကျွန်တော့်ကို အားပေးတဲ့ပရိသတ်တွေပေါ့။ Followers ၁သိန်း ၆သောင်းလောက် ဆုံးရှုံးသွားတယ်ပေါ့။ အဲဒီ ၂ ခုကတော့ တော်တော်ပြန်လုပ်ဖို့ ခက်ခဲပါတယ်။ ကျန်တာတွေကတော့ ကျွန်တော့်အကောင့်အသစ်ဖွင့် မယ်ဆိုရင် ကျွန်တော့်သူငယ်ချင်း တချို့ အနုပညာရှင်တွေက ဒါဟာ Ice Cold အကောင့်ပါ။ ဝိုင်း Add လိုက်ကြပါဦးဆိုရင်တော့ တော်တော် များများက ပြန်ရလာမယ်ထင်ပါတယ်”လို့ သူက ပြောပါတယ်။

”အမြဲတမ်းမေးနေကျ အခွေ ဘယ်တော့ထွက်မလဲ၊ သီချင်းသစ် တွေ အွန်လိုင်းပေါ်တင်ဦးမလားဆိုတဲ့ မေးခွန်းအပေါ်ကိုလည်း Ice Cold က …

”အခွေကတော့ ထုံးစံအတိုင်း ပြောရမယ်ဆိုရင် စာမေးပွဲပေါ့။ ကျွန်တော့်စာမေးပွဲက ဒီဇင်ဘာ ၁၈ဆိုရင်တော့ ပြီးပါပြီ။ ဖြေစရာလည်း ဘာမှ မကျန်တော့ဘူးဆိုတော့ ဒီဇင်ဘာ ၁၈နောက်ပိုင်းက စပြီးတော့ အခွေ မထွက်မချင်း ဆက်တိုက်ပဲ လုံးပန်းပါတော့မယ်။ အခု ကျွန်တော့်သူငယ်ချင်း G.Fatt သူ့ အခွေ အရင်ထွက်မယ်။ သူထွက်မယ့် ဒုတိယအခွေထဲမှာ ကျွန်တော်ရယ်၊ သူရယ်၊ J.Fire ရယ် ပေါင်းပြီးတော့ ‘မချောကသုံးယောက် ကိုယ်တစ်ယောက်’ဆိုတဲ့ သီချင်းလေး လုပ်ထားပါတယ်။ အဲဒီဟာလေးတော့ အရင်ထွက်မှာပါ။ ကျွန်တော့်စာမေးပွဲ ၁၈ရက်နေ့နောက်ပိုင်း G.Fatt အခွေမထွက်သေးခင် မီရင်တော့ ‘စာမကျက်ချင်ဘူး’ ဆိုတဲ့ သီချင်းတစ်ပုဒ်တော့ ဖြန့်ချင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here