ဒါရိုက်တာဝိုင်းနဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးတော့မယ့် ဟစ်ဟော့ပ်အဆိုတော် X.Box

0
260

MBC နဲ့ စာချုပ်ချုပ်ထားတဲ့ ဟစ်ဟော့ပ်အဆိုတော် X.Box က သိပ်မကြာခင် အချိန်အတွင်းမှာ ဇာတ်လမ်းတွဲ တစ်ကား၊ ရုပ်ရှင်ဇာတ် ကားကြီးတစ်ကား ရိုက်ကူးတော့မှာပါ။  “ရုပ်ရှင် ရိုက်ကူးမယ့် ဒါရိုက် တာကတော့ ဒါရိုက်တာ ဝိုင်းဗျ။ ဇာတ်လမ်းတွဲကို ရိုက်ကူးမယ့် ဒါရိုက်တာ ကတော့ ကိုဝင်းလွင်ထက်ပါ”  လို့ X.Box  က ဆိုပါတယ်။ ကိုယ်နဲ့ရိုက်ကူးရမယ့် ဒါရိုက်တာက ရုပ်ရှင်နယ်ပယ် မှာ ခေသူ မဟုတ်တဲ့သူဆိုတော့ သူနဲ့ဘာ တွေညှိနှိုင်းဖြစ် သလဲလို့ မေးတဲ့အခါ …..

ဆရာကတော့ ကျွန်တော့်ကို သူ့ ရှုတင် လာကြည့် ခိုင်းတယ်။ ကျွန် တော်ကကျတော့ သိပ်မကြည့်မိဘူး။ ဆရာက ကြည့်ခိုင်းတဲ့ အတွက် ကျွန်တော် သွားကြည့် တယ်။ သိပ်ခက်ခဲပါတယ်။ ရှုတင်တစ်ခုမှာ မင်း သား၊ မင်းသမီးတွေ သရုပ်ဆောင် ရတဲ့အရာတွေက တအားကို ခက်ခဲပါတယ်။ ကျွန်တော့် အတွက်လည်း တော်တော်ကြီးကို ပင်ပင်ပန်းပန်း ကြီးကြီးမားမားကို ကြိုးစားရမှာပါ။ အဲဒီအတွက် လည်း ကျွန်တော် အများ ကြီးပြင်ဆင်ထားပါတယ်”လို့ X.Box က ပြောပါတယ်။

သူငယ်ချင်းဖြစ်သူ ရွှေထူးကတော့ “ပက်ပက်စက်စက်ညှို့” နဲ့ ပွဲဦးထွက် သွားခဲ့ပြီ။ ကိုယ့်အလှည့်ကျရင်ကော ဘယ်လိုမျိုးတွေ ဖြစ်လာ မလဲဆိုတာ ရင်ခုန်မိသလားလို့ မေးတော့…  “ရွှေထူးကတော့ ရွှေထူး။ ကျွန် တော်ကတော့ ကျွန်တော်ပေါ့နော် (ရယ်လျက်)။ ဘာဖြစ်လို့လဲ ဆိုတော့ ရွှေထူးက သရုပ်ဆောင် တတ်တယ်ဗျ။ ကျွန်တော်တို့ ‘4’ လေးယောက်မှာ ရွှေထူးရယ်၊ ထက်ယံရယ်က မင်းသား ဖြစ်ချင်တဲ့ ပုံစံဆိုတာ ကျွန်တော်ရယ်၊ Lil’z ရယ် အစောကြီး ကတည်းက သိတယ်။ သူဒီလို မင်းသားဖြစ်လာတယ် ဆိုတာ ကျွန် တော်တို့က ကြိုသိ ပြီးသားပါ။ ကျွန်တော်ကကျတော့ မင်းသားဖြစ်ချင်တယ် ရယ်လို့တော့ မဟုတ်ပါဘူး။ ကျွန်တော် မသိ၊ မကျွမ်း နားမလည်တဲ့ နယ်ပယ်တစ်ခု မှာ ကျွန်တော် အလုပ်လုပ်ဖူးချင် တယ်။ အဲဒီမှာ ကျွန်တော် ဒီအလုပ်ကို လက်ခံတယ်။ အကယ်ဒမီ ရချင် လို့တွေ၊ မင်းသားဖြစ်ချင် လို့တွေ၊ အဆိုတော် ကနေ လိုင်းပြောင်းတယ် ဆိုတဲ့ ခံယူချက်တွေ ကျွန်တော့်မှာ မ ရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က သီချင်းပဲ တစ်သက်လုံး ဆိုချင်တဲသူ။ ဒါပေမဲ့ ကျွန်တော့်ကို အခွေ ထုတ်ပေးတဲ့ MBC က ကျွန် တော့်ကို ကမ်းလှမ်းတယ်။ ကျွန်တော့်ကို လုပ်စေချင်တယ်။ အဲဒီအတွက် ကျွန် တော် အချိန်အကြာကြီး စဉ်းစားပြီးတော့မှ ရိုက် ကူးရေးလုပ်ဖို့ကို လက်ခံလိုက်တာပါ။ ကျွန်တော် လွယ်လွယ်နဲ့ ဆုံးဖြတ်ချက် ချလိုက်တာတော့ မဟုတ်ပါဘူး။ အဓိကကတော့ ကျွန်တော် မင်း သားလုပ်ချင်လို့ မဟုတ်ဘူး။ ကျွန်တော် လေးစား အတုယူရတဲ့ နိုင်ငံခြားက အဆိုတော်တွေ ရှိ တယ်။ အဲဒီအတွက် ကျွန်တော် စမ်းသပ်ကြည့် တယ်။ ကောင်းရင် လည်း ကျွန်တော် ဆက်လုပ်မှာ မဟုတ်ဘူး။ ကျွန်တော် သီချင်းပဲဆို ချင်တာ။ ကျွန်တော် ပထမဦးဆုံးနဲ့ အကောင်းမွန်ဆုံး လုပ်မယ့် စိန်ခေါ်မှုတစ်ခုလို့ပဲ မှတ်ယူထား ပါတယ်” လို့ X.Box ကပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here