မိုးယံဇွန် ပြောပြတဲ့ စာပေက ရရှိသော အကျိုးကျေးဇူးများ

0
232

ဒီလို စာပေညီလာခံမျိုး လုပ်ပေးတာကောင်းပါတယ်။ အရင်တုန်းကတော့ စည်စည်ကားကား လုပ်တာ ကြားဖူးတယ်။ အခုလိုနှစ်တွေ ကြာပြီးမှ ပြန်ကျင်းပပေးတဲ့ အတွက် ကျွန်တော်တို့ နိုင်ငံအတွက် ရော၊ မျိုးဆက်သစ် လူငယ်တွေအတွက်ပါ ကောင်းတဲ့ပွဲကြီး တစ်ပွဲလို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်။ ဒီညီလာခံ ကြီး ကျင်းပပေမယ် ဒါကို စိတ်ဝင်စားတဲ့ လူတွေက လူငယ်တွေမဟုတ်လို့ရှိရင်တော့ ဒီညီလာခံရဲ့ ရည်ရွယ်ချက်က အထမြောက်မှာတော့ မဟုတ်ပါဘူး။ ဒါကြောင့် လူငယ်တော် တော်များများက စာပေညီလာခံကို စိတ်ဝင်စားသင့် တယ်။ ဒီညီလာခံက ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိတယ်ဆိုတာကို လေ့လာသင့်ပါတယ်။ ဒါမှ အကျိုးသက် ရောက်မှုက ရှိမှာပေါ့။ ဒါမှမဟုတ်ရင် ညီလာခံ ကျင်းပလို့ပြီးသွားတာပဲ ရှိမယ်။ ဘာမှ ဖြစ်လာမှာမဟုတ်ဘူး။ နောင် တစ်ချိန် လူ့လောကကြီးထဲမှာ နေထိုင်ရှင်သန်ကျော်ဖြတ်ကြရမယ့် လူငယ်တွေ အတွက် ဒီညီလာခံရဲ့ အကျိုးသက် ရောက်မှုက ပိုကြီးပါတယ်။ လက်ရှိအချိန်မှာလည်း တိုးတက်မှုတွေ အလျောက် ကောင်းကျိုး နဲ့ ဆိုးကျိုးတွေလည်း ဒွန်တွဲနေပါတယ်။ ခက်တာတစ်ခုက ကျွန်တော်တို့တိုင်းပြည်မှာ တော်တော်များများက အဆိုးတွေကိုပဲ အားသန်နေ တယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်း ကဆို အခုလိုအင်တာနက်တွေ သိပ်ပြီး မတွင်ကျယ်သေး ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ ငယ်ငယ်တုန်းက ဝတ္ထုတွေ၊ စာအုပ်တွေဖတ်တဲ့ အလေ့အကျင့်လေးတွေရှိတယ်။ အင်တာ နက် တွေပေါ်လာ တော့ အင်တာနက် ပေါ်ကနေ လည်း စာတွေ ဆည်းပူးလို့ ရမယ်။ စာအုပ် တွေရှာပြီး ဖတ်လို့ရတယ်။ သို့ သော် လူတွေက ဒီလိုမျိုး မလေ့လာ ကြဘူး။ ပေါ်ပင်လေး တွေကိုပဲ ရွေးပြီးဖတ် ကြတယ်။ ဒီလိုနဲ့ ကိုယ့်ရဲ့ တစ်ရက်တာ အချိန် တွေ ကုန်ဆုံးသွားကြတယ်။ ဒါကြောင့် အချိန်တွေ မလိုအပ်ဘဲ ကုန်ဆုံးသွားမှာဆိုးလို့ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here