ကျွန်တော် ကလေးဘဝ ကတည်းက ရွှေသွေးစာအုပ်တွေ ဖတ်ဖြစ်တယ်။ အဲ့ဒီကနေ တစ်ဆင့် တက်လာပြီး ကလေးဝတ္ထု တွေဖတ်တယ်။ နောက်တော့ ရသစာပေ တွေဖတ်တယ်။ ခုတော့ ဘာသာပြန်တွေ ဖတ်ဖြစ်ပါတယ်။ ကျွန်တော် စိတ်ဝင်စားတဲ့ သမိုင်းတွေနဲ့ အဲ့ဒီသမိုင်းတွေကို ရသမြောက်အောင် ရေးထားတဲ့ စာ အုပ်တွေကို ရွေးဖတ်ပါတယ်။ ကျွန်တော် စာဖတ်တဲ့အခါ အပြင်မှာ မတွေ့ကြုံ ဖူးသေးတာကို စာအုပ်ထဲ မှာတွေကြုံရတယ်။ စာအုပ်ထဲမှာ တွေ့ကြုံပြီး အပြင်မှာ နဖူးတွေ့ ဒူးတွေ့ ကြုံလာရပြီ ဆိုရင် ဒါဟာ ကိုယ်ဖတ်ထားတဲ့ စာအုပ်တွေထဲက ဇာတ်လမ်းတစ်ခုပဲ။ အဲဒါကြောင့် ဘဝကို ဘယ် လိုဖြတ်သန်းရမလဲ၊ ဘယ်လို ရပ်တည်ရမလဲ၊ အမှားမှန်ကို ဘယ်လို ခွဲခြားမလဲဆိုတာကို သိလာတယ်။ အဲ့တာကြောင့် စာအုပ် ဖတ်တာက အရမ်း တန်ဖိုးရှိပါတယ်။ ခုလာမယ် ဒီဇင်ဘာလမှာ ကျင်းပမယ့် စာပေ ညီလာခံ ၂ဝ၁၇ ကလည်း စာပေနဲ့ပတ်သတ်ပြီး ကောင်းကျိုးတစ်ခုဖြစ်မှာပါ။