ဂုဏ်ရည်အေးကျော် ပြောပြတဲ့ စာပေက ရရှိသော အကျိုးကျေးဇူးများ

0
227

စာဖတ်တာကတော့ ဂုဏ်ရည် မူလတန်းဘဝကတည်း ဗုဒ္ဓစာပန်းချီတွေ စဖတ်တယ်။ ဘုရားဘယ်လို ဖြစ် လာတယ်ပေါ့။ နောက်ပိုင်း ကာတွန်း၊ ပန်းချီတွေ မပါတော့တဲ့ စာပေတွ အိမ်ကဖတ်ခိုင်းလာတယ်။ တစ်ထောင့် တစ်ည စာအုပ်တွေလည်း ဖတ်တယ်။ အသက်ကြီးလာတော့ ဆရာမလွန်းထားထား၊ ဆရာအကြည်တော်၊ ဆရာဖေမြင့် နဲ့ တခြား နိုင်ငံခြားစာရေးဆရာ စာအုပ်တွေဖတ် ဖြစ်တယ်။ နောက်ပြီး သူတ၊ ရသ စုံအောင်တော့ ဖတ်ဖြစ်ပါတယ်။ စာ ဖတ်ခြင်းကတော့ စိတ်ကို အဟာရကျွေးသလိုပါပဲ၊ စိတ်ကိုဖွံ့ ဖြိုးကြီးထွားစေတယ်။ စိတ်ပိုင်းဆိုင်ရာအတွက် အရမ်းကောင်းပါတယ်။ နိုင်ငံကိုယ်စားပြု အလှမယ်တစ်ဦး ဖြစ်ဖို့ရော အစီအစဉ် တင်ဆက်သူတစ်ယောက်ဖြစ်လာဖို့ပါ ဂုဏ်ရည် စာပေတွေအများကြီး ဖတ်ရှုလေ့လာခဲ့ရပါတယ်။ အခု ဒီဇင်ဘာလမှာ ကျင်းပပြုလုပ်မယ့် စာပေညီလာခံ ၂ဝ၁၇ ကလည်း လူငယ်တွေအတွက် စာပေဖတ်ရှုခြင်းနဲ့ ပတ်သက်လို့ ကောင်းကျိုးတွေပေးနိုင်မှာပါ။


LEAVE A REPLY

Please enter your comment!
Please enter your name here