ရဲတိုက်နဲ့ ရုပ်ရှင်ဇာတ်ကား ၃ ကား ရိုက်ကူးသွားမယ် ဒါရိုက်တာ ရီဇော်

0
364

ဆာတိုရီ ထုတ်လုပ်ရေးအနေနဲ့ ရဲတိုက်ကို အနုပညာ လှုပ်ရှားမှုတွေ လွတ်လပ်စွာ လှုပ်ရှားစေ မှာဖြစ်ပြီး ကန့်သတ်မှုတွေ လုပ်သွားမှာ မဟုတ်ကြောင်း ပြောပါတယ်။ ဆာတိုရီ ထုတ်လုပ်ရေးအနေနဲ့ ရဲတိုက်ကို အနုပညာ လှုပ်ရှားမှုတွေ လွတ်လပ်စွာ လှုပ်ရှားစေ မှာဖြစ်ပြီး ကန့်သတ်မှုတွေ လုပ်သွားမှာ မဟုတ်ကြောင်း ပြောပါတယ်။  “ပြင်ပတိုက်တွေနဲ့ ဇာတ်ကားတွေ ရိုက်တဲ့အခါမှာ ကွာလတီ ကောင်းဖို့အတွက် ဇာတ်လမ်း ရွေးချယ်ပေးတာမျိုး၊ ရွေးချယ်ပြီးမှ ခွင့်ပြုသွားတာ မျိုးလောက်တော့ ရှိမှာပါ” လို့ ဒါရိုက်တာရီဇော်က ပြောပါတယ်။

ဆာတိုရီထုတ်လုပ်ရေးကတော့ ၃ကား ဆက်တိုက်ရိုက်သွားမှာ ဖြစ်ပြီး ဘယ်လိုဇာတ်လမ်း အမျိုးအစားကို အရင်ဆုံး ရိုက်ကူးမယ် ဆိုတာကိုတော့ မစဉ်း စားရသေးဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ပြည်သူ လူထုအတွက်ဖျော်ဖြေရေး ဘက်ကိုသွားမယ့် ဇာတ်လမ်းမျိုးတွေပဲ ရိုက်ကူးသွားမှာဖြစ်ကြောင်းကို ဒါရိုက်တာရီဇော်က “အမျိုးအစား တွေတော့ မပြောနိုင်သေးပါဘူး။ တချို့ဟာတွေက ဘယ်ဟာကို အရင်ရိုက်ရမလဲ ဆိုတာ ချီတုံ ချတုံဖြစ်နေပါတယ်။ နိုင်ငံရေး ဇာတ် လမ်းတော့ မဟုတ်ပါဘူး။ အဲဒီလိုလည်း ပုံသေကားချပ် သတ်မှတ် မထားပါဘူး။ လူထုအစိုးရ တက်လာပြီဆိုတဲ့အတိုင်း ဖျော်ဖြေရေး ဘက်ကို သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ကျွန်တော်တို့ ရိုက် မယ့် ဇာတ်ကားတွေကလည်း ပင်ပန်းနွမ်းနယ်နေတဲ့ ပြည်သူလူထု ကို ဖျော်ဖြေရာရောက်တဲ့ ဇာတ်လမ်းတွေပဲ ရိုက်ကူးသွားမှာပါ” လို့ ပြောပါတယ်။

ရဲတိုက်ကို နောက်ထပ်အမှားမျိုး ကြုံတွေ့မှာမဟုတ်တော့ဘဲ ကောင်းမွန်စွာဖြတ်သန်းသွားနိုင်မယ်လို့ ယုံ ကြည်ကြောင်းကိုလည်း ဒါရိုက်တာရီဇော်က… “သူလည်း အသက်အရွယ်ရပါပြီ။ mature လည်း ဖြစ်ပါပြီ။ သူကလည်း သူကျူးလွန်ခဲ့တဲ့ ပြစ်မှုကလည်း ပမွှားပါ။ ကံ အကြောင်း မလှလို့ ဖြစ်ရတယ်လို့ပဲ ယူဆပါတယ်။ ကောင်း ကောင်းမွန်မွန်နဲ့ သူ့အသက် အရွယ်နဲ့ သူ့ရင့်ကျက်မှုနဲ့ သူ့အနု ပညာနဲ့ ကောင်းကောင်းမွန်မွန် ဖြတ်သန်းသွားလိမ့်မယ်လို့ ယုံ ကြည်ပါတယ်။ သူ့ပရိသတ်တွေက သူ့ကို ကြိုက်ခဲ့တဲ့ဇာတ်လမ်း တွေနဲ့ ပြန်ပြီးတွေ့ဖို့ မကြာတော့ပါဘူး” လို့ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here