အမှောင်ထဲက နေ့ရက်များ

0
141

ဒီစာကို ပြီးအောင်ဖတ်ပေးပါ။ ဘယ်လိုပဲဖြစ်ဖြစ် ပြီးဆုံးတဲ့ အထိဖတ်ပေးပါ။ ဒါဟာ ရှေးသူရဲ ကောင်းတို့ စီရင်ထားတဲ့ အက္ခရာ တွေဖြစ်တယ်။ ဒီစာကို ပြီးဆုံးအောင် ဖတ်ရှုခြင်းဖြင့် မင်းင့ါကိုစောင့်ရှောက် နိုင်ပါလိမ့်မယ်။ ကဲငါသွားမယ်။ ညသည် နက်ကြုတ်လျက်။ ပိန်းပိတ်သော မြေအပြင်မှာ သူတစ်ယောက်တည်း၊ စာမျက်နှာစ၍ လှန်လိုက်သည်။ သူ့ လက်တစ်ဖက်က ဖယောင်းတိုင်၊ သူ့ လက်တစ်ဖက်က စာအုပ်။ အက္ခရာတွေကို သူစ၍ဖတ်သည်။ ဖယောင်းတိုင်မီး အလင်းရောင်က အက္ခရာတွေ ပေါ်ဖြာကျနေသည်။ သူဖြည်းဖြည်း ချင်း၊ တစ်လုံးချင်းဖတ်သည်။ အဲဒီ အချိန်ငှက်ဆိုးတစ်ကောင် ဂီတာနဲ့အော်ပြီး ဖြတ်ပျံသွားသည်။ ဖယောင်းတိုင်မီး ငြိမ်းသွားပေပြီ။ အက္ခရာ စာလုံးတွေပေါ်မှာ နက်ကြုတ်သောအမှောင်၊ သူအပေါ်ပေဆွဲကြည့်လိုက်သည်။ လကိုတိမ်မည်းညိုတို့ ဖုံးအုပ်သွားပေပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအက္ခရာတွေကို သူပြီးအောင်ဖတ်ရမည်။ သူစာမျက်နှာကို စေ့စေ့ကြည့်သည်။ အဲဒီအချိန် မှိတ်တုတ်မှိတ်တုတ် အလင်းရောင်နဲ့ ပိုးစုန်းကြူး ၁၃ ကောင် ပျံဝဲရောက်ရှိလာကာ သူ့စာရွက်ပေါ်မှာ လှည့်ပတ်ဝဲပျံနေကြသည်။ ယခုနက်ကြုတ်သော အမှောင်ထုထဲမှာ အက္ခရာစာလုံးများကို သူမြင်ရပြန်ပြီ။ သူဆက်ဖတ်သည်။ အက္ခရာများသည် လင်းလက်နေသည်။ သူရွတ်ဖတ်နေသောအသံသည် နက်ကြုတ်သော ညဥ့်ယံထဲမှာ။

နေမျိုး


LEAVE A REPLY

Please enter your comment!
Please enter your name here