ပရိသတ်စိတ်မပူအောင် နေထိုင်သွားပါ့မယ် ရဲတိုက်

0
270

 မူးယစ်ဆေးဝါးမှု၊ သာသနာ ညှိုးနွမ်းစေမှုတို့နဲ့ ၂ဝ၁၃ ခုနှစ်က ထောင်ကျသွားခဲ့တဲ့ သရုပ်ဆောင် ရဲ တိုက်ဟာ နိုဝင်ဘာ ၁၇ရက်နေ့ မနက်ပိုင်းမှာ တောင်ငူအကျဉ်းထောင်က ပြန်လွတ်လာခဲ့ပါတယ်။ ၄ နှစ်ကျော် အကြာမှာ ပြန်လွတ်လာခဲ့ပေမယ့် သူ့ရဲ့ပရိသတ်တွေရဲ့ အားပေးမှုကတော့ မလျော့သွား ခဲ့ပါဘူး။ ရဲတိုက် လွတ်လာတဲ့အတွက် ပရိသတ်တွေ အားလုံးက ဝမ်းသာပီတိ ဖြစ်ခဲ့သလို သူ့ရဲ့  We Love Ye Deight  အဖွဲ့သားတွေကလည်း သူ့ကို နွေးထွေးစွာ ကြိုဆိုခဲ့ပါတယ်။ “ကျွန်တော်တစ်ခါမှ ဒီလောက်မပျော်ခဲ့ဘူး။ တကယ်တော့ ကျွန်တော်နဲ့ သက်ဆိုင်တဲ့ တကယ့် ပျော်ရွှင်မှု ကျွန်တော့်ကြောင့် ကျွန်တော်ခံစားရတဲ့ပျော်ရွှင်မှုက ဒီ ၁၇.၁၁.၁၇ မှာ ပထမဦးဆုံးပဲ” လို့ ရဲတိုက်က ဆိုပါတယ်။

ပရိသတ်တွေရဲ့ အားပေးမှု ဒီလောက်ရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး လို့ဆိုတဲ့ ရဲတိုက်က… “လေးနှစ်ကျော် နီးပါးပျောက်နေတဲ့ အနုပညာရှင် တစ်ယောက်ကို ဘယ်ပရိသတ်မဆို မေ့ပိုင်ခွင့် ရှိသွားပြီ။ ပရိသတ်ရှေ့မှာ အမြဲတမ်း ရှင်သန် လှုပ်ရှားပေးနေရမယ့် တာဝန်က ကျွန်တော်တို့ တာဝန်၊ အဲဒီတာဝန်ကို ကျွန်တော့်အပြစ်ကြောင့် ပျက်ကွက် သွားတယ်။ ပရိသတ် မျက်စိ ရှေ့ကနေပျောက် သွားတယ်။ သို့သော်လည်းပဲ ပရိသတ်က ဒီကာလတစ်ခု ထိ ပရိသတ်ရော၊ မီဒီယာရောပါပဲ။ ကျွန် တော့်ကို မမေ့ကြဘူး။ ဒီလောက်ကြီးကိုလည်း မမျှော်လင့်ထားဘူး။ ကျွန်တော့်ကို ထောင်ဝန်စာ လာ တွေ့တာလည်း တအားနည်းတယ်။ မျှော်လင့်ထားတဲ့ သူငယ်ချင်းတွေလည်း ရောက်မလာဘူး။ အကြီး မားဆုံး မျှော်လင့်ချက်ဖြစ်တဲ့ လက်ရှိ ကိုယ့်ပေါ်မှာ စိတ်ဝင်စားမှုရှိတဲ့ ပရိသတ်ရယ် မီဒီယာရယ် မေး ခွန်းတွေရယ် ပိုပြီးမမျှော်လင့်ထားဘူး”လို့ ပြောပါတယ်။

သူ့ရဲ့ထောင်ထဲက အတွေ့အကြုံ တွေကိုတော့ တစ်ယောက်ထဲကိုပဲ ပြောပြသွားမယ်ဆိုတဲ့ ရဲတိုက် က …”ထောင်ထဲက အတွေ့အကြုံတွေက တစ်ယောက်ကို ပြောဖို့ချန်ထားတာဗျ။ ကျွန်တော့် ပရိသတ်အတွက် သိလည်း ဘာမှမထူးဘူး။ ကျွန်တော့် ပရိသတ်ကို စိတ်မကောင်း မဖြစ်စေချင်ဘူး။ ဝမ်းမနည်းစေချင်ဘူး။ ကျွန်တော့်ကိုယ်စား နာကျင်ကြေကွဲ မနေစေချင်ဘူး။ ကျွန်တော့် ပရိသတ်ကို ကျွန်တော် အပျော်ပဲ ပေးစေချင်တယ်။ ထောင်ထဲက ကိစ္စတွေက မိန်းမရမှ မိန်းမကို ပြောပြမယ်လေ”လို့ ပြောပါတယ်။

ပရိသတ်တွေက ထပ်မှားမှာ စိုးရိမ်နေကြတဲ့အပေါ် ရဲတိုက်က …”ပရိသတ်တွေ မစိုးရိမ်ရ အောင် နေပေးပါမယ်။ ကျွန်တော့်အတွက် မခက်ပါဘူး။ မမှားတော့ပါဘူးလို့ မပြောပါဘူး။ မှားဦး မှာပဲလို့ ပြောတာပါ။ လူပဲမှားမှာပေါ့။ သိလို့ပဲ ဖြစ်ဖြစ်၊ မသိလို့ပဲ ဖြစ်ဖြစ်ပေါ့။ ကျွန်တော်ကတော့ တစ်ခုဆုံးရှုံးရင် တစ်ခုယူလိုက်တာပါပဲ။ ထောင်ထဲက ကျွန်တော်ယူစရာတွေလည်း အများကြီးပါ” လို့ ပြောပါတယ်။ ရဲတိုက်က ဆာတိုရီ ထုတ်လုပ်ရေးနဲ့ ရုပ်ရှင်ဇာတ်ကား အရင်ဆုံး ရိုက်ကူးသွားမှာ ဖြစ်ပြီး ဇန်နဝါရီလထဲမှာ ရိုက်ကူးသွားမှာဖြစ်ကြောင်းပြောပါတယ်။ “ကျွန်တော်ထောင်က ထွက်လာပြီးမှ ပထမ ဆုံးရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ အတွက် ကျွန်တော် ဂျီးများချင်တယ်။ ကိုယ့်ကုမ္ပဏီ ဖြစ်ပေ မယ့် ဂျီးများချင်တယ်။ သူတို့ရဲ့ အသက်အရွယ် အပိုင်းအခြား Generation နဲ့ ကျွန်တော့် အသက် အရွယ်အပိုင်းအခြာွးနညနမအေငသည နဲ့ ပရိသတ်အသက်အရွယ်အပိုင်းအခြား Generation ကြားမှာ ကွာဟမှုလေးတွေရှိတယ်။ ကျွန်တော်ထောင်ကျနေတဲ့ အချိန်မှာ ကြီးပျင်းလာကြတဲ့ ညီငယ် ညီမငယ် တွေ ကျွန်တော့် ဇာတ်ကားကို ကြည့်ရင်ကြိုက်ပါ့မလား ဆိုပြီး စိုးရိမ်စိတ်လေးတွေ ရှိတော့ အဲဒီအတွက် ရည်ရွယ်ပြီး စဉ်းစားပါမယ်”လို့ ပြောပါတယ်။ ရဲတိုက် ဖောင်ဒေးရှင်း အနေနဲ့လည်း ဆက်လက်လှုပ်ရှား သွားမှာဖြစ်ပြီး စပွန်ဆာမရှိတဲ့ အတွက် အရင်လိုပဲ တစ်အိမ်တက်ဆင်း အလှူခံပြီး လမ်းပေါ် က ကလေး ငယ်တွေကို ကယ်ဆယ်သွားဖို့ အစီအစဉ် ရှိကြောင်းပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here